Tuesday, May 26, 2009

ခေတ်သစ်ကိုကြို တို့တက္ကသိုလ်

စစ်တက္ကသိုလ် ကျွန်းမြညိုသည်
နုပျိုမျစ်ဆဲ မြန်ပြည်ထဲဝယ်
ဇွဲနှင့် မာန်နှင့် ကြွားကြွားဝင့်၍
ရွှန်းတင့်ဂုဏ်ရည် ဟန်ဝင့်ချီကာ
ရွှေရည်ရတု ကျော်ခဲ့ပြီ
သမိုင်းမော်ကွန်း တင်ခဲ့ပြီ။

စာပေပညာ စစ်ပညာကို
ဖွေရှာကြိုးစား စွမ်းရည်များနှင့်
စိတ်အားရည်သန် မိပြည်မြန်တွက်
ယုံကြည်လျှောက်လှမ်း အောင်မြေနန်းက
မျှော်မှန်းထူးချွန် လူရည်မွန်သို့
အားသွန်ပြုစု ရွှေရတုတိုင်
ပြည်သူ့သားကောင်း သမိုင်းကြောင်းနှင့်
ဆင့်ပြောင်းမွေခံ မျိုးချစ်မာန်ဖြင့်
နိုင်ငံအတွက် ခရီးဆက်မည့်
စစ်တက္ကသိုလ် ဗိုလ်လောင်းများ
စွမ်းရည်မြင့်မား ပြည်ချစ်သား

နေခြည်နုပျို ငွေနှင်းစိုလျက်
ကွန်းခိုမှေးစက် ဤမြေထက်ဝယ်
မျိုးဆက်အသစ် အားမာန်လှစ်၍
ခေတ်ကိုကျော်လွှား တက်နေလာသို့
ထင်ရှားတို့ပြည် တို့စွမ်းရည်ဖြင့်
တည်ဆောက်တစ်ခေတ် တို့ထုဆစ်မည်
ခေတ်သစ်ကိုကြို တို့တက္ကသိုလ်
သားကောင်းကွန်းခို စစ်တက္ကသိုလ်
ထက်ဝေဇင်
ဗလအမှတ် ၂၁၂၉၄ ဗလထက်ဝေဇင်
အောင်ဇေယျတပ်ရင်း တပ်ခွဲ(၇)
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)

No comments: