
Friday, December 25, 2009
တစ်ခုတည်းသောစစ်တက္ကသိုလ်

ဤစာအုပ်သည် စာရေးသူ၏ သုတရသမှတ်တမ်းဝတ္ထုရှည်တစ်ပုဒ်သာမက၊ တစ်ခုတည်းရှိသော မြန်မာ့စစ်တက္ကသိုလ်၏ သမိုင်းမှတ်တမ်းလည်းဖြစ်သည်။ ဤစာအုပ်တွင် စစ်တက္ကသိုလ်တစ်ခု၏ သန္ဓေတည်ဦးကာလများ၊ စစ်တက္ကသိုလ်ထုဆစ်ခြင်း၊ စစ်တက္ကသိုလ်စတင်အကောင်အထည်ဖော်ရေးအဖွဲ့၊ လွတ်လပ်ရေးပြီးစအချိန် တပ်မတော်အခင်းအကျင်း၊ နေရာအတည်ရွေးချယ်မှု ချယ်ရီရိပ်မှ မြေနီတောင်သို့၊ ပထမဆုံးကျောင်းအုပ်ကြီး၊ လက်ထောက်စာပေညွှန်ကြားရေးမှုး၊ စစ်တက္ကသိုလ်ဗိုလ်လောင်း၏ဘ၀ ခက်ခဲသည့် ဒုလ္လဘ၊ နိုင်ငံ့ခေါ်သံ(သို့) ဗိုလ်လောင်းများစတင်ခေါ်ယူခြင်း၊ မ၀ံ့မစားခြေလှမ်းများနှင့် အင်တာဗျူး၊ ၀င်လာခဲ့စ နေ့များ၊ စစ်ပညာသင်တန်းများ စတင်ခြင်း၊ ကျောင်းတည်မြဲအမိန့်၊ အော်နာရှိမှ ဗိုလ်လောင်းပီ၊ ပြင်ဦးလွင်ချစ်ကြသည့် ကျောင်းအုပ်ကြီးများ၊ ကိုယ့်ငွေနှင့်ကိုယ် ကျောင်းလာတတ်သူများ၊ ကျားမစားသည့်နွား၊ ဗိုလ်လောင်းနှင့်စာမေးပွဲ၊ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁)မှ (၅၀)အထိ ထူးချွန်ဆုရ ဗိုလ်လောင်းများ အစရှိသည့် စစ်တက္ကသိုလ်၏သမိုင်းကြောင်းကို စာရေးသူက မိမိတွေ့ကြုံခဲ့သော ဖြစ်ရပ်မှန်များကို အခြေပြု၍ စာဖတ်သူ မငြီးငွေ့ဖွယ်ဖြစ်အောင် ရေးသားထားသည်။ ဗထူးတပ်မြို့ရှိ စစ်တက္ကသိုလ်၏ သင်ကြားရေး၊ လေ့ကျင့်ရေးနှင့် အုပ်ချုပ်ရေး သမိုင်းကြောင်းကိုလည်း ကြားညှပ်တင်ပြထားသည့်အတွက် ၀တ္ထုတစ်ပုဒ်အနေနှင့်သာမက တပ်မတော်သမိုင်း စိတ်ဝင်စားသူများပါ လေ့လာဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။
Saturday, December 19, 2009
စစ်တက္ကသိုလ်၏ အဓိဌာန်
ပြည်သူ့အိုးအိမ် ပြည့်စည်းစိမ်တွက်
တို့လက်မြဲမြဲ ခိုင်ခိုင်တွဲစို့
(စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ)
၁၉၇၅-၁၉၇၈ စစ်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ
နောင်တစ်ခေတ်၏အောင်စစ်သည်များမွေးဖွားရာမြေ
Friday, December 4, 2009
ဗိုလ်ဆိုတာ ဘာလဲ
ဗိုလ် ဆိုတာ ပါဠိစကား ဗလ ကနေ ဆင်းသက်လာတယ်လို့ မှတ်သားဖူးပါတယ်။ ဒါနဲ့ပဲ မြတ်ဗုဒ္ဓပါဝစနအဘိဓာန်မှာ ကြည့်လိုက်တော့
ဗလ = အင်အား၊ ခွန်အား၊ ဗိုလ် လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဗလ ငါးပါးရှိတယ်လို့ ဆိုထားပါသေးတယ်။ အဲဒါတွေကတော့-
- သဒ္ဓါဗလ = သဒ္ဓါဗိုလ်
- ဝီရိယဗလ = ဝီရိယဗိုလ်
- သတိဗလ = သတိဗိုလ်
- သမာဓိဗလ = သမာဓိဗိုလ်
- ပညာဗလ = ပညာဗိုလ်
နောက်တစ်ခု မှတ်သားထားမိတာက ဗိုလ်ဆိုတာ ဆန့်ကျင်ဘက်တရားများကို အောင်မြင်ခြင်းပါတဲ့။ ဘာနဲ့ အောင်မြင်သလဲဆိုရင် အထက်ပါ ဗလငါးပါးနဲ့ ဆန့်ကျင်ဘက်များကို အောင်မြင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
နောက် ဖွင့်ဆိုချက်တစ်ခုကတော့-
ဗိုလ်ဆိုတာ ဗလငါးတန်နဲ့ ပြည့်စုံသူ ပါတဲ့။ ဘယ်လို ဗလတွေလဲဆိုတော့
- ကာယဗလ = ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်ခြင်း
- ဥာဏဗလ = အသိပညာ ဆင်ခြင်တုံတရား ပြည့်ဝခြင်း
- မိတ္တဗလ = မိတ်ဆွေ အပေါင်းအသင်း ပေါများခြင်း
- စာရိတ္တဗလ = အကျင့်သီလ ဖြောင့်မတ်ခြင်း
- ဘောဂဗလ = ပစ္စည်း ဥစ္စာ ပြည့်စုံကြွယ်ဝခြင်း ဆိုတဲ့ ဗလငါးတန်နဲ့ ပြည့်စုံတာကို ပြောခြင်းဖြစ်ပါတယ်။
Saturday, October 24, 2009
၂၀၀၉ နှစ်လည်မဂ္ဂဇင်း ကဗျာ အညွှန်း
- လွမ်းချင်းကျောင်းရိပ်ညို ( ဇော်မင်းမင်းဦး )
- သင်းထုံမွှေးမြ ထာဝရ ( မောင်သန့်ဇင် )
- နှင်းဆမ်းတဲ့အတွေး ( မောင်စိမ်းနောင်(လယ်ဝေး)
- သားကောင်းတို့၏ အမိမြေ ( မောင်အောင်သန်းမြင့်(၂၈၇၄/AS)
- ဂုဏ်ပြုညွှန်းဆို အမိပျို ( လင်းအောင်(ဇီးကုန်း)
- အောင်စစ်သည်ဆိုတဲ့လမ်းသို့ ( ဥဩ(ချယ်ရီမြေ)
- ချယ်ရီမေမေသို့ (လွမ်းစစ်နိုင်(ပုလော)
- ပြည်သူ့ပန်း (မျိုးဝင်းလှိုင်)
- ဗိုလ်လောင်းဘဝ တက်ရောက်ကြသောခါ (ဟိန်းလင်းထွန်း)
- နောက်မဆုတ်တမ်း ရှေ့ဆက်လှမ်းမည် (နေထွဋ်အောင်)
- အောင်ပန်းတွေနဲ့ လက်ကမ်းကြို (ရိုးမ)
- တာဝန်နှင့်အလွမ်း (ရိုးမ)
- The Oath of Our Alma Mater (Daw Nwe Nwe Win)
လွမ်းချင်းကျောင်းရိပ်ညို
တောင်ပြာတောတန်း ၊ စိမ်းစိမ်းရိပ်ညို
ပန်းနှင့်စမ်းနှင့် ၊ ကမ်းလင့်နားခို
မြူးဝင့်ကြွား တို့များစစ်တက္ကသိုလ်။
သင်ကြားလေ့ကျင့် ၊ ချွေးပွင့်တူဖြိုင်
ဆင်းရဲပင်ပန်း ၊ ဖြတ်သန်းရင်ဆိုင်
အောင်မြင်လက်လှမ်း ၊ပြုံးပန်းပိုင်ပိုင်
ထိုတစ်နေ့ မမေ့သက်ဆုံးတိုင်။
လှိုက်ဖိုဝမ်းနည်း ၊ ဝေ့ဝဲမျက်ရည်
ခရီးရှေ့ဆက် ၊ နှုတ်ဆက်ကိုယ်စီ
စစ်မြေရှေ့တန်း ၊ တက်လှမ်းလို့ချီ
အစဉ်လွမ်း ချစ်ကျွမ်းတို့နောင်ညီ။
ဗုံးမိုးကျည်မိုး ၊ ယမ်းခိုးလူလူ
ရဲဝံ့နီစွေး ၊ သွေးအသက်လှူ
အောင်သံခြိမ့်ခြမ့် ၊ သိမ့်သိမ့်ညံဆူ
အမေ့သား ဝံ့ကြွား တံခွန်ထူ။
လှိုင်းကြားလေကြား ၊ စွန့်စားရန်ဖွေ
ဝေယံထက်မိုး ၊ အုပ်စိုးပိုင်စေ
မျိုးချစ်စိတ်ပွား ၊ ခွန်အားသစ်ဝေ
ခိုင်ခိုင်မြဲ လက်တွဲ ကြည်း ရေ လေ။
ချယ်ရီပွင့်တိုင်း ၊ ရင်လှိုင်းနွေးဖို
ငယ်စဉ်ဓလေ့ ၊ အောက်မေ့နုပျို
အမေ့ကျေးဇူး ၊ ဂုဏ်ထူးမြင်းမိုရ်
ရင်မြေ့ချမ်း ဆွတ်တမ်းကျောင်းရိပ်ညို။
ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး (ငြိမ်း)၊ အပတ်စဉ် ၂၆၊ တပ်မတော် (ရေ)
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
သင်းထုံမွှေးမြ ထာဝရ
ရွှန်းမြလန်းဆန်း ရောင်စဉ်ဖြန်း၍
ပွင့်ပန်းစုံစီ ပန်းတေးသီသို့
လေပြည်သယ်ရာ ရနံ့ဖြာလျက်
သာသည့်စခန်း တောင်ပြာတန်းနှင့်
ပန်းမြို့အသွင် ပြင်ဦးလွင်။
ရာသီတိုင်းပင် အလှမြင်။
ပန်းမြို့အသွင် ပြင်ဦးလွင်ဝယ်
ပြည်ခွင်အားသစ် ပြည်ကိုချစ်သည့်
နောင်တစ်ခေတ်၏ အောင်စစ်သည်တို့
ဖြစ်တည်ဘဝ ပေါ်ထွန်းရအောင်
သစ္စာ့ သိပ္ပ သူရအရာ
ညီညာလေ့ကျင့် အရှိန်မြှင့်သော်
ပျံ့လွင့်ဂုဏ်နံ့ ကမ္ဘာနှံ့မျှ
ခန့်ညားညွှန်းဆို ကျောင်းမြင်းမိုရ်။
ပြည့်သားကွန်းခို စစ်တက္ကသိုလ်။
ရာသီတိုင်းပင်
ရောင်စဉ်လျှမ်းပ ပန်းစုံခ၍
ပွင့်ကြမွှေးကြ လှမြဲလှသို့
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုက
ကွန်းခိုနောင်ညီ အောင်စစ်သည်တို့
ဖြစ်တည်ထူးခြား စွမ်းရည်များကြောင့်
ထင်ရှားကြပေ " ကြည်း ရေ လေ " ဝယ်
ဝေရဲ ကြွေရဲ စွန့်စားရဲ၍
အောင်ပွဲကိုရ ဂုဏ်တင့်စွဟု
မြန်မာ့မော်ကွန်း သက်သေထွန်းသည်
ရည်ညွှန်းဖော်ပြ ဖွဲ့ဆိုရ။
ပြည်ချစ်ပန်းက လန်းပေစွ။
သင်းထုံမွှေးမြ ထာဝရ။
မောင်သန့်ဇင်
ဗိုလ်မှူးသန့်ဇင်အောင်၊ အပတ်စဉ် ၃၉၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
နှင်းဆမ်းတဲ့အတွေး
ပန်းအလှ ရောင်စုံ . . . ။
စစ်သွေး တလျှံလျှံ
ဟစ်ကြွေး တညံညံနဲ့
မိုးနဘံ အမှန်ရောက်အောင်
ထိုးဖောက်မယ့်ပုံ . . . ။
အဆင့်ဆင့် မျိုးဆက်
အဆင့်မြင့် တိုးတက်ဖို့
ကမ်းလက် . . .
လှမ်းတက် . . .
အစွမ်းထက်တဲ့ ရင်းမြစ်များ
မွေးဖွားတဲ့ ရိပ်မြုံ
ခိုလှုံခဲ့ နောင်ညီများ . . . ။
နောင်တစ်ခေတ် ဆီ
အောင်စစ်သည် မျိုးဆက်ပန်းတို့
စွင့်လန်းစွာ အားကုန်ကြိုးလျက်မို့
မညှိုးမမှိန်
တန်ခိုးအရှိန်သစ်မည့် ပြည်အရေးကို
( ကွယ် . . . ) တွေး ပီတိပွား . . . ။ ။
မောင်စိမ်းနောင်(လယ်ဝေး)
ဒုတိယဗိုလ်မှူးကြီး မျိုးထွန်း၊ အပတ်စဉ် ၂၆၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
သားကောင်းတို့၏ အမိမြေ
သရေရွှန်းတင့် အောင်လံဝင့်လျက်
ဂုဏ်မြင့်ဝေဖြာ ကျောင်းမဟာကား
သညာညွှန်းဆို စစ်တက္ကသိုလ်။
သားကောင်းကွန်းခို ကျောင်းမြင်းမိုရ်။
ှဗိုလ်လူမြတ်လေး ပြည့်ရင်သွေးတို့
စစ်ရေးလေ့လာ ပျားပမာနှယ်
စာပေသင်ကြား ခြအလားဟု
ထင်ရှားပုံပြု ကြိုးစားမှုလျှင်
ပေါင်းစုပြည့်လျှံ ပညာငံ၍
အောင်လံထူလှစ် ရည်ချင်းစစ်သော်
"နောင်တစ်ခေတ်၏ အောင်စစ်သည်" ဟု
ဂုဏ်ရည်ကြွားဝင့် မျိုးဂုဏ်တင့်။
ဇာနည်ရဲရင့် အောင်ပွဲဆင့်။
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်ကား
နုပျိုထင်ရှား ဇာနည်ဘွားတို့
တိုင်းသားပြည်သူ ဖေးမကူ၍
ဓူဝံပမာ လမ်းပြရာတွင်
စဉ်လာဆယ့်နှစ် မော်ကွန်းသစ်အောင်
သစ္စာလေးလီ ဦးထိပ်တည်၍
စွမ်းရည်ခိုင်မြဲ ရဲသုံးရဲနှင့်
မြဲသုံးမြဲတွင် မြင်လေးမြင်နှင့်
နှိုင်းယှဉ်ပုံထောက် ခေါင်းဆောင်မြောက်ဟု
ဆယ့်ခြောက်အင်္ဂါ စံနည်းနာဖြင့်
သစ္စာ သိပ္ပ သူရ စုံအောင်
'' နောင်တစ်ခေတ်၏ အောင်စစ်သည်" ဟု
ဖြစ်တည်ထွန်းပေါက် ခရီးရောက်အောင်
တောက်ပရောင်မောင်း ပုံသွန်းလောင်းသည့်
သားကောင်းတို့၏ အမိမြေ။
" ကြည်း ရေ လေ " တွက် အားသစ်ဝေ။
ဒုတိယဗိုလ်မှူးကြီး အောင်သန်း၊ အပတ်စဉ် ၂၇၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
ဂုဏ်ပြုညွှန်းဆို အမိပျို
ကမ်းလင့်လက်ကြို အမိပျို။
လွတ်လပ်ကြွယ်ဝ နိုင်ငံလှ၌
ကင်းပရန်ဝေး ပြည့်အရေးတွက်
သက်ပေးရွက်ဆောင်
သားမောင်စစ်သည် လက်ရုံးရည်နှင့်
တည်ကြည်နှလုံး ပြည့်ပန်းကုံးတို့
မဆုံးဤမြေ ပန်းနှယ်ဝေအောင်
တည်ထောင်ဖွင့်လှစ်
အမျိုးချစ်သည့် အမိပျို။
အမိပျိုမှ ကွန်းခိုသန့်စင်
သည်းရင်ပြည်ချစ် နောင်တစ်ခေတ်၏
အောင်စစ်သည်မောင် ညီနောင်များစွာ
ထက်အာကာနှင့် ရေလွှာမြေထက်
တွဲယှက်ကာကွယ် ရနံ့ကြွယ်၍
ပန်းနှယ်လန်းစွင့် အပြုံးဝင့်၍
ဂုဏ်တင့်လှသော အမိပျို။
သက်တမ်းတွက်စစ် နှစ်ငါးဆယ့်လေး
မအိုသေးသည့် ပျိုးလေးသို့နှယ်
ပြုံးဝင့်ထည်၍ ရင်ဝယ်ပျိုးထောင်
သားမောင်များစွာ မွေးကာစဉ်ဆက်
တိုးတက်နေခြင်း ပန်းပျိုးခင်း၌
တေးညှင်းဆိုရင်း ထွန်းလင်းလှပို
အမိပျိုသို့
ဖွဲ့ဆိုဂုဏ်ပြုညွှန်းပါသည်။
ုဒုတိယဗိုလ်မှူးကြီး လင်းအောင်၊ အပတ်စဉ် ၂၇၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
အောင်စစ်သည်ဆိုတဲ့လမ်းသို့
ကြိုးစားစမ်း ယောက်ဖ
နောက်ကောက်ချပစ်။
ပြေးထားကွ . . . ပြေးထား
သွေးသားတွေ ဘယ်မခန်း
ပန်းဝင်လေမှ။
လွှဲထားကွ . . . လွှဲထား
အတွဲများ မညီက
စစ်ရေးပြ ညံ့မည်။
ပစ်ထားကွ . . . ပစ်ထား
စစ်သားမို့ ဘာမထီ
ထိရမည် ဗဟို။
ရှင်းထားကွ . . . ရှင်းထား
လင်းသွားပြီး တောက်ပြောင်မှ
အဆောင်စစ်ကောင်းမည်။
ကျက်ထားကွ . . . ကျက်ထား
အမှတ်များ ပျံနေမှ
စာပေဆုရမည်။
ထိန်းထားကွ . . . ထိန်းထား
ယိမ်းမသွား စိတ်ဓာတ်ခိုင်မှ
လေ့ကျင့်ဆုရမည်။
ကြိုးစားကွ . . . ကြိုးစား
ရိုးသားပြီး စိတ်ဓာတ်တည်ကြည်မှ
အောင်စစ်သည်ဆုရမည်။
ဩော်
တစ်နှစ်တစ်ခါ ယှဉ်ပြိုင်နွှဲ
တစ်နှစ်ပတ်လုံး ယှဉ်ပြိုင်နွှဲ
အောင်စစ်သည် ပြိုင်ပွဲပေမို့
မယိုင်မလဲ သက်လုံမချို့
ဘက်စုံတို့တော်ပါမှ
ပျော်စရာ နောင်တစ်နှစ်ဆီ အမှန်ပ
အောင်စစ်သည်အလံရကာ
မာန်တကြွကြွ သူများရှေ့ နေရမည်မို့
ကဲ
ညီတော် နောင်တော်တို့တစ်တွေ
မချို့ပေ ဂုဏ်ရောင်သစ်စွာဖြင့်
နောင်တစ်ခေတ်မှာ ပြည်သာယာဖို့
ညီညာစွာ တူပြိုင်ကာလှမ်းစို့
အောင်စစ်သည်ဆိုတဲ့လမ်းသို့။ ။
ဗိုလ်ကြီး အောင်မျိုးနိုင်၊ အပတ်စဉ် ၄၃
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
ချယ်ရီမေမေသို့
ဗိုလ်လောင်းသက်နောင်၊ အောင်ဇေယျ/၁၊ အပတ်စဉ် ၅၂
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
ပြည်သူ့ပန်း
အသည်းကျွမ်းသော
အလွမ်းငှက်ညို
ဥဩပျိုလည်း မဖြစ်ချင် . . . ။
မိုးမှာရွှင်ပျော်
ပန်သူမျှော်သည့်
ဘော်ငွေရောင်သန်း
စံပယ်ပန်းလည်း မဖြစ်ချင် . . . ။
ဆောင်းမှာ လန်းဆန်း
ဂုဏ်ရောင်လျှမ်းသည့်
နန်းမြင့်တော်ဝင်
ပန်းသဇင်လည်း မဖြစ်ချင် . . . ။
ရာသီပြောင်းလည်း
မပြောင်းမလဲ ဇွဲသတ္တိထပ်
မြတ်သစ္စာလွှမ်း ပြည်သူ့ပန်းဟု
'ရှေ့တန်းနောက်တန်း အမြဲစွမ်းသော'
'ရဲစွမ်းညီညီ ဘာမထီသော'
စစ်သည်သားကောင်းဖြစ်ချင်သည် . . . ။
ဗိုလ်ကြီး မျိုးဝင်းလှိုင်၊ အပတ်စဉ် ၄၇
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
ဗိုလ်လောင်းဘဝ ရောက်ကြသောခါ
ဗိုလ်လောင်းဟိန်းလင်းထွန်း၊ အနော်ရထာ/၁၁၊ အပတ်စဉ် ၅၂
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
နောက်မဆုတ်တမ်း ရှေ့ဆက်လှမ်းမည်
ငါလျှင်လာခြင်း မဟုတ်ပါ။
အသည်းကွဲကာ သူပစ်ခွာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
အများသူငါ နာကြည်းတာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
ရုပ်ရှင်ကြော်ငြာ အားကျတာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
မိဘတွေမှာ ထည့်လိုက်တာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
ငါ့ဝါသနာ ငါစိတ်ပါပြီး
ငါ၏ဆန္ဒ ပြင်းထန်လှ၍
ငါ့ရည်မှန်းချက် နိုင်ငံတွက်ကို
သက်စွန့်ထမ်းရွက် ထိုအတွက်ကြောင့်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုကို
ခိုလှုံရန်သာ ငါရောက်လာ၏။
ပြီးလျှင်မိဘ ကြီးမားလှသော
မြတ်စွ ကျေးဇူး ဂုဏ်အထူးကို
ဆပ်ဖူးချင်သော ဆန္ဒဇောကြောင့်
ဘယ်သောခါမှ စိတ်ဓာတ်ကျသည်
ငါ့မှာမရှိ ဇွဲအတိနှင့်
ဆုံးထိပန်းတိုင် တက်လှမ်းနိုင်အောင်
ခိုင်မာမှတ်ကျောက် ငါဆက်လျှောက်မည်
နောက်သို့ မဆုတ်လေပြီတည်း။ ။
ဗိုလ်လောင်း နေထွဋ်အောင်၊ အနော်ရထာ/၁၂၊ အပတ်စဉ် ၅၃
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
အောင်ပန်းတွေနဲ့ လက်ကမ်းကြို
ရိုးမ
ဗိုလ်ကြီး ရည်မွန်၊ အပတ်စဉ် ၄၇
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
တာဝန်နှင့် အလွမ်း
အဝေးနယ်ကြော မြိုင်ယံတော၌
မောပန်းလှုပ်ရှား မြဲစွန့်စားလည်း
ခံစားအခွင့် ကြုံရန်သင့်က
သခင့်ထံပါး ခိုဝင်နားလို
ခစားရစေ တောင်းဆုချွှေ။
နေ့ရယ်ညရယ် တာဝန်လွယ်ကာ
နေကွယ်လပျောက် ကြယ်ရောင်အောက်၌
မိုးပေါက်ထစ်ချုန်း လမ်းပျောက်ဆုံးလည်း
နှလုံးသားရေး ဘယ်မတွေးနိုင်
တွေးဆ၍သာ လွမ်းရပါသည်
ကြင်နာသခင် မြင်စေချင်။
ပြည့်တာဝန်ကျေ ရှေ့တန်းမြေမှ
အောင်ခြေလှမ်းလင့် အောင်ပွဲဆင့်ချိန်
သခင့်လက်ကမ်း သပြေပန်းနှင့်
ပြန်လမ်းကိုကြို လွမ်းတိုင်းဆိုလည်း
စေလိုရာသွား မင်းခစားမို့
လွယ်ထားတာဝန် အလွမ်းယှဉ်သော်
ငါလျှင်စစ်သား ပြည်သူ့သား။
ငါသည်စစ်သား တာဝန်များ၍
ခံထားသစ္စာ မပျက်ရာမို့
ပျော်ရာမနေ တော်ရာနေ၏။
ချစ်ပွဲ စစ်ပွဲ စိတ်ဒွန်တွဲလို့
တူနွှဲရာဝယ် ချစ်ပွဲဖယ်ခွာ
ရွေးချယ်ပါလည်း လွမ်းစိတ်ကဲ၏။
စစ်သားတစ်ဖြစ် လူသားစစ်မို့
အချစ်နှင့်သာ မွေ့လိုပါလည်း
ငါသည်စစ်သား ပြည်သူ့သားဟု
ဂုဏ်ယူဝင့်ကြွားရပေသည်။
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
The Oath of Our Alma Mater
Trying her best, for nurturing her cadets
Even known by none, really sown by mom
The fruitions are the proof of Alma mater
Let me say:
Keep the right as a might,
( If it is right, keep it on )
Wipe out the flaw as a thorn,
( If it is wrong, wipe it out and make it right )
And take the pride as a guide,
Oh, the offsprings!
Hope you gratify her as the norm.
ဒေါ်နွယ်နွယ်ဝင်း၊ ကထိက၊ အင်္ဂလိပ်စာဌာန
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
Saturday, October 17, 2009
အနှေးလျှောက်တီးလုံးသီချင်း
ကျောင်းဆင်းပွဲ ဂုဏ်ပြုစစ်ရေးပြမှာ အနှေးလျှောက် အမြန်လျှောက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချီတက် အလေးပြုတဲ့အခါ တီးတဲ့ တီးလုံး သံစဉ်ဖြစ်ပါတယ်
The stirring music first appeared as March of the Men of Harlech in Musical and Poetical Relicks of the Welsh Bards (Edward Jones, London 1784). The song was first published in Gems of Welsh Melody (ed. John Owen, "Owain Alaw", 1860), the Welsh lyrics by "Talhaiarn", the English by W.H. Baker.
March ye men of Harlech bold, Unfurl your banners in the field,
Be brave as were your sires of old, And like them never yield!
What tho' evry hill and dale, Echoes now with war's alarms,
Celtic hearts can never quail, When Cambria calls to arms.
By each lofty mountain, By each crystal fountain,
By your homes where those you love Await your glad returning,
Let each thought and action prove, True glory can the Cymru move,
And as each blade gleams in the light, Pray "God defend the right!"
Clans from Mona wending, Now with Arvon blending,
Haste with rapid strides along The path that leads to glory,
From Snowdon's hills with harp and song, And Nantlle's vale proceeds a throng,
Whose ranks with yours shall proudly vie, "And nobly win or die!"
March ye men of Harlech go, Lov'd fatherland your duty claims,
Onward comes the Saxon foe, His footsteps mark'd in flames;
But his march breeds no dismay, Boasting taunts we meet with scorn,
Craven like their hosts shall flee Like mists before the morn.
On the foemen dashing, Swords and bucklers clashing;
Smite with will their savage band Nor think of e'er retreating:
But with a firm unflinching hand, In blood quench ev'ry burning brand,
And for each roof tree cast away A Saxon life shall pay.
Thus each bosom nerving, From no danger swerving,
Soon shall the invader feel The doom of fate rewarding;
They firmly grasp the flashing steel, And as ye strike for Cymru's weal,
Be this your cry, till life's last breath - "Our Liberty or Death!"
၄၃ ဘောလုံးပြိုင်ပွဲ

ကာကွယ်ရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသော စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ကျောင်းဆင်းအရာရှိများ အမှတ်တရ ဘောလုံးပွဲ
နေရာ။ ကာကွယ်ရေးဝန်ကြီးဌာန ဘောလုံးကွင်း
ရက်စွဲ။ ၁၁-၁၀-၂၀၀၉ (တနင်္ဂနွေနေ့)
အချိန်။ ၁၅း၃၀ နာရီ
အိမ်ထောင်သည် နှင့် လူပျို အသင်းနှစ်သင်းခွဲ ကစားပါသည်။ အိမ်ထောင်သည် မဟေသီများ ကလေးများနှင့်တကွ လာရောက် အားပေးကြပါသည်။ အိမ်ထောင်သည်များအတွက် ဝတ်စုံ အနီရောင်ဖြစ်ပြီး လူပျိုများအတွက် ဝတ်စုံ အဖြူရောင် လက်ဆောင်ပေးပါသည်။
Tuesday, May 26, 2009
ဆန္ဒမွန်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုက
ကွန်းခိုသုံးနှစ် ပြည့်သားချစ်တို့
ပျိုမျစ်တက်ကြွ စိတ်စာဂဖြင့်
ကျရာဝန်ထမ်း ကျိုးဆင့်လှမ်း၍
ပြည့်ခန်းကဏ္ဍ ကျေပွန်ကြသည်
လှပထုဆစ် သမိုင်းတည်
ထောင်စုရာနှစ် မော်ကွန်းတည်။
တစ်ခေတ်ထွန်းပေါက် ခေတ်ရှေ့ရောက်သို့
တောက်ပဂုဏ်အင် ခေတ်နှင့် ယှဉ်စွာ
စာပေပညာ စစ်ပညာကို
ဖွေရှာလေ့ကျင့် တက်ကုန်လွှင့်သည့်
ထူးတင့်ဂုဏ်ရည် အောင်စစ်သည်တို့
မျှော်ရည်လျှောက်လှမ်း ခရီးလမ်းဝယ်
အောင်ပန်းအောင်ဆု အောင်မြင်မှုနှင့်
ပြည်သူ့သားကောင်း ပီစေသတည်း
မျိုးချစ်ဇာနည် မြည်စေသတည်း
ကြည်း ၃၇၆၇၃ ဗိုလ် ဇာနည်မောင်
(၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
ရွှေရိပ်စံရွှေစိတ်ထား
မြေမဟာ ဝေဆာ အောင်သမိုင်း အဆင့်ဆင့် တက်ပါလို့
ပွင့်ဇမ္ဖူ ဝင့်ကြူ လွှင့်ထူခဲ့တာ ကြာပြီပေါ့
မြန်မာပြည် ဇာနည်ဖွားတို့ရဲ့
ဌာနီရိပ် ဗိမာန်။
သင်းတပျံ့ပျံ့ ဆင်းရနံ့အသွယ်သွယ်နဲ့
ခံ့ထည်စွာ အံ့ဖွယ်ရာ သမိုင်းအလီလီတည်ခဲ့ပေါ့
နှိုင်းမမီ တိုင်းပြည်သား အစစ်တွေမို့
နောင်တစ်ခေတ်၏အောင်စစ်သည် ဖြစ်စေရမယ်တဲ့
သည်ရိပ်စံ ဓိဌာန်သွေးတွေနဲ့
စွေးလို့နီကျံ
သက်သေမှန် ပြယုဂ်ထား
အဖိုးတန် မျိုးမှန် အရိုးခံ သွေးသစ္စာပြုပါလို့
ဆေးစက်ကျရာ အရုပ်ထင်ခဲ့ပြီငဲ့
ရန်အသက်ကို မခင်မမက်သူ သတ္တိခဲတို့ရဲ့
အသည်းနီလွင် ဇွဲပီပြင်စွမ်းဆောင်ချက်တွေကြောင့်
ကနက်ရဝေ ကျက်သရေခညောင်းနေတဲ့
သားကောင်းတို့ရဲ့ အမိမြေဆိုတာ
ပတ္တမြားအပေါင်းတို့ ရွေးနုတ်ကာမွေးထုတ်ရာမြေမို့
တင့်ထူးစွာ ရင့်ကျူးနိုင်ပေဘိ
မိုးတိုင်သိ. . .ကြား။
ဗိုလ်ကြီး အောင်ကိုကို ( စတသ ၄၄ )
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
ခေတ်သစ်ကိုကြို တို့တက္ကသိုလ်
နုပျိုမျစ်ဆဲ မြန်ပြည်ထဲဝယ်
ဇွဲနှင့် မာန်နှင့် ကြွားကြွားဝင့်၍
ရွှန်းတင့်ဂုဏ်ရည် ဟန်ဝင့်ချီကာ
ရွှေရည်ရတု ကျော်ခဲ့ပြီ
သမိုင်းမော်ကွန်း တင်ခဲ့ပြီ။
စာပေပညာ စစ်ပညာကို
ဖွေရှာကြိုးစား စွမ်းရည်များနှင့်
စိတ်အားရည်သန် မိပြည်မြန်တွက်
ယုံကြည်လျှောက်လှမ်း အောင်မြေနန်းက
မျှော်မှန်းထူးချွန် လူရည်မွန်သို့
အားသွန်ပြုစု ရွှေရတုတိုင်
ပြည်သူ့သားကောင်း သမိုင်းကြောင်းနှင့်
ဆင့်ပြောင်းမွေခံ မျိုးချစ်မာန်ဖြင့်
နိုင်ငံအတွက် ခရီးဆက်မည့်
စစ်တက္ကသိုလ် ဗိုလ်လောင်းများ
စွမ်းရည်မြင့်မား ပြည်ချစ်သား
နေခြည်နုပျို ငွေနှင်းစိုလျက်
ကွန်းခိုမှေးစက် ဤမြေထက်ဝယ်
မျိုးဆက်အသစ် အားမာန်လှစ်၍
ခေတ်ကိုကျော်လွှား တက်နေလာသို့
ထင်ရှားတို့ပြည် တို့စွမ်းရည်ဖြင့်
တည်ဆောက်တစ်ခေတ် တို့ထုဆစ်မည်
ခေတ်သစ်ကိုကြို တို့တက္ကသိုလ်
သားကောင်းကွန်းခို စစ်တက္ကသိုလ်
ဗလအမှတ် ၂၁၂၉၄ ဗလထက်ဝေဇင်
အောင်ဇေယျတပ်ရင်း တပ်ခွဲ(၇)
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
သားကောင်းတို့၏အမိမြေ
ဘိသေကထပ် ထိုသုံးရပ်သည်
မမေ့အပ်သော လူ့ထုံးတမ်း။
ကွန်းခိုလှုပ်ရှား လူငယ်များကို
စစ်သားဂုဏ်ရည် အမွန်းတည်အောင်
ယုံကြည်မျှော်လင့် စဉ်လေ့ကျင့်လျက်
ခေတ်နှင့် ယှဉ်စေ ပြည့်အောင်မြေသို့
စာပေပညာ စစ်ပညာကို
ဖွေရှာနိုင်ကြ သင်ယူရသော
မြန်မာ့ဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်မည့်
အောင်စစ်သည်တို့ ဇာတိမြေ။
တိုင်းပြည်ဝန်ထမ်း ဘ၀လမ်းဝယ်
ပြန်တမ်းဝင်ဟု ဂုဏ်ပြုအပ်နှင်း
ပေးအပ်ခြင်းနှင့် ရဲရင့်စိတ်ထား
စွန့်စားစိတ်ဓာတ် အသိမြတ်ကို
လွှမ်းပတ်နိုင်ကြ အောင်ဆုရသော
မြန်မာ့ဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်မည့်
အောင်စစ်သည်တို့ ဘိသိက်မြေ။
ဘိသေကထပ် ထိုသုံးရပ်သည်
မမေ့အပ်ဆုံး လူတို့ထုံးကြောင့်
နှလုံးစွမ်းရည် လက်ရုံးရည်ဖြင့်
ပြည့်မီထင်ရှား ဗိုလ်လောင်းများ၏
ဇာတိချက်ကြွေ ဘိသိက်မြေသို့
မသွေဆိုရာ ညွှန်းပြုပါသော
ဂုဏ်ဖြာဂုဏ်တက် ဂုဏ်ရည်ထက်သော
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်ကို
ညွှန်းဆိုဂုဏ်ထု ကမ္ပည်းပြုမည်
အောင်စစ်သည်တို့ အမိမြေ
ကြည်းရေလေတွက် အားမာန်ဝေ
မမေ့ကျေးဇူး ဆပ်သင့်ပေ။
ကြည်း ၄၃၄၉၂ ဗိုလ်အောင်မျိုးဟိန်း
မြတ်မိခင်သို့
မြူခြေဆိုင်းဆိုင်း နှင်းတံတိုင်းတို့
ရစ်သိုင်းပတ်လည် ပန်းတို့ပြည်ဝယ်
ခံ့ထည်မွန်မြတ် ထိုဂုဏ်ဒြပ်ဖြင့်
ရပ်တည်ခဲ့ပေ အမိမြေကား
ရွှေရတုမွန် နှစ်တို့လွန်လည်း
အားခွန်သစ်လွင် ဆင်မြဲဆင်ကာ
အစဉ်နုပျို နေဆဲကို
ချယ်ရီရိပ်က တက္ကသိုလ်။
မဝေးလှသည် အတိတ်ဆီက
ဤမြေထက်မှာ လေးနှစ်တာလျှင်
စာပေပညာ စစ်ပညာနှင့်
သစ္စာ သိပ္ပ သူရ တတ်မွန် နိုင်ငံ့ဝန်ကို
အားသွန်ထမ်းရန် ဇွဲစိတ်မာန်ဖြင့်
သည်းထန်နက်ကျယ် ချွေးပင်လယ်ကို
နွမ်းနယ်မသန်း အပြုံးပန်းဖြင့်
ဖြတ်သန်းရှေ့ဆက် တို့ချီတက်ခဲ့။
သန့်စင်မွေးဖွား ပြည်သူ့သားတို့
တရားနှလုံး ဓားလက်ရုံးဖြင့်
ချေမှုန်းပယ်ခွင်း ပြည့်ရန်ရှင်းခဲ့။
မိခင်လက်ဖြင့် ပန်းတို့ပွင့်ခဲ့
ပွင့်သောပန်းများ ပြည်သူ့အားတည့်
သည်အားနှင့်လျင် ပြည်တစ်ခွင်ဝယ်
ကြည်လင်သာယာ အလှဖြာအောင်
ညီညာစွမ်းဆောင် ပွဲတိုင်းအောင်ခဲ့။
မိခင်ထံမှောက် ခါတစ်ခေါက်လျှင်
မရောက်ခဲ့ပါ ကြာတောင့်ကြာလည်း
မိခင်ရင်ငွေ့ သည်ယနေ့လျှင်
မမွေ့ရသည် ကာလရှည်လည်း
ယုံကြည်မြတ်လေး အမေပေးသည့်
စစ်သွေးသစ္စာ စစ်ပညာတို့
ရင်မှာလေးနက် စွဲမြဲလျက်ပင်
ဖြိုဖျက်ရန်ပေါင်း ညက်ညက်ထောင်း၍
သောင်းသောင်းညံညံ အောင်တေးသံနှင့်
အောင်လံမြူးဝင့် လေမှာလွင့်ခဲ့
ပွင့်သောပန်းတွေ ဝေသည်ဝေ၍
ကြွေသည်ရှိလည်း မွှေးပျံ့ဆဲလေ
မာန်ဇွဲသတ္တိ ကမ္ဘာသိခဲ့
အမိဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်သည့်
နောင်တစ်ခေတ်၏ အောင်စစ်သည်
ကြည်း ရေ လေ ထု အားမာန်ချီ။
မိခင်ကျေးဇူး အထူးထူးကို
ညွတ်နူးစိတ်တွင် ဦးထိပ်တင်လျက်
စဉ်ဆက်မသွေ မိခင်မြေကား
ကျက်သရေထွန်း တက်နေ၀န်း၏
တင့်ရွှန်းရောင်ဝါ သို့ပမာလျှင်
စဉ်လာမြင့်မြတ် သူ့ဂုဏ်ဒြပ်နှင့်
ခိုင်မတ်တည်ကြည် အဓွန့်ရှည်လျက်
ရွှေပြည်နိုင်ငံ မိုးထက်ယံတွင်
အောင်လံကျူးရင့် ဆင့်စေသတည်း
မိုးချမ်းမြေ့(၂၇၂၀)
ဗိုလ်မှူးအုံးကျော်
(၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
Friday, May 22, 2009
အပတ်စဉ်အလှူတော် နှိုးဆော်လွှာ
စစ်တက္ကသိုလ်
အမှတ်စဉ် (၄၃) ကျောင်းဆင်း သူငယ်ချင်းများသို့
ပန်ကြား နှိုးဆော်လွှာ
သူငယ်ချင်းတို့
ငါတို့ အပတ်စဉ် Intake Flag နံပါတ် ၄၃ တပ်ဆင်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကို Intake Day အဖြစ် သတ်မှတ်ပြီး အမှတ်တရ ကုသိုလ်ကောင်းမှုတွေ ပြုခဲ့ကြတာ ခုနစ်နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခု ရှစ်နှစ်မြောက် Intake Day နေ့မှာ ကောင်းမှု ကုသိုလ် ပြုဖို့အတွက် နေပြည်တော်က ရွှေတိဂုံ ပုံတူ ဥပ္ပာတသန္တိ စေတီတော် နဲ့ စမတောင် မိဘမဲ့ ပရဟိတကျောင်းမှာ လှူဖို့ စီစဉ်ထားပါတယ်။
လှူဒါန်းဖို့ အကြမ်းဖျင်း လျာထားတာကတော့
- ဘုရား တစ်ဆူ (စေတီတော်တွင် လှူရန်)
- ဆီ တစ်ပေပါ ( မိဘမဲ့ကျောင်းတွင် လှူရန်)
- ဆန် အိတ် တစ်ရာ (---။---)
- စာအုပ်စာတမ်း နဲ့ စာရေးကိရိယာများ
နေပြည်တော်နဲ့ အနီးတ၀ိုက်က စစ်ဘက် နယ်ဘက် သူငယ်ချင်းတွေကတော့ အနည်းဆုံး တစ်ယောက်ကို နှစ်သောင်းနှုန်း ထည့်ဝင်ပေးကြဖို့ လျာထားပြီး တိုင်း တပ်မ ကျောင်း ခြေလျင် ခြေမြန် အသီးသီးကတော့ သင့်လျော်သလို ထည့်ဝင် လှူဒါန်းကြဖို့ ဖြစ်ပါတယ်။
အလှူငွေ ထည့်ဝင်ဖို့ကတော့
ကကနအတွက် ဗိုလ်ကြီး အောင်သူရ ၊ ဖုန်း ၀၃၆-၃၁၆၆၂
နပတအတွက် ဗိုလ်ကြီး မင်းသုယဉ် ၊ ဖုန်း ၀၃၂-၃၀၀၁၉
ဝန်ကြီး ဌာနတွေအတွက် ဗိုလ်ကြီး ဟန်ငြိမ်းဆွေ၊ ဖုန်း ၀၆၇-၄၀၅၀၆၀
တိုင်း တပ်မ ကျောင်း ခြေလျင် ခြေမြန် များအတွက် ကြည်း ၃၃၂၉၇ ဗိုလ်ကြီး စည်သူဟိန်း ၊ ဖုန်း ၀၃၆-၃၀၄၆၁၊ ၃၀၄၆၆၊ (ရိုးမဘဏ် ပျဉ်းမနားဘဏ်ခွဲ၊ မြန်မာ့စီးပွားရေးဘဏ် ပျဉ်းမနား ဘဏ်ခွဲ၊ အင်းဝဘဏ်)
တို့ထံကို ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ပထမအပတ် နောက်ဆုံးထားပြီး ပေးပို့ လှူဒါန်းကြဖို့ ဖြစ်ပါတယ်။
အလှူအတန်း ဖြစ်မြောက်ရေးအဖွဲ့
Wednesday, May 20, 2009
Sunday, May 17, 2009
အမှတ်စဉ် ၄၃ ကျောင်းဆင်းပွဲမိန့်ခွန်း
- နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုတဲ့ စစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်ဖို့အတွက် တပ်မတော်သားကောင်းတစ်ဦး ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ဖို့လိုတယ်။ စစ်တပ်ဆိုတာ အမှန်သာ လိုက်နာနိုင်ရင် တကယ့်ယောက်ျားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပါ။ အပါး ခြောက်ဆယ်သော စစ်သည်တော် ကျင့်ဝတ်တွေဟာ အခြေခံအကျဆုံး လိုက်နာရမယ့် ပြဌာန်းချက် ဖြစ်တယ်။
- အမျိုးအစား ပို၍ကောင်းရမည်ဆိုတာ မိမိကိုယ် မိမိ လေ့ကျင့်ရေးနဲ့ ကြီးကြပ်မှုဖြင့် လေ့ကျင့်ရေး။ လေ့ကျင့်ရေးမှုးကောင်းတွေ ဖြစ်ဖို့လိုတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးတွေ အချိုးညီနေရမယ်။ ရုပ်ပိုင်းဆိုင်ရာကြောင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ အကျိုးတရားတွေ ရနိုင်သလို စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာမှာ အားအင်သစ်တွေ အံ့မခန်း ထွက်ပေါ်လာနိုင်မှာ ဖြစ်တယ်။ ပြည်သူလူထုနဲ့ တစ်ဆက်တည်း ဖြစ်ရမယ် ဆိုတာက ရောက်ရာဒေသကို ကိုယ့်ဇာတိရပ်ရွာလို သဘောထားပြီး ထိတွေ့ရတဲ့ လူထုကိုလည်း ကိုယ့်ရဲ့ မိဘဆွေမျိုး အရင်းအချာပမာ စိတ်ကောင်း စေတနာကောင်းနဲ့ အလုပ်အကျွေးပြုရမယ်။
- ခေတ်သစ် စစ်ပွဲများမှာ စစ်ဘက် ပစ်မှတ်များ သာမက မြို့ရွာတွေနဲ့ နိုင်ငံတော်ရဲ့ အခြေခံ အဆောက်အအုံတွေကိုပါ ပစ်ခတ်ဖျက်ဆီးလာကြတာကြောင့် ပြည်သူ့စစ် မဟာဗျူဟာသည် တို့နိုင်ငံအတွက် လုံးဝဥဿုံ မှန်နေတယ်။
- နိုင်ငံတော် အလံကိုင်ပြီး ကျမ်းကျိန်ကြတာဟာ တပ်မတော် အဖွဲ့အစည်းရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ သစ္စာလေးချက်ကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက် ကြရမယ်။
- နိုင်ငံတော်နဲ့ တပ်မတော်အတွက် စွန့်လွှတ်စွန့်စားရဲတဲ့ စိတ်နဲ့ တပ်ကိုကောင်းအောင်လုပ် စစ်ကို နိုင်အောင်တိုက် ပြည်သူချစ်အောင်ကျင့်။ ကိုယ်ခေါင်းဆောင်ရတဲ့ တပ်ဖွဲ့ရဲ့ ယုံကြည်ကိုးစားမှုကို ရရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် မိမိကိုယ်ကို ပြုစုပျိုးထောင်ဖို့ လိုတယ်။
- ထိုးထွင်းတီထွင် ကြံဆနိုင်ဖို့အတွက် ဗဟုသုတ အခြေခံ ရှိရမယ်။ လေ့လာတွေ့ရှိချက်တွေဟာ စဉ်ဆက်မပြတ် မြင့်မားနေတာကြောင့် ပညာခေတ်ကို အမီလိုက်နိုင်အောင် ကြိုးစားကြရမယ်။ စစ်ဘက်ဆိုင်ရာ ဗဟုသုတတွေ ကြွယ်ဝမှ ခေတ်နဲ့အညီ ခေါင်းဆောင်နိုင်မှာ ဖြစ်တယ်။ အတတ်ပညာ ပြည့်ဝခြင်းဟာ သုတေသနပြုခြင်းက ရရှိပြီး သုတေသနပြုခြင်းဟာလည်း လက်တွေ့ အသုံးချနိုင်ဖို့ ဖြစ်တယ်။
- အကျင့်ဆိုတာ ၀ါသနာနဲ့ စွဲမြဲနေတဲ့ အလေ့အထဖြစ်ပြီး စာရိတ္တဆိုတာ ကိုယ်ကျင့်တရား ဖြစ်တယ်။ စိတ်ရင်းစေတနာ ကောင်းသူတစ်ယောက်ဟာ စိတ်ဓာတ်မြင့်မြတ်တဲ့အတွက် ကိုယ်ကျင့်တရား ကောင်းမွန်သလို စည်းကမ်းအရာမှာလည်း ကောင်းမွန်တတ်တယ်။ တပ်မတော်ဆိုတာ ကျင့်ဝတ်သီလနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် ခေါင်းဆောင်တွေဟာ စည်းကမ်းအရာမှာ စံနမူနာပြ ဖြစ်ဖို့လိုတယ်။
- သစ္စာဆိုတာ နိုင်ငံနဲ့ လူမျိုးအပေါ် မှန်ကန်သော စောင့်သိ ရိုသေမှု ဖြစ်တယ်။
- တပ်မှူးကောင်းရင် တပ်က ကောင်းပြီး တပ်မှူးညံ့လျှင် တပ်က အားနည်းစမြဲ ဖြစ်တယ်။ တပ်ဖွဲ့ဝင်များ ဇနီးသားသမီး မှီခိုသူများအပါအ၀င် ကျန်းမာ ပျော်ရွှင်စွာနဲ့ စိတ်ဓာတ်တက်ကြွပြီး တပ်မှူးအပေါ် ကြည်ညိုလေးစား အားကိုးလိုစိတ်တွေ ဖြစ်ပေါ်နေရမယ်။ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားသရွေ့ လက်အောက်ငယ်သားတွေရဲ့ ကြည်ညို လေးစားမှုကို ရရှိနေမှာပဲ ဖြစ်တယ်။
- တပ်တစ်တပ်ဟာ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် တညီတညွတ်တည်း စုပေါင်းဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းစိတ်ဓာတ်ဟာ မရှိမဖြစ် လိုအပ်တယ်။
- ကွပ်ကဲမှု။ မမျှော်မှန်းထားသော အခြေအနေမျိုး ရုတ်ချည်း ဖြစ်ပေါ်လာတဲ့အခါ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်ပြီး အမိန့်ပေးကွပ်ကဲနိုင်မှု
- ကြီးကြပ်မှု။ စစ်ဥပဒေသများ တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ စစ်ဘက်ဓလေ့ထုံးစံများကို တပ်ဖွဲ့ဝင်တွေက မှန်မှန်ကန်ကန် ဆောင်ရွက်အောင် ကြပ်မတ်ပေးခြင်း
- လူ့ခန္ဓာကိုယ်က ကြွက်သားတွေဟာ အသုံးပြုပါများလေ သန်မာလေ ဖြစ်သလို ရဲရင့်ခြင်း စွမ်းရည်ဟာလည်း အတွေ့အကြုံများလေ တောက်ပြောင်လေ ဖြစ်တယ်။
- ရန်သူ့သတင်းကို နည်းမျိုးစုံနဲ့ ရယူပြီး အမြဲသတိရှိ အမြဲ လက်ဦးမှူ ရယူဖို့ လိုအပ်တယ်။
- လေ့ကျင့်ရေးနဲ့တည်ဆောက်။ တစ်ဦးချင်း စွမ်းရည်ထက်မြက်မှုဟာ တပ်မတော် တစ်ရပ်လုံးရဲ့ စွမ်းရည်ထက်မြက်မှုအခြေခံ
- အုပ်ချုပ်မှုနဲ့တည်ဆောက်။ စစ်ဦးစီး စစ်ရေး စစ်ထောက်ဆိုတဲ့ ယန္တရားသုံးရပ်ကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် မောင်းနှင်နိုင်ဖို့
- သက်သာချောင်ချိရေးနဲ့တည်ဆောက်။ မျိုးချစ်တပ်မတော် ဖြစ်တာကြောင့် သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်တယ်
- စိတ်ဓာတ်နဲ့တည်ဆောက်။ ဦးစွာပထမ စိတ်ဓာတ်ကောင်းအောင်လုပ်၊ စိတ်ဓာတ်မြှင့်တင်မှုတွေကို လိုအပ်သလို ဆောင်ရွက်ပေးကြဖို့လိုတယ်
- ခေတ်သစ်စစ်ပွဲရဲ့ အဓိကအချက်ကြီးများကတော့ လက်ဦးမှု၊ အခြေအနေ ဖန်တီးနိုင်မှု၊ နက်ရှိုင်းစွာ တိုက်ခိုက်နိုင်မှုနဲ့ အချိန်ကိုက် ဆောင်ရွက်မှုတို့ပဲ
- စက်မှုနည်းပညာနဲ့ အီလက်ထရောနစ် နည်းပညာတွေ တိုးတက်ထွန်းကားလာတာကြောင့် လက်နက်တွေဟာ အဖျက်စွမ်းအား ကြီးမားလာတယ်။ ပစ်အားများပြားပြီး ထိရောက်မှုတိကျတယ်။ တာဝေးပစ်ခတ်နိုင်စွမ်း တိုးတက်လာတယ်။ ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ အဆင့်အတန်းမြင့်မားလာတယ်။ သတင်းအချက်အလက် နည်းပညာကြောင့် သတင်းဖြန့်ဖြူးမှု လျှင်မြန်လာပြီး သတင်းဌာနတွေလည်း အများအပြား သုံးစွဲလာနိုင်တယ်။
- အားသာမှုတွေ ရှိရင် အားနည်းမှုတွေလည်း ရှိစမြဲပဲ။ အီလက်ထရွန်နစ် ကိရိယာတွေကို အီလက်ထရွန်နစ် တန်ပြန်နည်း၊ အီလက်ထရွန်နစ် လှည့်ဖျားနည်းတွေနဲ့ တုန့်ပြန်လို့ရတယ်။
- အရည်အချင်းမြင့်မားတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖြစ်မှသာ ကိုယ့်ခေတ်ရဲ့ တာဝန်ကို ကျေပွန်မှာ ဖြစ်တယ်။
- နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဟာ အဓိကတာဝန်ဖြစ်တယ်။ ဒါကြောင့် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်တွေအပြင် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတာဝန်တွေကိုပါ နားလည်ကြရမယ်။
- တို့နိုင်ငံတော် တို့နိုင်ငံသားနဲ့ တို့တပ်မတော်အတွက် အားထားလောက်တဲ့ တပ်မတော်သားဘ၀ကို ခံယူသွားကြဖို့ တိုက်တွန်းမှာကြားလိုက်ပါတယ်။
စစ်တက္ကသိုလ်ညနေခင်း
ရွှေရည်စောင်းထိုး ကျောင်းခရိုးဝယ်
ပေါင်းမိုးကွန်ကျော့ ခပ်ဖျော့ဖျော့ ။
ခလောက်လေပြည်
စေတီသာလှ ၀ိဇယအား
ဦးချမာန်လျှော့ တနော့နော့ ။
ခြောက်လမ်းသွားတွင် စိန်ပန်းပင်တို့
လေညင်းရိုက်လီ ရွက်ခတ်မြည်၍
တေးသီဆိုင်နော့ တကျော့ကျော့ ။
ကျောက်တောင်ကုန်းမှ အောက်လမ်းမ၀ယ်
ခြေကြွလည်းညီ ခြေချညီလျက်
ပီတီပြေးသွား ဗိုလ်လောင်းများ၏
ဝင့်ကြွားပြင်းထန် ဖိနပ်သံနှင့်
ကြွေးညံကျားထိုး ၀န်းကျင်မိုးသော်
မြတ်နိုးသိမ့်သိမ့် နားဝယ်စိမ့် ။
နေခြည်ကွန်းခို တက္ကသိုလ်
နေခြည်ကွန်းခို တက္ကသိုလ် ။
သားချစ်လူလှ ခေတ်သိပ္ပတို့
ပြည့်ဝအားမာန် အချိန်တန်လျက်
အပြန်ခရီး နှင်ခါနီးသော်
မီးပြင်းမြိုက်လောင် သောကနှောင်သို့
ညီနောင်တွဲလက် မဖြုတ်ရက်ခဲ့
နုတ်ဆက်ခြင်းငှာ မစွမ်းသာပြီ ။
နုံးရိနွမ်းမှိုင်း စကားဝိုင်းကား
ခါတိုင်းသဏ္ဌာန် မဆူညံတော့
နက်ဖြန်ခါဆို တို့ညီကိုတွေ
ကိုယ်စီကိုယ်ငှ တာဝန်ကျရာ
ဒေသသီးသီး သွားချိန်နီးဟု
ခရီးစကား မဆိုငြားလည်း
ရင်ကြားလျှံဖိတ် ၀မ်းနည်းစိတ်ကြောင့်
တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့လျက် ။
ကိုယ်စီဖေးမ လမ်းဆောင်ပြရန်
တူမျှမေတ္တာ အကြင်နာနှင့်
စာနာသိတတ် ခွင့်လွှတ်အပ်လျက်
မြင့်မြတ်နှလုံး ရဲသူ့ထုံးဖြင့်
စည်းလုံးဂုဏ်ဟိတ် နှောင်းအတိတ်ကို
ပုံရိပ်ကျန်ထင် ကိုယ်စီရင်ဝယ်
ဆင်ခြင်မိခိုက် အသည်းလှိုက်မျှ
ရိုက်ခတ်နေလျက် ညဥ့်သည်နက် ။
လွှမ်းခြုံသိုင်းရစ် အားမာန်ဖြစ်၍
စစ်သားဟူဘိ ထိုအသိကြောင့်
သတိမပျက် စကားဆက်လည်း
မျက်နှာထက်တွင် အပြုံးဆင်ရင်း
ရင်ကြားဆူပွက် မျက်ရည်စက်တို့
ပြုံးလျက်ဝေသီ ဖြေမဆည်ဘဲ
ညဥ့်သည်ပြိုပျက် အရုဏ်တက် ။
လက်ဝှေ့ယမ်းပြ ၀ိဇယနှင့်
ဖလံတောင်ဆီ နောင်ညီပျော်ရာ
ကျောင်းတော်သာကား လင်းရာမှမှုန်
မှုန်ရာမှဝါး ကွယ်ပျောက်သွားလည်း
ကျားကန်နေဆဲ နွေးနေဆဲ
အားမာန်တွေလည်း ဝေနေဆဲ ။
တရွေ့ရွေ့နှင့် . . .
ဝေး၍ချန်ထား ခွဲခဲ့ငြား၍
စကားမဆို ရင်ထဲငိုလည်း
စိုမျက်ရည်စ စီးမကျတော့
လက်ပြဝေ့၍ နုတ်ဆက်ပေ့တိုင်
ရှေ့၌ပီပီ မြင်နေသည်ကား
နေခြည်ကွန်းခို တက္ကသိုလ်
စာမျက်နှာ ၂၁
အရုဏ်ဦးရဲ့ လှိုင်းတံပိုး
ငှက်ငယ်လေးတွေ လန့်ဖျန့်နိုး
ပြင်ဦးလွင်မြို့ နှင်းနဲ့ရေချိုးတဲ့နှစ်
စစ်တက္ကသိုလ် ချွေးနဲ့ရေချိုးတဲ့နှစ် . . .။
နှင်းစတွေကြောင့်ပြောင်ဝင်း
ဖြောင်းဖြောင်းထနေတဲ့ ခြေနင်းသံတွေကြား
ဝပ်စင်းငြိမ်သက်နေချိန်မှာ
မဟာဝိဇယ တစ်ပတ်နဲ့
မြင့်မြတ်တဲ့ ပေးဆပ်ခြင်းတွေ ပြုနေကြသူတွေ . . . ။
နှင်းစက်တွေ တွဲလွဲခိုနေချိန်မှာ
ငါတို့ခန္ဓာကိုယ်ထက်
ချွေးစက်တွေ ချွဲချွဲစိုလို့ပေါ့ . . .။
တော်လဲသံလား မုန်တိုင်းလား
ငါတို့ရဲ့ သန္နိဌာန်တစ်ရပ်
ညီညွတ်မှုနဲ့ ပြတ်သားတယ် . . . ။
မုဆိုးခြေထောက်တို့
ဆူးကြောက်နေရင်
လိုချင်တဲ့ပန်းတိုင်
ရောက်နိုင်ပါ့မလား . . . စဉ်းစား . . ။
ကောင်းကင်မှာ နေမင်း
ဒါပေမယ့် ငါတို့ရဲ့ရင်တွင်းမှာ
လမင်းတစ်ရာ . . . ။
ကျောင်းအပြင်မှာ ခ၀ါချ
ခွာချထားခဲ့ . . . ဟေ့
တစ်သွေး တစ်သံ တစ်မိန့်
အသွေးထဲ အသားထဲ
ရိုးတွင်းချဉ်ဆီထဲအထိ စိမ့်
တလိမ့်လိမ့် ထစ်ချုန်း
နှလုံးသားထဲ ပဲ့တင်သံ
အံတုချင်ရင်လာခဲ့
ဒါ . . . တို့ရဲ့ ဘ၀အစစ် . . . ။
တစ်သက်လုံး မြိုသိပ်ထားခဲ့တဲ့
ပြည်ချစ်စိတ် ယမ်းအိုးတွေ ဖောက်ခွဲ
လောကဟောင်းကို ဖရိုဖရဲဖြစ်အောင် လုပ်မယ့်သူတွေ
နွေထဲ . . . နေထဲ . . . အနေရဲတဲ့ နှင်းဆီတွေ
တိုင်းပြည်အတွက် အသက်ဆက်ဖို့
စာမျက်နှာ အဟောင်းကို ချန်ရစ်
ခေတ်ကို မျက်နှာသစ်ဖို့ ငါတို့လာနေပြီ ။
ပြည်ချစ်စိတ် မြစ်ကျဉ်းမှာ
စီးဆင်းတဲ့ စိတ်ဓာတ်တွေ မြန်နေတယ် . . .
ရိုက်ခတ်တဲ့ လှိုင်းသံတွေ ညံနေတယ် . . .
