Saturday, October 24, 2009

ဗိုလ်လောင်းဘဝ ရောက်ကြသောခါ

ဗိုလ်လောင်းဘဝ ရောက်ကြသောခါ ပျော်ပျော်ပါးပါး ကြိုးစားကြောင်းကိုသာ စိတ်ဓာတ်ခိုင်မာ စိတ်မှာ ရဲရင့် ပညာထင်ပေါ် စစ်တိုက်တော် ကျောင်းတော်မှာ ထင်ရှားပါလို့လေး။ စစ်ချီ စစ်ထိုး ရှေးရိုးပညာ ခေတ်သစ်ပေါင်းဖက် တိုးတက်တဲ့ စစ်ဗျူဟာ စာပေပညာ ခေတ်မီစွာ သင်ကြား ဟစ်ကြွေးညာကြေ တိုက်မည်စေ စစ်မြေမှာ ရဲရင့်ပါလို့လေး။ စိတ်ဓာတ်ဇွဲပြိုင် ကြံ့ခိုင်ရေးလျှင် သန်မာမှုပြ ကာယအား ဖွံ့ဖြိုးရန်ပင် မြန်မြန်လျင်လျင် ရွှင်စွာအားထုတ် ထိုင်ထ ဖားခုန် လေထီးခုန် နည်းစုံစွာ လေ့ကျင့်ပါလို့လေး။ ဂုဏ်ဒြပ်မာန်သွေး စစ်ရေးပြတွင် ယှဉ်ကာဖျဖျ စွမ်းပြကြသည်ပင် ပန်းပန်းပင်ပင် ကျွမ်းကျင်မှုပြ ရှေ့ကြည့် ဘယ်ညာ သတိ သက်သာ ညီညာစွာ လှမ်းတက်ပါလို့လေး။ ပြေးလျက်ကယ်ဘယ်ညာ ညီစွာနင်းတော့သည်။ တွေးလျက်ကယ်မြင်သာ ပြည်မှာလင်းတော့သည်။

ဟိန်းလင်းထွန်း
ဗိုလ်လောင်းဟိန်းလင်းထွန်း၊ အနော်ရထာ/၁၁၊ အပတ်စဉ် ၅၂
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )

No comments: