နုတ်ဆက်တေးသီ ခွဲတော့မည်လေ
နေခြည်ကွန်းခို တက္ကသိုလ် ။
နေခြည်ကွန်းခို တက္ကသိုလ် ။
ခိုလှုံသုံးနှစ် ပြည့်မြောက်ရစ်၍
သားချစ်လူလှ ခေတ်သိပ္ပတို့
ပြည့်ဝအားမာန် အချိန်တန်လျက်
အပြန်ခရီး နှင်ခါနီးသော်
မီးပြင်းမြိုက်လောင် သောကနှောင်သို့
ညီနောင်တွဲလက် မဖြုတ်ရက်ခဲ့
နုတ်ဆက်ခြင်းငှာ မစွမ်းသာပြီ ။
သားချစ်လူလှ ခေတ်သိပ္ပတို့
ပြည့်ဝအားမာန် အချိန်တန်လျက်
အပြန်ခရီး နှင်ခါနီးသော်
မီးပြင်းမြိုက်လောင် သောကနှောင်သို့
ညီနောင်တွဲလက် မဖြုတ်ရက်ခဲ့
နုတ်ဆက်ခြင်းငှာ မစွမ်းသာပြီ ။
တစ်ယောက်အကြည့် တစ်ယောက်သိ၍
နုံးရိနွမ်းမှိုင်း စကားဝိုင်းကား
ခါတိုင်းသဏ္ဌာန် မဆူညံတော့
နက်ဖြန်ခါဆို တို့ညီကိုတွေ
ကိုယ်စီကိုယ်ငှ တာဝန်ကျရာ
ဒေသသီးသီး သွားချိန်နီးဟု
ခရီးစကား မဆိုငြားလည်း
ရင်ကြားလျှံဖိတ် ၀မ်းနည်းစိတ်ကြောင့်
တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့လျက် ။
နုံးရိနွမ်းမှိုင်း စကားဝိုင်းကား
ခါတိုင်းသဏ္ဌာန် မဆူညံတော့
နက်ဖြန်ခါဆို တို့ညီကိုတွေ
ကိုယ်စီကိုယ်ငှ တာဝန်ကျရာ
ဒေသသီးသီး သွားချိန်နီးဟု
ခရီးစကား မဆိုငြားလည်း
ရင်ကြားလျှံဖိတ် ၀မ်းနည်းစိတ်ကြောင့်
တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့လျက် ။
ညီရင်းအစ်ကို ချောင်မခိုဘဲ
ကိုယ်စီဖေးမ လမ်းဆောင်ပြရန်
တူမျှမေတ္တာ အကြင်နာနှင့်
စာနာသိတတ် ခွင့်လွှတ်အပ်လျက်
မြင့်မြတ်နှလုံး ရဲသူ့ထုံးဖြင့်
စည်းလုံးဂုဏ်ဟိတ် နှောင်းအတိတ်ကို
ပုံရိပ်ကျန်ထင် ကိုယ်စီရင်ဝယ်
ဆင်ခြင်မိခိုက် အသည်းလှိုက်မျှ
ရိုက်ခတ်နေလျက် ညဥ့်သည်နက် ။
ကိုယ်စီဖေးမ လမ်းဆောင်ပြရန်
တူမျှမေတ္တာ အကြင်နာနှင့်
စာနာသိတတ် ခွင့်လွှတ်အပ်လျက်
မြင့်မြတ်နှလုံး ရဲသူ့ထုံးဖြင့်
စည်းလုံးဂုဏ်ဟိတ် နှောင်းအတိတ်ကို
ပုံရိပ်ကျန်ထင် ကိုယ်စီရင်ဝယ်
ဆင်ခြင်မိခိုက် အသည်းလှိုက်မျှ
ရိုက်ခတ်နေလျက် ညဥ့်သည်နက် ။
ကြိုင်လှိုင်သင်းထုံ ကျောင်း၏ဂုဏ်တို့
လွှမ်းခြုံသိုင်းရစ် အားမာန်ဖြစ်၍
စစ်သားဟူဘိ ထိုအသိကြောင့်
သတိမပျက် စကားဆက်လည်း
မျက်နှာထက်တွင် အပြုံးဆင်ရင်း
ရင်ကြားဆူပွက် မျက်ရည်စက်တို့
ပြုံးလျက်ဝေသီ ဖြေမဆည်ဘဲ
ညဥ့်သည်ပြိုပျက် အရုဏ်တက် ။
လွှမ်းခြုံသိုင်းရစ် အားမာန်ဖြစ်၍
စစ်သားဟူဘိ ထိုအသိကြောင့်
သတိမပျက် စကားဆက်လည်း
မျက်နှာထက်တွင် အပြုံးဆင်ရင်း
ရင်ကြားဆူပွက် မျက်ရည်စက်တို့
ပြုံးလျက်ဝေသီ ဖြေမဆည်ဘဲ
ညဥ့်သည်ပြိုပျက် အရုဏ်တက် ။
ညဥ့်သည်ပြိုပျက် အရုဏ်တက်သော်
လက်ဝှေ့ယမ်းပြ ၀ိဇယနှင့်
ဖလံတောင်ဆီ နောင်ညီပျော်ရာ
ကျောင်းတော်သာကား လင်းရာမှမှုန်
မှုန်ရာမှဝါး ကွယ်ပျောက်သွားလည်း
ကျားကန်နေဆဲ နွေးနေဆဲ
အားမာန်တွေလည်း ဝေနေဆဲ ။
လက်ဝှေ့ယမ်းပြ ၀ိဇယနှင့်
ဖလံတောင်ဆီ နောင်ညီပျော်ရာ
ကျောင်းတော်သာကား လင်းရာမှမှုန်
မှုန်ရာမှဝါး ကွယ်ပျောက်သွားလည်း
ကျားကန်နေဆဲ နွေးနေဆဲ
အားမာန်တွေလည်း ဝေနေဆဲ ။
သြော် . . .
တရွေ့ရွေ့နှင့် . . .
ဝေး၍ချန်ထား ခွဲခဲ့ငြား၍
စကားမဆို ရင်ထဲငိုလည်း
စိုမျက်ရည်စ စီးမကျတော့
လက်ပြဝေ့၍ နုတ်ဆက်ပေ့တိုင်
ရှေ့၌ပီပီ မြင်နေသည်ကား
နေခြည်ကွန်းခို တက္ကသိုလ်
တရွေ့ရွေ့နှင့် . . .
ဝေး၍ချန်ထား ခွဲခဲ့ငြား၍
စကားမဆို ရင်ထဲငိုလည်း
စိုမျက်ရည်စ စီးမကျတော့
လက်ပြဝေ့၍ နုတ်ဆက်ပေ့တိုင်
ရှေ့၌ပီပီ မြင်နေသည်ကား
နေခြည်ကွန်းခို တက္ကသိုလ်
(စစ်တက္ကသိုလ် နောက်ဆုံးနေ့ အမှတ်တရ)
ဘုံတောင်မြေနေဦးခက်
No comments:
Post a Comment