Saturday, October 24, 2009

ဂုဏ်ပြုညွှန်းဆို အမိပျို

ချယ်ရီလွှမ်းတင့် ပန်းမှုံဝင့်၍
ကမ်းလင့်လက်ကြို အမိပျို။

လွတ်လပ်ကြွယ်ဝ နိုင်ငံလှ၌
ကင်းပရန်ဝေး ပြည့်အရေးတွက်
သက်ပေးရွက်ဆောင်
သားမောင်စစ်သည် လက်ရုံးရည်နှင့်
တည်ကြည်နှလုံး ပြည့်ပန်းကုံးတို့
မဆုံးဤမြေ ပန်းနှယ်ဝေအောင်
တည်ထောင်ဖွင့်လှစ်
အမျိုးချစ်သည့် အမိပျို။

အမိပျိုမှ ကွန်းခိုသန့်စင်
သည်းရင်ပြည်ချစ် နောင်တစ်ခေတ်၏
အောင်စစ်သည်မောင် ညီနောင်များစွာ
ထက်အာကာနှင့် ရေလွှာမြေထက်
တွဲယှက်ကာကွယ် ရနံ့ကြွယ်၍
ပန်းနှယ်လန်းစွင့် အပြုံးဝင့်၍
ဂုဏ်တင့်လှသော အမိပျို။

သက်တမ်းတွက်စစ် နှစ်ငါးဆယ့်လေး
မအိုသေးသည့် ပျိုးလေးသို့နှယ်
ပြုံးဝင့်ထည်၍ ရင်ဝယ်ပျိုးထောင်
သားမောင်များစွာ မွေးကာစဉ်ဆက်
တိုးတက်နေခြင်း ပန်းပျိုးခင်း၌
တေးညှင်းဆိုရင်း ထွန်းလင်းလှပို
အမိပျိုသို့
ဖွဲ့ဆိုဂုဏ်ပြုညွှန်းပါသည်။

လင်းအောင်(ဇီးကုန်း)
ုဒုတိယဗိုလ်မှူးကြီး လင်းအောင်၊ အပတ်စဉ် ၂၇၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )

No comments: