သေလာ ဗွေချာ တောင်တံတိုင်း မြင့်မြင့်ထက်မှာ
မြေမဟာ ဝေဆာ အောင်သမိုင်း အဆင့်ဆင့် တက်ပါလို့
ပွင့်ဇမ္ဖူ ဝင့်ကြူ လွှင့်ထူခဲ့တာ ကြာပြီပေါ့
မြန်မာပြည် ဇာနည်ဖွားတို့ရဲ့
ဌာနီရိပ် ဗိမာန်။
မြေမဟာ ဝေဆာ အောင်သမိုင်း အဆင့်ဆင့် တက်ပါလို့
ပွင့်ဇမ္ဖူ ဝင့်ကြူ လွှင့်ထူခဲ့တာ ကြာပြီပေါ့
မြန်မာပြည် ဇာနည်ဖွားတို့ရဲ့
ဌာနီရိပ် ဗိမာန်။
ဖလံတောင်ခြေ ရန်အောင်မြေ ခြေတော်ရင်းမှာလ
သင်းတပျံ့ပျံ့ ဆင်းရနံ့အသွယ်သွယ်နဲ့
ခံ့ထည်စွာ အံ့ဖွယ်ရာ သမိုင်းအလီလီတည်ခဲ့ပေါ့
နှိုင်းမမီ တိုင်းပြည်သား အစစ်တွေမို့
နောင်တစ်ခေတ်၏အောင်စစ်သည် ဖြစ်စေရမယ်တဲ့
သည်ရိပ်စံ ဓိဌာန်သွေးတွေနဲ့
စွေးလို့နီကျံ
သင်းတပျံ့ပျံ့ ဆင်းရနံ့အသွယ်သွယ်နဲ့
ခံ့ထည်စွာ အံ့ဖွယ်ရာ သမိုင်းအလီလီတည်ခဲ့ပေါ့
နှိုင်းမမီ တိုင်းပြည်သား အစစ်တွေမို့
နောင်တစ်ခေတ်၏အောင်စစ်သည် ဖြစ်စေရမယ်တဲ့
သည်ရိပ်စံ ဓိဌာန်သွေးတွေနဲ့
စွေးလို့နီကျံ
သည်သွေး သည်စိတ် သည်ဗိမာန်
သက်သေမှန် ပြယုဂ်ထား
သက်သေမှန် ပြယုဂ်ထား
သတိဖြာ ကြည့်ပါ ပြည်တစ်ရိုးမှာလ
အဖိုးတန် မျိုးမှန် အရိုးခံ သွေးသစ္စာပြုပါလို့
ဆေးစက်ကျရာ အရုပ်ထင်ခဲ့ပြီငဲ့
ရန်အသက်ကို မခင်မမက်သူ သတ္တိခဲတို့ရဲ့
အသည်းနီလွင် ဇွဲပီပြင်စွမ်းဆောင်ချက်တွေကြောင့်
ကနက်ရဝေ ကျက်သရေခညောင်းနေတဲ့
သားကောင်းတို့ရဲ့ အမိမြေဆိုတာ
ပတ္တမြားအပေါင်းတို့ ရွေးနုတ်ကာမွေးထုတ်ရာမြေမို့
တင့်ထူးစွာ ရင့်ကျူးနိုင်ပေဘိ
မိုးတိုင်သိ. . .ကြား။

ကိုကို (ရေနံ့သာ)
ဗိုလ်ကြီး အောင်ကိုကို ( စတသ ၄၄ )
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
ဗိုလ်ကြီး အောင်ကိုကို ( စတသ ၄၄ )
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
No comments:
Post a Comment