- နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုတဲ့ စစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်ဖို့အတွက် တပ်မတော်သားကောင်းတစ်ဦး ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ဖို့လိုတယ်။ စစ်တပ်ဆိုတာ အမှန်သာ လိုက်နာနိုင်ရင် တကယ့်ယောက်ျားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပါ။ အပါး ခြောက်ဆယ်သော စစ်သည်တော် ကျင့်ဝတ်တွေဟာ အခြေခံအကျဆုံး လိုက်နာရမယ့် ပြဌာန်းချက် ဖြစ်တယ်။
- အမျိုးအစား ပို၍ကောင်းရမည်ဆိုတာ မိမိကိုယ် မိမိ လေ့ကျင့်ရေးနဲ့ ကြီးကြပ်မှုဖြင့် လေ့ကျင့်ရေး။ လေ့ကျင့်ရေးမှုးကောင်းတွေ ဖြစ်ဖို့လိုတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးတွေ အချိုးညီနေရမယ်။ ရုပ်ပိုင်းဆိုင်ရာကြောင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ အကျိုးတရားတွေ ရနိုင်သလို စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာမှာ အားအင်သစ်တွေ အံ့မခန်း ထွက်ပေါ်လာနိုင်မှာ ဖြစ်တယ်။ ပြည်သူလူထုနဲ့ တစ်ဆက်တည်း ဖြစ်ရမယ် ဆိုတာက ရောက်ရာဒေသကို ကိုယ့်ဇာတိရပ်ရွာလို သဘောထားပြီး ထိတွေ့ရတဲ့ လူထုကိုလည်း ကိုယ့်ရဲ့ မိဘဆွေမျိုး အရင်းအချာပမာ စိတ်ကောင်း စေတနာကောင်းနဲ့ အလုပ်အကျွေးပြုရမယ်။
- ခေတ်သစ် စစ်ပွဲများမှာ စစ်ဘက် ပစ်မှတ်များ သာမက မြို့ရွာတွေနဲ့ နိုင်ငံတော်ရဲ့ အခြေခံ အဆောက်အအုံတွေကိုပါ ပစ်ခတ်ဖျက်ဆီးလာကြတာကြောင့် ပြည်သူ့စစ် မဟာဗျူဟာသည် တို့နိုင်ငံအတွက် လုံးဝဥဿုံ မှန်နေတယ်။
- နိုင်ငံတော် အလံကိုင်ပြီး ကျမ်းကျိန်ကြတာဟာ တပ်မတော် အဖွဲ့အစည်းရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ သစ္စာလေးချက်ကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက် ကြရမယ်။
- နိုင်ငံတော်နဲ့ တပ်မတော်အတွက် စွန့်လွှတ်စွန့်စားရဲတဲ့ စိတ်နဲ့ တပ်ကိုကောင်းအောင်လုပ် စစ်ကို နိုင်အောင်တိုက် ပြည်သူချစ်အောင်ကျင့်။ ကိုယ်ခေါင်းဆောင်ရတဲ့ တပ်ဖွဲ့ရဲ့ ယုံကြည်ကိုးစားမှုကို ရရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် မိမိကိုယ်ကို ပြုစုပျိုးထောင်ဖို့ လိုတယ်။
- ထိုးထွင်းတီထွင် ကြံဆနိုင်ဖို့အတွက် ဗဟုသုတ အခြေခံ ရှိရမယ်။ လေ့လာတွေ့ရှိချက်တွေဟာ စဉ်ဆက်မပြတ် မြင့်မားနေတာကြောင့် ပညာခေတ်ကို အမီလိုက်နိုင်အောင် ကြိုးစားကြရမယ်။ စစ်ဘက်ဆိုင်ရာ ဗဟုသုတတွေ ကြွယ်ဝမှ ခေတ်နဲ့အညီ ခေါင်းဆောင်နိုင်မှာ ဖြစ်တယ်။ အတတ်ပညာ ပြည့်ဝခြင်းဟာ သုတေသနပြုခြင်းက ရရှိပြီး သုတေသနပြုခြင်းဟာလည်း လက်တွေ့ အသုံးချနိုင်ဖို့ ဖြစ်တယ်။
- အကျင့်ဆိုတာ ၀ါသနာနဲ့ စွဲမြဲနေတဲ့ အလေ့အထဖြစ်ပြီး စာရိတ္တဆိုတာ ကိုယ်ကျင့်တရား ဖြစ်တယ်။ စိတ်ရင်းစေတနာ ကောင်းသူတစ်ယောက်ဟာ စိတ်ဓာတ်မြင့်မြတ်တဲ့အတွက် ကိုယ်ကျင့်တရား ကောင်းမွန်သလို စည်းကမ်းအရာမှာလည်း ကောင်းမွန်တတ်တယ်။ တပ်မတော်ဆိုတာ ကျင့်ဝတ်သီလနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် ခေါင်းဆောင်တွေဟာ စည်းကမ်းအရာမှာ စံနမူနာပြ ဖြစ်ဖို့လိုတယ်။
- သစ္စာဆိုတာ နိုင်ငံနဲ့ လူမျိုးအပေါ် မှန်ကန်သော စောင့်သိ ရိုသေမှု ဖြစ်တယ်။
- တပ်မှူးကောင်းရင် တပ်က ကောင်းပြီး တပ်မှူးညံ့လျှင် တပ်က အားနည်းစမြဲ ဖြစ်တယ်။ တပ်ဖွဲ့ဝင်များ ဇနီးသားသမီး မှီခိုသူများအပါအ၀င် ကျန်းမာ ပျော်ရွှင်စွာနဲ့ စိတ်ဓာတ်တက်ကြွပြီး တပ်မှူးအပေါ် ကြည်ညိုလေးစား အားကိုးလိုစိတ်တွေ ဖြစ်ပေါ်နေရမယ်။ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားသရွေ့ လက်အောက်ငယ်သားတွေရဲ့ ကြည်ညို လေးစားမှုကို ရရှိနေမှာပဲ ဖြစ်တယ်။