အားမာန်ဟူသမျှဟာ
မုန်တိုင်းလိုထန် လှိုင်းလိုသန်တယ်
ငုံ့ခံမယ့်စိတ် ဘယ်တော့မှ မမွေးဘူး . . . ဟေ့
စစ်တက္ကသိုလ်မှာ ခရာသံတွေ ညံနေသရွေ့ . . . ။
ဒါပေမယ့် ညနေခင်းကို
မာန်တင်းလို့ မတော်လှန်ရဲ . . . ။
လောကပေါ် ထာဝရချဉ်းနင်း
တောက်ပတဲ့ ပဉ္စလက်အလင်းနဲ့
ပြည်သူတွေ ရင်တွင်း
အမြဲစီးဆင်းနေတဲ့ရောင်စဉ်တွေ
ပြက္ခဒိန်တွေ စုတ်ပြဲ
နေကြာရိုင်းတွေလည်းကြွေ ချယ်ရီတွေလည်းဝေ
တောမီးတွေလည်း လောင်ကြ
ဧပြီလကို ချဉ်းနင်း
နှစ်ထောင်ဟာ တေးချင်းတွေ ညည်းတော့မယ် ။
သက္ကရာဇ်ဟောင်းကို ချန်ရစ်ဖို့
ရာစုအသစ်လာပြီ
ရာသီတွေ အိုရင့်
ကြွေလွင့်သွားသူများအတွက် ရင်နာ
အိမ်ပြန်သွားသူများအတွက် ရင်နာ
ပန်းကြွေမိခင်များအတွက် စာနာ . . . ။
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုလျှင်
ရင်ကိုဝေ့၀ိုက် လှိုင်းနှယ်ရိုက်၍
မငိုက်သည့်ဇွဲ မလှဲသည့်မာန် မခံသည့်စိတ်
လျှံဖိတ်နေပြန် သူ့အားမာန်လျှင်
ငါ့ထံဘယ်ခါ ၀င်ရောက်လာ၍
နေရာယူ၏ ငါမသိလိုက် . . . ။
ငါမသိလည်း
ငါ၏မိခင် ကျောင်းညိုလွင်သည်
ကြည်လင်ပ၀င်း လနှယ်လင်း၍
ရင်တွင်းရိုက်ခတ်ဆဲတကား . . . ။
ဘုံတောင်မြေနေဦးခက်
ချေမှုန်းရေးပြိုင်ပွဲ
- နှစ်ထပ်ကြိုး
- ရှစ်ပေကျင်း
- ကမ်းပါးယံကြိုး
- ခုန်ချချောက်
- ချိန်ဆတုံး
- မျဉ်းပြိုင်ကြိုး
- လက်ပြောင်းတန်း
- သံဆူးကြိုး
- လေးကွက်ကျား
- ဗူးစင်
- တစ်ချောင်းကြိုး
- လှုပ်တံတား
- လွှဲကြိုး
- သုံးချောင်းကြိုးစက်သီး
- ကျားပါးစပ်မိုင်းကွင်း
- ပုံသေပစ်ကြောင်းလှိုဏ်ဂူ
- ၁၂ ပေ နံရံ
- ကြောင်လျှောက်
- လှံစွပ်ထိုးချေမှုန်းခြင်း
- စက်ပစ်ကွင်း
ပြိုင်ပွဲဝတ်စုံ
- အိုဂျီကြမ်း
- ဖိုင်ဘာခမောက်
- တောစီးဖိနပ်
- အိပ်ယာခင်းကြိုး၊ စစ်တဘက်၊ စွပ်ကြယ်
- တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ
- ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ်
စစ်ခရာသံများ
နေ့စဉ်လုပ်ငန်းသုံး စစ်ခရာသံ ၂၉ မျိုး ( Daily Routine Calls )
- ပထမနှိုးခရာ ( Rouse 0500 AM )
- အလံတင်ခရာ ( Reveille 0530 AM )
- တာဝန်ကျအဖွဲ့တန်းစီခရာ ( Duty Watch )
- အလုပ်ပစ္စည်းသိမ်းခရာ ( Return all Cyears )
- လက်ဖက်ရည်သောက်ခရာ ( Tea Call )
- ကင်းစစ်ရေးပြခရာ ( Parade for Guard )
- စစ်ရေးပြပထမသတိပေးခရာ ( Warning for Parade )
- စစ်ရေးပြဒုတိယသတိပေးခရာ ( Quarter Call )
- တန်းစီခရာ ( Fall in )
- စစ်ချီခရာ ( Advance )
- ကင်းအလေးပြုခရာ ( Guard Salute )
- လူနာသတင်းပို့ခရာ ( Sick Report )
- ယာဉ်စီးဆက်သားသတင်းပို့ခရာ ( Despatch )
- ရုံးတင်ခရာ ( Orderly Room )
- ခေတ္တအနားယူခရာ ( Stand Easy )
- ဆက်လုပ်ခရာ ( Carry on )
- ထမင်းစားခရာ ( Mess Call )
- စာယူခရာ ( Post Call )
- ရိက္ခာထုတ်ခရာ ( Ration )
- အမိန့်ထုတ်ခရာ ( Order )
- ပြီးစေခရာ ( Dismiss 1530 )
- အားလပ်ခွင့်ရရဲဘော်ခရာ ( Liberty Men )
- အပြစ်ရရဲဘော်ခရာ ( Defaulters )
- ညကင်းစစ်ရေးပြခရာ ( Parade for Piequet )
- နေ၀င်ချိန်ခရာ ( Sunset )
- ညနေတန်းစီလူစစ်ခရာ ( First Post )
- ငြိမ်ခရာ ( Still )
- အိပ်ယာဝင်ခရာ ( Last Post )
- မီးမှိတ်ခရာ ( Light Out )
အခမ်းအနားသုံးစစ်ခရာသံ ၈ မျိုး ( Ceremonial Calls)
- ထိပ်စီးတန်းစီခရာ ( Right Master )
- အရာရှိများသတင်းပို့ခရာ ( Officer Call )
- သတိပြုခရာ ( Alert )
- အလံတော်အလေးပြုခရာ ( Colour Salute )
- ဗိုလ်ချုပ်အလေးပြုခရာ ( General Salute )
- အရာရှိကြီးအလေးပြုခရာ ( Senior Officer Salute )
- အရာရှိငယ်အလေးပြုခရာ ( Junior Officer Salute )
- ကျဆုံးရဲဘော်အလေးပြုခရာ ( Funeral Salute )
အထွေထွေစစ်ခရာသံ ၁၅ မျိုး ( General Calls )
- တပ်ခွဲအရာခံဗိုလ်သတင်းပို့ခရာ ( Company Sergeant Major )
- တပ်ခွဲတပ်ကြပ်ကြီးသတင်းပို့ခရာ ( Company Quarter Master )
- အကြပ်အားလုံးသတင်းပို့ခရာ ( All NCOs )
- တာဝန်ကျတပ်ကြပ်ကြီးသတင်းပို့ခရာ ( Orderly Sergeant )
- တာဝန်ကျတပ်ကြပ်သတင်းပို့ခရာ ( Orderly Corporal )
- စစ်တီးဝိုင်းသတင်းပို့ခရာ ( Band Call )
- စစ်ခရာရဲဘော်သတင်းပို့ခရာ ( Buglers Call )
- မီးလှန့်ခရာ ( Fire Alarm )
- တပ်သားသစ်သတင်းပို့ခရာ ( Recruits )
- ပညာရေးကျောင်းသတင်းပို့ခရာ ( School Call )
- ၀န်ထမ်းလုပ်ငန်းခရာ ( Fatigue )
- လစာထုတ်ခရာ ( Pall Call )
- အချက်ပြရဲဘော်သတင်းပို့ခရာ ( Signallers )
- တပ်ခွဲများဗိုလ်သတင်းပို့ခရာ ( Company Calls )
- တပ်ရင်းတန်းစီခရာ ( Battalion Fall in )
စစ်မြေပြင်ခရာသံ ၇ မျိုး ( Field Calls )
- တပ်လှန့်ခရာ ( Alarm )
- ပစ်ရန်သတိပေးခရာ ( Warning for Firing )
- စပစ်ခရာ ( Commence Firing )
- အပစ်ရပ်ခရာ ( Cease Firing )
- ချေမှုန်းရေးခရာ ( Charge )
- အပြေးတက်ခရာ ( Double )
- လေကြောင်းရန်တိုက်ခိုက်မှုခရာ ( Air Alarm )
နောင်တစ်ခေတ်၏အောင်စစ်သည်
ဆက်လက်တင်ပြလိုသောအကြောင်းအရာများ
- အပတ်စဉ် တစ်မှ နောက်ဆုံးအပတ်စဉ်အထိ ကျောင်းဆင်းမိန့်ခွန်းပြောခဲ့ကြသော တပ်မတော် အကြီးအကဲများနှင့် မိန့်ခွန်းများ
- ဗိုလ်လောင်းအချင်းချင်း အုပ်ထိန်းစောင့်ရှောက်မှုစနစ် သမိုင်းကြောင်း ( Brother Guardian System )
- စာရိတ္တမဏ္ဍိုင်ကော်မီတီ အကြောင်း ( Honour Committee )
- ဗိုလ်လောင်းဝတ်စားဆင်ယင်မှု ပြောင်းလဲပုံအဆင့်ဆင့်
- ဗိုလ်လောင်းအဆောင်အယောင် တံဆိပ်များ
- အထင်ကရ အဆောက်အအုံများ အထိမ်းအမှတ် ရုပ်တုများ (ကျောင်းဌာနချုပ်ရုံး၊ အောင်ဆန်းခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ဗိုလ်လောင်းတပ်ရင်းများ၊ စားရိပ်သာ၊ နားနေဆောင်၊ ဧည့်တွေ့ဆောင်၊ စာပေဌာန၊ နက္ခတ်တာယာပြခန်း၊ ဗဟိုကင်း၊ ရေကူးကန်၊ မင်းသုံးပါးရုပ်တု၊ ရဲသုံးဘော်ရုပ်တု၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ဆန်းရုပ်တု၊ စစ်ရေးပြကွင်းရှိ တံဆိပ်၊ ပွဲကြည့်စင်၊ နောင်တစ်ခေတ်၏အောင်စစ်သည်တံဆိပ်၊ စသည် )
- အားကစားပြိုင်ပွဲများ ( နယ်ကျော်ပြေးပွဲ၊ လက်ဝှေ့ပွဲ၊ မောပန်းပစ်ခတ်စဉ်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ စစ်ရေးပြပြိုင်ပွဲ၊ ကျွမ်းဘား၊ အောင်စစ်သည်တိုက်စစ်၊
- နှစ်အလိုက် လေ့လာရေးခရီးစဉ်များ
- တပ်ခွဲဆွေးနွေးပွဲ
- ထမင်းစားသစ္စာ
- တစ်နေ့တာအချိန်ဇယား
- တိုက်ပွဲဝင်ကိုယ်လက်ကြံ့ခိုင်ရေးသင်ခန်းစာ လေးဆယ်ရှစ်မျိုး
- ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ
- တပ်ခွဲသူရဲကောင်းများ၏ ထင်ရှားသော သမိုင်းဝင် စကားများ
- ပညာရေးဆိုင်ရာသမိုင်းကြောင်း
- အိပ်ဆောင်များတွင် အိပ်ယာ ဗီရို ခင်းကျင်းပုံ
- နောင်တစ်ခေတ်၏ အောင်စစ်သည် ဆောင်ပုဒ် သမိုင်း
- Never Surrender သမိုင်း
ကြိုးစားပြီး ဆက်လက်တင်ပြပေးပါမည်။ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံပါသည်။
ဗန္ဓုလတပ်ခွဲကြွေးကြော်သံ
Bandoola Brings the Best
Bandoola Brings the Best
Bandoola Brings the Best
Bandoola Brings the Best
Friday, April 24, 2009
ဗမာတို့ရဲ့တပ်မတော်
ဗမာ ဗမာ ကမ္ဘာပေါ်မှာ ကြွားနိုင်စေဖို့ရာ
ဗျူဟာပညာ တို့အမျိုးသားတို့ နားလည်စေချင်တာ
ဗျူဟာပညာ သင်ကြားကြဖို့ ကြိုးစားတို့မြန်မာ
တို့အမျိုးငဲ့ အကျိုးတွက်တာ သယ်ပိုးစေဖို့ရာ
သေနင်္ဂမှာ ထိပ်တန်းကသာ
လူငယ် တစ်တွေဟာ ဗမာတို့ရဲ့တပ်မတော် ၀င်ရန်အချိန်သင့်တော်
ဗမာအောင်လံ ဗမာထောင်ရန် တို့တာဝန်ကြီးပါ
အာဇာနည်တွေ တို့သွေးချွေးနဲ့ ရင်းနိုင်စေပြန်တာ
အာဇာနည်တွေ လွတ်လပ်ရေးအတွက် စွမ်းဆောင်ခဲ့ပေတာ
တို့အမျိုးနဲ့ တို့တိုင်းတွက်တာ သယ်ပိုးစေဖို့ရာ
အောင်လံထွန်းပြောင် ကြယ်ပေါင်းခကာ
ဗမာ အောင်လံပါ
ဆောင်ရန်ကျင်းတော့ အလင်းရောင်ပေါ်
မြန်မာတို့ရဲ့ တပ်မတော်
လက်ရုံးစစ်ချီသီချင်း
ရာဇ၀င်ထိုးလောက်အောင်စွန့်ပေ
ကိုယ်လက်အင်္ဂါ ကျန်းမာချမ်းသာ
အာဇာနည်သွေးတွေ အရိုးကျေကျေ တို့ပြည်တို့မြေ
