Friday, April 24, 2009

ဖန်နေ၀န်း


ဖန်နေ၀န်းသို့ညီ ထွန်းလင်းပြောင်ပေသည်
ဒါတို့တိုင်းတို့ပြည် တို့ကာကွယ်မည်
ထူးမြတ်တဲ့ တို့တိုင်းပြည် တိုင်းရင်းသား ငါတို့လူမျိုးပိုင်ရမည်
လွတ်လပ်တဲ့ တို့တိုင်းပြည် ငါတို့ရဲ့ ခြင်္သေ့စိတ်ထား တည်ရမည်
အာဇာနည် ရဲမက်တွေသည် ဇွဲနဲ့တိုက်မည်
ဗမာတွေ နိုးကြားလာပြီ အမျိုးသားစစ်သည်
သေပေစီ ရဲတဲ့ဇာနည် ဇွဲနဲ့တိုက်မည် ခိုက်မည်
တပ်မတော်ကြီးလည်း ချီလာပါပြီ
အောင်တပ်မတော်ကြီးလည်း ချီလာပါပြီ
ဗမာအာဇာနည် ကမ္ဘာမှာတာရှည် ခိုင်မာအောင်သာငါတို့ကြံဆောင်မည် အောင်ပြီ
အဖတိုင်းပြည် တို့ကိုင်းညွတ်မည်
စည်းလုံးပြီးဆောင်ရွက်ကာတို့ ကာကွယ်မည်
ခွန်အားနဲ့ညီ စွန့်စားခဲ့သည်
ရဲသွေးနဲ့ သေမင်းကို သစ္စာနှံမည်
ဗမာမှန်လျှင် သတ္တှိရှိသည်
အသက်နဲ့လဲမယ့် ရဲဘော်ဖြစ်သည်
မျိုးရိုးအာဇာနည် စစ်ကိုလဲ အမြဲတိုက်ရမည်
ဗမာပြည်ကို တို့စောင့်ရှောက်မည်
အသက်နဲ့လဲမယ့် ရဲဘော်ဖြစ်သည်
တေးရေး-ရွှေတိုင်ညွန့်

No comments: