တောင်ပြာတောတန်း ၊ စိမ်းစိမ်းရိပ်ညို
ပန်းနှင့်စမ်းနှင့် ၊ ကမ်းလင့်နားခို
မြူးဝင့်ကြွား တို့များစစ်တက္ကသိုလ်။
သင်ကြားလေ့ကျင့် ၊ ချွေးပွင့်တူဖြိုင်
ဆင်းရဲပင်ပန်း ၊ ဖြတ်သန်းရင်ဆိုင်
အောင်မြင်လက်လှမ်း ၊ပြုံးပန်းပိုင်ပိုင်
ထိုတစ်နေ့ မမေ့သက်ဆုံးတိုင်။
လှိုက်ဖိုဝမ်းနည်း ၊ ဝေ့ဝဲမျက်ရည်
ခရီးရှေ့ဆက် ၊ နှုတ်ဆက်ကိုယ်စီ
စစ်မြေရှေ့တန်း ၊ တက်လှမ်းလို့ချီ
အစဉ်လွမ်း ချစ်ကျွမ်းတို့နောင်ညီ။
ဗုံးမိုးကျည်မိုး ၊ ယမ်းခိုးလူလူ
ရဲဝံ့နီစွေး ၊ သွေးအသက်လှူ
အောင်သံခြိမ့်ခြမ့် ၊ သိမ့်သိမ့်ညံဆူ
အမေ့သား ဝံ့ကြွား တံခွန်ထူ။
လှိုင်းကြားလေကြား ၊ စွန့်စားရန်ဖွေ
ဝေယံထက်မိုး ၊ အုပ်စိုးပိုင်စေ
မျိုးချစ်စိတ်ပွား ၊ ခွန်အားသစ်ဝေ
ခိုင်ခိုင်မြဲ လက်တွဲ ကြည်း ရေ လေ။
ချယ်ရီပွင့်တိုင်း ၊ ရင်လှိုင်းနွေးဖို
ငယ်စဉ်ဓလေ့ ၊ အောက်မေ့နုပျို
အမေ့ကျေးဇူး ၊ ဂုဏ်ထူးမြင်းမိုရ်
ရင်မြေ့ချမ်း ဆွတ်တမ်းကျောင်းရိပ်ညို။
ဇော်မင်းမင်းဦး
ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး (ငြိမ်း)၊ အပတ်စဉ် ၂၆၊ တပ်မတော် (ရေ)
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး (ငြိမ်း)၊ အပတ်စဉ် ၂၆၊ တပ်မတော် (ရေ)
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
No comments:
Post a Comment