ခေတ်ဆွေးကို ပြောင်းပြန် ခေတ်သစ်သို့စီမံ လွတ်လပ်ဖို့စိတ်အကြံ
ညီစေနော် တို့ရဲဘော် ချီတက်ကြစို့တူပျော်ပျော်
ဘယ်ညာ ဘယ်ညာ မြန်မာပြည် ငါတို့ပြည် မြန်မာပြည်ငါတို့ပြည်
ခင်ခင်မင်မင် အမျိုးကို စောင့်ကြ ဘယ်ညာဘယ်ညာ
ဇာနည်တွေ လာပြီလေ ဒီအချိန်ခါ ညီညာစေ
မြန်မာဆိုဓားကို ဆွဲလို့ ထွက်ဖို့တော်ပြီလေ
အာရှသူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း
ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်
ငါတို့ဗမာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည် မိဘအပေါင်းတို့ကကွယ် အာဇာနည် အစစ်တွေကို ရှိဖို့မွေးရမယ်
သြော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်
ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတဲ့
မကြောက်တမ်း မရွံတမ်း ဗမာတွေအောင်ပန်း ဆွတ်ကြလေပြီကွယ်
ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်းထိုးလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်
တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ မျိုးဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို နွံတွင်းမှကယ်
တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
အာရှနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
နေမျိုးသာကီ ဗမာပြည်လက်ရုံး ကမ္ဘာ့နိုင်ငံအလုံး ထင်ပေါ်စေမယ်
စိတ်အားသန်သန် မာန်ကို မလျှော့တယ်
ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ ဂုဏ်ရည်ရယ်
တကယ်ပင် သတိုးမဟာ ဗန္ဓုလနှယ် စွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်
သားကောင်းများလို့ ခေါ်ရလောက်ပေတယ်
ဥဒါန်းတွင်စေဖွယ် ဗမာသူရဲကောင်း အပေါင်းတွေရယ်
ဖန်နေ၀န်း
ဖန်နေ၀န်းသို့ညီ ထွန်းလင်းပြောင်ပေသည်
ဒါတို့တိုင်းတို့ပြည် တို့ကာကွယ်မည်
ထူးမြတ်တဲ့ တို့တိုင်းပြည် တိုင်းရင်းသား ငါတို့လူမျိုးပိုင်ရမည်
လွတ်လပ်တဲ့ တို့တိုင်းပြည် ငါတို့ရဲ့ ခြင်္သေ့စိတ်ထား တည်ရမည်
အာဇာနည် ရဲမက်တွေသည် ဇွဲနဲ့တိုက်မည်
ဗမာတွေ နိုးကြားလာပြီ အမျိုးသားစစ်သည်
သေပေစီ ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည် ခိုက်မည်
တပ်မတော်ကြီးလည်း ချီလာပါပြီ
အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ
ဗမာအာဇာနည် ကမ္ဘာမှာတာရှည် ခိုင်မာအောင်သာငါတို့ကြံဆောင်မည် အောင်ပြီ
အဖတိုင်းပြည် တို့ကိုင်းညွတ်မည်
စည်းလုံးပြီးဆောင်ရွက်ကာတို့ ကာကွယ်မည်
ခွန်အားနဲ့ညီ စွန့်စားခဲ့သည်
ရဲသွေးနဲ့ သေမင်းကို သစ္စာနှံမည်
ဗမာမှန်လျှင် သတ္တှိရှိသည်
အသက်နဲ့လဲမယ့် ရဲဘော်ဖြစ်သည်
မျိုးရိုးအာဇာနည် စစ်ကိုလဲ အမြဲတိုက်ရမည်
ဗမာပြည်ကို တို့စောင့်ရှောက်မည်
အသက်နဲ့လဲမယ့် ရဲဘော်ဖြစ်သည်
မျိုးမြန်မာပြည့်ရွာ
မျိုးမြန်မာပြည်ရွာ တို့စောင့်ရှောက်ဖို့ပါ
ညီအစ်ကိုတို့များ ပေါင်းစုကာ ရင်မြေကတုတ်ပမာ
စစ်သွေး စစ်ရေးမွေးလို့သာ ဇာနည်စိတ်ထားတာ ငါတို့ဗမာ
ဒေါင်းလံတလူလူ ထူလို့သာ မြင်ရဦးတော့မှာ
ဗမာပြည်တိုင်းတခွင် အောင်ပွဲဆင်
တူယှဉ်ကာလဲ တိုက်ခဲ့တယ် ဇာမဏီ စိတ်ထားရယ်
ဟေ ရဲဘော် ရဲဘော် စစ်သည်တော်
တူယှဉ်ကာတိုက်မနော် တူပျော်ပျော်
နောင်ဥဒါန်းတွင်ရစ်အောင် စွန့်စားကြစို့နော်
မြန်မာအာဇာနည်
တို့ဗမာတွေ ရဲစွမ်းပြမည် အာဇာနည်ပီပီ
တို့ရဲဘော်များ အားလုံးညီညီ အသက်စွန့်ကာ တိုက်မည်
မျိုးရိုးနဲ့ ရာဇ၀င်မော်ကွန်းတည် သူရဲကောင်းများ ထွန်းကားသည်
မင်းရဲကျော်စွာ တပင်ရွှေထီးပုံညီ
ဘုရင့်နောင်ပါ အလောင်းဘုရားတို့သည်
ဗမာရဲသွေး မွေးခဲ့သည်
ရဲဇာနည် အောင်တပ်တော်ချီ
ဇွဲနဲ့ တို့များ တိုက်ခိုက်မည်
တပ်မတော်
တပ်မတော် ညီညာခိုင်မာသနော် တို့တပ်မတော်
တည်ထောင်ကာလာသော် သမိုင်းအရကျော်
ဖက်ဆစ်ကိုတော်လှန် တိုင်းပြည်ရဲ့ ဆူးညောင့်တွေ ရှင်းလင်းစေမနော်
တပ်မတော် အာဇာနည် ဘာမထီ တို့တပ်မတော်
နိုင်ငံတော် ကာကွယ်ရေးအတွက်နော်
စောင့်ရှောက်မယ်ပျော်ပျော်
တိုင်းပြည်ကို ဦးထိပ်တင်ထားတဲ့ တပ်မတော်
ဇွဲသတ္တိအရာမှာ ယှဉ်ပြိုင်နိုင်သော် ကမ္ဘာမှာ မြန်မာဂုဏ်မြှင့်တဲ့တို့တပ်မတော်
ပြည်သူ ကြည်ဖြူနေအောင် လိုက်နာကြံဆောင်မနော် ရည်မျှော်
အမျိုးသားတို့တပ်မတော်
တပ်မတောာ် ဘယ်ရန်သူကိုမဆို တိုက်ခိုက်မနော်
ရင်ဆိုင်ကာ အနိုင်ယူ ပွဲတိုင်းကျော်
တို့တပ်မတော် ထင်ပေါ်
တို့ပြည်သူအကျိုးအတွက်ကို အရေးထားလျက်နော်
အောင်ပွဲရတဲ့တို့စစ်သည်
ဘာမထီ အာဇာနည်စိတ်ထားနဲ့ညီ
မြန်မာပြည်ကို ထာဝစဉ်ကာကွယ်မယ့်
ပြည်သူ့တပ်မတော် ရှေ့သို့ချီလာပြီ
တို့ရဲ့ပြည်သူများအတွက် မကြောက်မရွံ့တိုက်ခိုက်မည်
အန္တရာယ် ရန်စွယ်တွေကို ရှင်းလင်းမည်
ပြည်သူကို ထာဝစဉ် ကူညီမယ့်
ပြည်ချစ်တပ်မတော် စိတ်ဓာတ်ခိုင်မာသည်
နောက်မတွန့် ပြည်သူ့သားကောင်း ဇွဲသတ္တိပြမည်
(ရန်သူဆို တို့ရင်ဆိုင်မည်
တို့သာပင် အစဉ်နိုင်ရမည် နောက်ကို မဆုတ်တမ်းချီ
ပြည်သူကမွေး မွေးခဲ့တဲ့တပ်မတော်
မျိုးချစ်ဇာနည် အောင်ပွဲရတဲ့ တို့စစ်သည်)
နိုင်ငံဂုဏ်ဆောင် မြန်မာအမျိုးသားစစ်သည်
အစဉ်ကာကွယ်မည် တပ်မတော်တာဝန်မှန်သည်
အောင်လံတလူလူ မိုးသို့လွှင့်ချီ
မျိုးချစ်ဇာနည်
အမျိုးအတွက်ကိုရည် ရှေ့ကပါဝင်သည် အဓိဌာန်တွေတူညီ
တို့ရဲ့နိုင်ငံ ကျူးကျော်ရန်ကို တွန်းလှန်ကာဖြိုမည်
အများအတွက်မူတည် အားတက်ကူညီ စစ်သည်တော်တွေသည်
ညီညီ အားလုံးသွေးစည်းညီ
ညီ စစ်သားတွေပီပီ လုပ်အားတွေကူမည်
ပြည်ကျိုးကို ရွယ်ရည်ထာဝစဉ်ချီ
စစ်စွမ်းရည်တွေသည် ခိုင်မြဲစွာသန္ဓေတည်
အောင်ပွဲတွေ အလီလီ အောင်မြင်စေမည်
တို့တပ်မတော်သည် သမိုင်းခေတ်အလီလီ အမြဲပင်ပါဝင်သည်
မျိုးချစ်ဇာနည် ထွန်းသစ်ဂုဏ်ရည် မြှင့်တင်ကာနေမည်
အများအတွက်မူတည် အားတက်ကူညီ စစ်သည်တော်တွေသည်
အောင်လံမလှဲဘဲ လွှင့်လို့ချီ
ပြည်သူ့တပ်မတော်
တို့ပြည်သူ့ တပ်မတော်သည် တို့ပြည်သူ့ တပ်မတော်သည်
ပြည်သူကို ထာဝစဉ် အမြဲချစ်ခင်သည်
အောင်လံကိုလွှင့်အသစ်တည် ညီညာလက်တွဲကြမည်
ပြည်ထောင်စုစစ်သည် အာဇာနည်
တို့ပြည်အကျိုးကို သယ်ပိုးကြမည်
နိုင်ငံအမျိုးအတွက် ထမ်းရွက်ကြမည်
ရဲရင့်သော ငါတို့စစ်သည် ရန်ဟူသမျှ ချေမှုန်းပစ်မည်
တို့ဟစ်ကြွေးသံညီညီ
ပြည်သူ့တပ်မတော်ဟူသည် ပြည်သူအတွက်ဖြစ်ရမည်
ပြည်သူရဲ့သားကောင်းများဖြစ်သည်
ပြည်သူကို ကူညီမည် ဇွဲစိတ်မာန်ညီ
တိုင်းပြည်ကို မြတ်နိုးကြတဲ့ တို့တပ်မတော်သည်
တို့ပြည်အကျိုးကို သယ်ပိုးကြမည်
နိုင်ငံအကျိုးအတွက် ထမ်းရွက်ကြမည်
ရဲရင့်သော ငါတို့စစ်သည် ရန်ဟူသမျှ ချေမှုန်းပစ်မည်
တို့စစ်ကြွေးသံညီညီ
ပြည်သူ့သားကောင်း
တပ်မတော်သားတွေသည် ပြည်သူ့ဘက်က အမြဲရပ်တည် ကာကွယ်ကာနေပြီ
သတ္တိခဲတွေသည် နယ်ချဲ့ဖက်ဆစ် တိုက်ခဲ့ပြီ ပြည်သူရဲ့သားကောင်းပီ
ဟေ့အဖျက်သမားရန်သူ တို့အမျိုးမထိနဲ့ မီးပွင့်မည် ယှဉ်ပြိုင်ရင်ဆိုင်မည်
တပ်မတော်သားဇာနည် ညီညွတ်မှုနဲ့ စိတ်ဓာတ်တည် အခိုင်မာဆုံး တို့စစ်သည်
တာဝန်တွေ ကျေပွန်အောင် ညီအစ်ကို တို့များသည်
တို့တိုင်းရင်းသားများနဲ့ သွေးစည်းဆောင်ရွက်မည်
ရန်သူကို ဘာမထီ နိုင်ငံတော်အတွက်ရည်
တပ်မတော်သည် အမြဲတမ်း အသင့်ရှိသည်
တို့ရဲ့မြန်မာ့တပ်မတော်
ပြည်သူ့အတွက် တပ်မတော် မျိုးချစ်တို့တပ်မတော်
ရဲဝံ့စွာ အမြဲစွန့်ကာ တိုက်ခိုက်ခဲ့ကြသနော်
ပြည်ချစ်တဲ့ရဲဘော် ဇွဲသတ္တိကြောင့်ကျော်
လာပြီနော် တို့ရဲ့မြန်မာ့တပ်မတော်
ကိုယ်ကျိုးစွန့်လို့သာ တိုင်းကျိုးထမ်းရွက်မနော်
အမျိုးရဲ့အပေါ် တို့တွက်မျှော် အမြဲလေးစားကြသော်
အင်အားနဲ့ဇွဲအပေါ် သတ္တိလောင်းလို့ကျော်
ဇာနည်မော် တို့ရဲ့ မြန်မာ့တပ်မတော်
တို့နိုင်ငံမြေအပေါ် အဘက်ဘက်မှနော်
တို့တာဝန်ကျေအောင် ထမ်းရွက်ကြရဲဘော်
တို့ပြည် တို့ရဲ့မြေကို တို့ကာကွယ်တူပျော်
လာပြီနော် တို့ရဲ့မြန်မာ့တပ်မတော်
နိုင်ငံတော်ကို ချစ်တဲ့သားကောင်းစစ်သည်တော်
နိုင်ငံတော်အတွက်ဆို ဇွဲနဲ့နွှဲလို့ပျော်
လွတ်လပ်သောနိုင်ငံတော် အမြဲခိုင်ဖို့တာဝန်နော်
ပြည်ထောင်စု ငါတို့မြန်ပြည်ပေါ်
တစ်လက်မ အထိမခံ အပြုတ်နှံမယ် တို့ရဲဘော်
ရန်သူကို ဘာမထီ ဇာနည်စစ်သည်တော်
လွတ်လပ်ရေးပေးအပ်ခါလဲ မြတ်တဲ့တို့ရဲဘော်
ပြည်သူများတွေ ကောင်းစားရန် လောကနိဗ္ဗာန်
ကမ္ဘာငြိမ်းချမ်းရေးရဖို့ရန် ရည်မျှော်
ပြည်တွင်းရန် ပြည်ပရန် တို့တွန်းလှန်မယ်နော်
သွေးနဲ့သာ ချွေးနဲ့သာ ဇွဲနဲ့နိုင်အောင်ဆော်
လူထုနဲ့ လက်တွဲကာ အောင်ပွဲခံမနော်
တူယှဉ်ကာတိုက်စို့
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်
နိုင်ငံတော် အကျိုးရှိဖွယ် တာဝန်ကျေပွန်တယ်
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်
မိုးတွေကလည်း မစဲဘဲ ရွာနေတယ်
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်
စစ်မြေမှာလဲ မစဲဘဲ ပစ်ခတ်တယ်
ကျည်ဆန်များဟာ တဖွဲဖွဲနဲ့ရွာသွန်းမိုးသို့နှယ်
တို့ဗိုလ်က ဓားကိုစွဲလို့ ရှေ့ကတက်ပါတယ်
ဘယ်မှာ ကြောက်စိတ်ရှိလဲ ငါတို့စစ်သားရယ်
ရန်သူမှာလည်း အရှုံးကြီး ရှုံးနေတယ်
သူတို့အလောင်းကောင် ကာကွယ်ပြုလို့ ငါတို့တိုက်ရတယ်
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်
Saturday, April 11, 2009
ကျောင်းဆင်းစစ်ရေးပြ ထွက်ခွာ သီချင်း
ကျောင်းဆင်းတပ်ခွဲများ စစ်ရေးပြကွင်းထဲက ထွက်ခွာတဲ့အခါ တီးတဲ့ တီးလုံး နဲ့ သီချင်း ဖြစ်ပါတယ်။ သီချင်းကို အင်္ဂလိပ်လို Auld Lang Syne လို့ခေါ်ပြီး စကော့ ကဗျာဆရာ Rabbie Burns ( ၁၇၅၉-၉၆) က ၁၇၈၈ ခုနှစ်မှာ ကျေးလက်ဂီတ သံစဉ်နဲ့ ဖွဲ့ခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံ တော်တော်များများမှာ ဒီသီချင်းကို တော်တော် လူသိများပြီး နှစ်သစ်ကူး အခါသမယတွေမှာ ညသန်းခေါင်ယံချိန် သီဆိုကြလေ့ ရှိပါတယ်။ စကော့သီချင်းနာမည် Auld Lang Syne ကို အင်္ဂလိပ်တွေက Old Long Since လို့ ဟိုးရှေးရှေးတုန်းက ဆိုတဲ့ အဓိပ္ပာယ်နဲ့ နာမည်ပေးပါတယ်။ Once upon a time လို့လဲ ဘာသာပြန်လို့ ရပါတယ်။ အောက်မှာ သီချင်းနားထောင်ရင်း စာသားလေးတွေ လိုက်ဆိုလို့ရအောင် ရေးပေးထားပါတယ်။
Should auld acquaintance be forgot,
And never brought to mind?
Should auld acquaintance be forgot,
And auld lang syne?
CHORUS:
For auld lang syne, my dear,
For auld lang syne,
We'll tak a cup of kindness yet,
For auld lang syne!
And surely ye'll be your pint-stowp,
And surely I'll be mine,
And we'll tak a cup o kindness yet,
For auld lang syne!
We twa hae run about the braes,
And pou'd the gowans fine,
But we've wander'd monie a weary fit,
Sin auld lang syne.
We twa hae paidl'd in the burn
Frae morning sun till dine,
But seas between us braid hae roar'd
Sin auld lang syne.
And there's a hand my trusty fiere,
And gie's a hand o thine,
And we'll tak a right guid-willie waught,
For auld lang syne
Meanings
auld lang syne - times gone by
be - pay for
braes - hills
braid - broad
burn - stream
dine - dinner time
fiere - friend
fit - foot
gowans - daisies
guid-willie waught - goodwill drink
monie - many
morning sun - noon
paidl't - paddled
pint-stowp - pint tankard
pou'd - pulled
twa - two
Saturday, February 21, 2009
စစ်တက္ကသိုလ် အပတ်စဉ် ၄၃ သမိုင်းအကျဉ်း
ပထမနှစ် အခြေခံ စစ်သင်တန်း ပြီးဆုံးချိန်တွင် ဗိုလ်လောင်းအသိအမှတ်ပြု ဒေါက်တင်ပွဲကို ကျင်းပပြီးနောက် တက္ကသိုလ် ပညာရပ်များကို သင်ကြားခဲ့ကြသည်။ စာပေပညာရပ်များကို အထူးပြုဘာသာရပ် ရှစ်ခုဖြင့် သင်ယူခဲ့ကြသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်၊ ဓာတုဗေဒ၊ ရူပဗေဒ နှင့် ကွန်ပြူတာသိပ္ပံ ဘာသာရပ်တို့ ဖြစ်ပါသည်။
ပထမနှစ် နှစ်ဝက်စာမေးပွဲ ပြီးဆုံးချိန်တွင် မြန်မာပြည် အလယ်ပိုင်း ရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး တဝိုက် ရှေးဟောင်း ဘုရားပုထိုးများ၊ သမိုင်းဝင် ခံတပ်ဟောင်း များကို သွားရောက် လေ့လာခဲ့ကြသည်။ ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲများ ပြီးဆုံးသောအခါ မိဘရပ်ထံသို့ခွင့်တစ်လ ပြန်ကြရသည်။
ဒုတိယနှစ်တွင်လည်း အလားတူပင် မြန်မာပြည် အလယ်ပိုင်းရှိ စက်ရုံ အလုပ်ရုံများသို့ သွားရောက် လေ့လာရင်း အပန်းဖြေခရီး တစ်ပတ်တာ သွားခဲ့ကြသည်။ အတန်းတင် စာမေးပွဲများ ပြီးဆုံး၍ မွေးရပ်ဌာနေမှ ပြန်လာသော အခါတွင် စစ်တတ္ကသိုလ်တွင် နောက်ဆုံးနှစ် ဗိုလ်လောင်းများအဖြစ် ကျောင်းတော်ကြီး၏ ကွပ်ကဲသူများတာဝန်ကိုထမ်းဆောင် နေကြရပြီ ဖြစ်သည်။
တတိယနှစ်တွင်မူ တစ်မူထူးခြားစွာ ပြည်သူ့ဘဝ လေ့လာရေး ခရီးစဉ်အဖြစ် ရွာကြီးတစ်ရွာတွင် အခြေပြု၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တစ်ပတ်တာ ဆောင်ရွက်ခဲ့သည်။ ခရီးရှည် ချီတက်ထိုးဖောက်ခြင်း သင်ခန်းစာနှင့် အောင်စစ်သည်တိုက်စစ် ပြိုင်ပွဲတို့သည် ဗိုလ်လောင်းဘဝ၏ နောက်ဆုံး လေ့ကျင့်ခန်းများ ဖြစ်ပါသည်။
သုံးနှစ်တာကာလ စာပေပညာ စစ်ပညာများကို သင်ယူဆည်းပူးပြီးနောက် ၂၀ဝ၁ ခုနှစ် ဧပြီလ ၆ ရက် တွင် ကျောင်းဆင်းပွဲရက်သို့ ရောက်ရှိလာခဲ့သည်။ နံနက်ပိုင်းတွင် ကျင်းပသော ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ တစ်ဆက်တည်း ကျင်းပသော ရာထူးခန့် အခမ်းအနားတွင် စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ်တင်ငွေက မြန်မာ့တပ်မတော် ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်များအဖြစ် ခန့်အပ်ပေးခဲ့သည်။ နေ့လည်ပိုင်းတွင် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြီး စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် တင်ဦးက အထူးပြုဘာသာရပ် အသီးသီးအလိုက် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် ကွန်ပြူတာသိပ္ပံဘွဲ့များကို ချီးမြှင့်အပ်နှင်းခဲ့သည်။
စစ်တက္ကသိုလ် အပတ်စဉ် လေးဆယ့်သုံး ဗိုလ်လောင်း သင်တန်းမှ ထူးချွန်ဆုရရှိသူများမှာ ဆင်ဖြူရှင်တပ်ခွဲမှ ဗိုလ်လောင်း ဝင်းကိုကို (အောင်စစ်သည်ဆု)၊ အောင်ဆန်းတပ်ခွဲမှ ဗိုလ်လောင်း သန်းဝင်းအောင်(လေ့ကျင့်ရေးထူးချွန်ဆု)၊ ဗိုလ်လောင်း မောင်မောင်လွင် (စာပေထူးချွန်ဆု ဝိဇ္ဇာ)၊ ဗိုလ်လောင်း ထွန်းနိုင်ဝင်း ( စာပေထူးချွန်ဆု သိပ္ပံ) တို့ဖြစ်သည်။
တာဝန်ကျရာ မိခင်တပ် အသီးသီးတွင် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ပြီးသောအခါ အများစုမှာ ရန်ကုန်တက္ကသိုလ်၊ စစ်တက္ကသိုလ် နှင့် ရုရှားနိုင်ငံ တက္ကသိုလ် အချို့တွင် မဟာဘွဲ့သင်တန်းများ တက်ရောက်ခဲ့ကြသည်။ သုံးနှစ်တာ ပညာများ ဆက်လက်ဆည်းပူးပြီးနောက် သင်တန်းများ ပြီးဆုံးသောအခါ ကာကွယ်ရေးဝန်ကြီးဌာန ဦးစီးရုံးကြီးများနှင့် ညွှန်မှူးရုံးများတွင် ဦးစီးအရာရှိများအဖြစ် လည်းကောင်း၊ မြို့ပြဘက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ဦးစီးအရာရှိများအဖြစ် လည်းကောင်း၊ တပ်မတော် တက္ကသိုလ်များနှင့် စစ်သင်တန်းကျောင်း အသီးသီးတွင် စာပေနှင့် စစ်ပညာဆိုင်ရာ နည်းပြအရာရှိများအဖြစ်လည်းကောင်း၊ တပ်ရင်း တပ်ဖွဲ့များတွင် တပ်စုမှူး တပ်ခွဲမှူးများအဖြစ် လည်းကောင်း မိမိတို့ ကျရာတာဝန်များကို ထမ်းဆောင်ခဲ့ကြပါသည်။
ယခုအခါ တပ်မတော်တွင် ဆက်လက် တာဝန်ထမ်းဆောင်သူများက ဗိုလ်မှူး အဆင့်ဖြင့် တပ်ရင်းတပ်ဖွဲ့များတွင် ဌာနချုပ်တပ်ခွဲမှူး၊ တပ်ခွဲမှူး တာဝန်များကိုလည်းကောင်း၊ ဦးစီးရုံးများတွင် ဦးစီးအရာရှိ(ဒုတိယတန်း) တာဝန်များကို လည်းကောင်း၊ တပ်မတော် တက္ကသိုလ်များတွင် လက်ထောက်ကထိက များအဖြစ်လည်းကောင်း၊ မြို့ပြဘက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများတွင် လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဦးစီးအရာရှိများအဖြစ် လည်းကောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့တွင် ရဲမှူး အဆင့်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အဖြစ်လည်းကောင်း နိုင်ငံတော်တာဝန်များ ထမ်းဆောင်လျက် ရှိနေကြပါသည်။
(၆-၄-၂၀၁၂)