Sunday, May 17, 2009

စစ်တက္ကသိုလ်ညနေခင်း

အနောက်နေသည်
ရွှေရည်စောင်းထိုး ကျောင်းခရိုးဝယ်
ပေါင်းမိုးကွန်ကျော့ ခပ်ဖျော့ဖျော့ ။
ခလောက်လေပြည်
စေတီသာလှ ၀ိဇယအား
ဦးချမာန်လျှော့ တနော့နော့ ။
ခြောက်လမ်းသွားတွင် စိန်ပန်းပင်တို့
လေညင်းရိုက်လီ ရွက်ခတ်မြည်၍
တေးသီဆိုင်နော့ တကျော့ကျော့ ။
ကျောက်တောင်ကုန်းမှ အောက်လမ်းမ၀ယ်
ခြေကြွလည်းညီ ခြေချညီလျက်
ပီတီပြေးသွား ဗိုလ်လောင်းများ၏
ဝင့်ကြွားပြင်းထန် ဖိနပ်သံနှင့်
ကြွေးညံကျားထိုး ၀န်းကျင်မိုးသော်
မြတ်နိုးသိမ့်သိမ့် နားဝယ်စိမ့် ။
ဘုံတောင်မြေနေဦးခက်
(၃၁-၁၀-၂၀၀၀)

No comments: