ဗမာ ဗမာ ကမ္ဘာပေါ်မှာ ကြွားနိုင်စေဖို့ရာ
ဗျူဟာပညာ တို့အမျိုးသားတို့ နားလည်စေချင်တာ
ဗျူဟာပညာ သင်ကြားကြဖို့ ကြိုးစားတို့မြန်မာ
တို့အမျိုးငဲ့ အကျိုးတွက်တာ သယ်ပိုးစေဖို့ရာ
သေနင်္ဂမှာ ထိပ်တန်းကသာ
လူငယ် တစ်တွေဟာ ဗမာတို့ရဲ့တပ်မတော် ၀င်ရန်အချိန်သင့်တော်
ဗမာအောင်လံ ဗမာထောင်ရန် တို့တာဝန်ကြီးပါ
အာဇာနည်တွေ တို့သွေးချွေးနဲ့ ရင်းနိုင်စေပြန်တာ
အာဇာနည်တွေ လွတ်လပ်ရေးအတွက် စွမ်းဆောင်ခဲ့ပေတာ
တို့အမျိုးနဲ့ တို့တိုင်းတွက်တာ သယ်ပိုးစေဖို့ရာ
အောင်လံထွန်းပြောင် ကြယ်ပေါင်းခကာ
ဗမာ အောင်လံပါ
ဆောင်ရန်ကျင်းတော့ အလင်းရောင်ပေါ်
မြန်မာတို့ရဲ့ တပ်မတော်
No comments:
Post a Comment