- တပ်တစ်တပ်ဟာ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် တညီတညွတ်တည်း စုပေါင်းဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းစိတ်ဓာတ်ဟာ မရှိမဖြစ် လိုအပ်တယ်။
- ကွပ်ကဲမှု။ မမျှော်မှန်းထားသော အခြေအနေမျိုး ရုတ်ချည်း ဖြစ်ပေါ်လာတဲ့အခါ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်ပြီး အမိန့်ပေးကွပ်ကဲနိုင်မှု
- ကြီးကြပ်မှု။ စစ်ဥပဒေသများ တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ စစ်ဘက်ဓလေ့ထုံးစံများကို တပ်ဖွဲ့ဝင်တွေက မှန်မှန်ကန်ကန် ဆောင်ရွက်အောင် ကြပ်မတ်ပေးခြင်း
- လူ့ခန္ဓာကိုယ်က ကြွက်သားတွေဟာ အသုံးပြုပါများလေ သန်မာလေ ဖြစ်သလို ရဲရင့်ခြင်း စွမ်းရည်ဟာလည်း အတွေ့အကြုံများလေ တောက်ပြောင်လေ ဖြစ်တယ်။
- ရန်သူ့သတင်းကို နည်းမျိုးစုံနဲ့ ရယူပြီး အမြဲသတိရှိ အမြဲ လက်ဦးမှူ ရယူဖို့ လိုအပ်တယ်။
- လေ့ကျင့်ရေးနဲ့တည်ဆောက်။ တစ်ဦးချင်း စွမ်းရည်ထက်မြက်မှုဟာ တပ်မတော် တစ်ရပ်လုံးရဲ့ စွမ်းရည်ထက်မြက်မှုအခြေခံ
- အုပ်ချုပ်မှုနဲ့တည်ဆောက်။ စစ်ဦးစီး စစ်ရေး စစ်ထောက်ဆိုတဲ့ ယန္တရားသုံးရပ်ကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် မောင်းနှင်နိုင်ဖို့
- သက်သာချောင်ချိရေးနဲ့တည်ဆောက်။ မျိုးချစ်တပ်မတော် ဖြစ်တာကြောင့် သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်တယ်
- စိတ်ဓာတ်နဲ့တည်ဆောက်။ ဦးစွာပထမ စိတ်ဓာတ်ကောင်းအောင်လုပ်၊ စိတ်ဓာတ်မြှင့်တင်မှုတွေကို လိုအပ်သလို ဆောင်ရွက်ပေးကြဖို့လိုတယ်
- ခေတ်သစ်စစ်ပွဲရဲ့ အဓိကအချက်ကြီးများကတော့ လက်ဦးမှု၊ အခြေအနေ ဖန်တီးနိုင်မှု၊ နက်ရှိုင်းစွာ တိုက်ခိုက်နိုင်မှုနဲ့ အချိန်ကိုက် ဆောင်ရွက်မှုတို့ပဲ
- စက်မှုနည်းပညာနဲ့ အီလက်ထရောနစ် နည်းပညာတွေ တိုးတက်ထွန်းကားလာတာကြောင့် လက်နက်တွေဟာ အဖျက်စွမ်းအား ကြီးမားလာတယ်။ ပစ်အားများပြားပြီး ထိရောက်မှုတိကျတယ်။ တာဝေးပစ်ခတ်နိုင်စွမ်း တိုးတက်လာတယ်။ ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ အဆင့်အတန်းမြင့်မားလာတယ်။ သတင်းအချက်အလက် နည်းပညာကြောင့် သတင်းဖြန့်ဖြူးမှု လျှင်မြန်လာပြီး သတင်းဌာနတွေလည်း အများအပြား သုံးစွဲလာနိုင်တယ်။
- အားသာမှုတွေ ရှိရင် အားနည်းမှုတွေလည်း ရှိစမြဲပဲ။ အီလက်ထရွန်နစ် ကိရိယာတွေကို အီလက်ထရွန်နစ် တန်ပြန်နည်း၊ အီလက်ထရွန်နစ် လှည့်ဖျားနည်းတွေနဲ့ တုန့်ပြန်လို့ရတယ်။
- အရည်အချင်းမြင့်မားတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖြစ်မှသာ ကိုယ့်ခေတ်ရဲ့ တာဝန်ကို ကျေပွန်မှာ ဖြစ်တယ်။
- နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဟာ အဓိကတာဝန်ဖြစ်တယ်။ ဒါကြောင့် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်တွေအပြင် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတာဝန်တွေကိုပါ နားလည်ကြရမယ်။
- တို့နိုင်ငံတော် တို့နိုင်ငံသားနဲ့ တို့တပ်မတော်အတွက် အားထားလောက်တဲ့ တပ်မတော်သားဘ၀ကို ခံယူသွားကြဖို့ တိုက်တွန်းမှာကြားလိုက်ပါတယ်။
Sunday, May 17, 2009
အမှတ်စဉ် ၄၃ ကျောင်းဆင်းပွဲမိန့်ခွန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment