ဗိုလ် ဆိုတာ ပါဠိစကား ဗလ ကနေ ဆင်းသက်လာတယ်လို့ မှတ်သားဖူးပါတယ်။ ဒါနဲ့ပဲ မြတ်ဗုဒ္ဓပါဝစနအဘိဓာန်မှာ ကြည့်လိုက်တော့
ဗလ = အင်အား၊ ခွန်အား၊ ဗိုလ် လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဗလ ငါးပါးရှိတယ်လို့ ဆိုထားပါသေးတယ်။ အဲဒါတွေကတော့-
- သဒ္ဓါဗလ = သဒ္ဓါဗိုလ်
- ဝီရိယဗလ = ဝီရိယဗိုလ်
- သတိဗလ = သတိဗိုလ်
- သမာဓိဗလ = သမာဓိဗိုလ်
- ပညာဗလ = ပညာဗိုလ်
နောက်တစ်ခု မှတ်သားထားမိတာက ဗိုလ်ဆိုတာ ဆန့်ကျင်ဘက်တရားများကို အောင်မြင်ခြင်းပါတဲ့။ ဘာနဲ့ အောင်မြင်သလဲဆိုရင် အထက်ပါ ဗလငါးပါးနဲ့ ဆန့်ကျင်ဘက်များကို အောင်မြင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
နောက် ဖွင့်ဆိုချက်တစ်ခုကတော့-
ဗိုလ်ဆိုတာ ဗလငါးတန်နဲ့ ပြည့်စုံသူ ပါတဲ့။ ဘယ်လို ဗလတွေလဲဆိုတော့
- ကာယဗလ = ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်ခြင်း
- ဥာဏဗလ = အသိပညာ ဆင်ခြင်တုံတရား ပြည့်ဝခြင်း
- မိတ္တဗလ = မိတ်ဆွေ အပေါင်းအသင်း ပေါများခြင်း
- စာရိတ္တဗလ = အကျင့်သီလ ဖြောင့်မတ်ခြင်း
- ဘောဂဗလ = ပစ္စည်း ဥစ္စာ ပြည့်စုံကြွယ်ဝခြင်း ဆိုတဲ့ ဗလငါးတန်နဲ့ ပြည့်စုံတာကို ပြောခြင်းဖြစ်ပါတယ်။
No comments:
Post a Comment