ပန်းပေါင်းစုံဝေ အောင်နန်းမြေတည့်
သရေရွှန်းတင့် အောင်လံဝင့်လျက်
ဂုဏ်မြင့်ဝေဖြာ ကျောင်းမဟာကား
သညာညွှန်းဆို စစ်တက္ကသိုလ်။
သားကောင်းကွန်းခို ကျောင်းမြင်းမိုရ်။
ှဗိုလ်လူမြတ်လေး ပြည့်ရင်သွေးတို့
စစ်ရေးလေ့လာ ပျားပမာနှယ်
စာပေသင်ကြား ခြအလားဟု
ထင်ရှားပုံပြု ကြိုးစားမှုလျှင်
ပေါင်းစုပြည့်လျှံ ပညာငံ၍
အောင်လံထူလှစ် ရည်ချင်းစစ်သော်
"နောင်တစ်ခေတ်၏ အောင်စစ်သည်" ဟု
ဂုဏ်ရည်ကြွားဝင့် မျိုးဂုဏ်တင့်။
ဇာနည်ရဲရင့် အောင်ပွဲဆင့်။
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်ကား
နုပျိုထင်ရှား ဇာနည်ဘွားတို့
တိုင်းသားပြည်သူ ဖေးမကူ၍
ဓူဝံပမာ လမ်းပြရာတွင်
စဉ်လာဆယ့်နှစ် မော်ကွန်းသစ်အောင်
သစ္စာလေးလီ ဦးထိပ်တည်၍
စွမ်းရည်ခိုင်မြဲ ရဲသုံးရဲနှင့်
မြဲသုံးမြဲတွင် မြင်လေးမြင်နှင့်
နှိုင်းယှဉ်ပုံထောက် ခေါင်းဆောင်မြောက်ဟု
ဆယ့်ခြောက်အင်္ဂါ စံနည်းနာဖြင့်
သစ္စာ သိပ္ပ သူရ စုံအောင်
'' နောင်တစ်ခေတ်၏ အောင်စစ်သည်" ဟု
ဖြစ်တည်ထွန်းပေါက် ခရီးရောက်အောင်
တောက်ပရောင်မောင်း ပုံသွန်းလောင်းသည့်
သားကောင်းတို့၏ အမိမြေ။
" ကြည်း ရေ လေ " တွက် အားသစ်ဝေ။
သရေရွှန်းတင့် အောင်လံဝင့်လျက်
ဂုဏ်မြင့်ဝေဖြာ ကျောင်းမဟာကား
သညာညွှန်းဆို စစ်တက္ကသိုလ်။
သားကောင်းကွန်းခို ကျောင်းမြင်းမိုရ်။
ှဗိုလ်လူမြတ်လေး ပြည့်ရင်သွေးတို့
စစ်ရေးလေ့လာ ပျားပမာနှယ်
စာပေသင်ကြား ခြအလားဟု
ထင်ရှားပုံပြု ကြိုးစားမှုလျှင်
ပေါင်းစုပြည့်လျှံ ပညာငံ၍
အောင်လံထူလှစ် ရည်ချင်းစစ်သော်
"နောင်တစ်ခေတ်၏ အောင်စစ်သည်" ဟု
ဂုဏ်ရည်ကြွားဝင့် မျိုးဂုဏ်တင့်။
ဇာနည်ရဲရင့် အောင်ပွဲဆင့်။
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်ကား
နုပျိုထင်ရှား ဇာနည်ဘွားတို့
တိုင်းသားပြည်သူ ဖေးမကူ၍
ဓူဝံပမာ လမ်းပြရာတွင်
စဉ်လာဆယ့်နှစ် မော်ကွန်းသစ်အောင်
သစ္စာလေးလီ ဦးထိပ်တည်၍
စွမ်းရည်ခိုင်မြဲ ရဲသုံးရဲနှင့်
မြဲသုံးမြဲတွင် မြင်လေးမြင်နှင့်
နှိုင်းယှဉ်ပုံထောက် ခေါင်းဆောင်မြောက်ဟု
ဆယ့်ခြောက်အင်္ဂါ စံနည်းနာဖြင့်
သစ္စာ သိပ္ပ သူရ စုံအောင်
'' နောင်တစ်ခေတ်၏ အောင်စစ်သည်" ဟု
ဖြစ်တည်ထွန်းပေါက် ခရီးရောက်အောင်
တောက်ပရောင်မောင်း ပုံသွန်းလောင်းသည့်
သားကောင်းတို့၏ အမိမြေ။
" ကြည်း ရေ လေ " တွက် အားသစ်ဝေ။
မောင်အောင်သန်းမြင့် ( ၂၈၇၄/AS )
ဒုတိယဗိုလ်မှူးကြီး အောင်သန်း၊ အပတ်စဉ် ၂၇၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
ဒုတိယဗိုလ်မှူးကြီး အောင်သန်း၊ အပတ်စဉ် ၂၇၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
No comments:
Post a Comment