စစ်တက္ကသိုလ်
အမှတ်စဉ် (၄၃) ကျောင်းဆင်း သူငယ်ချင်းများသို့
ပန်ကြား နှိုးဆော်လွှာ
သူငယ်ချင်းတို့
ငါတို့ အပတ်စဉ် Intake Flag နံပါတ် ၄၃ တပ်ဆင်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကို Intake Day အဖြစ် သတ်မှတ်ပြီး အမှတ်တရ ကုသိုလ်ကောင်းမှုတွေ ပြုခဲ့ကြတာ ခုနစ်နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခု ရှစ်နှစ်မြောက် Intake Day နေ့မှာ ကောင်းမှု ကုသိုလ် ပြုဖို့အတွက် နေပြည်တော်က ရွှေတိဂုံ ပုံတူ ဥပ္ပာတသန္တိ စေတီတော် နဲ့ စမတောင် မိဘမဲ့ ပရဟိတကျောင်းမှာ လှူဖို့ စီစဉ်ထားပါတယ်။
လှူဒါန်းဖို့ အကြမ်းဖျင်း လျာထားတာကတော့
- ဘုရား တစ်ဆူ (စေတီတော်တွင် လှူရန်)
- ဆီ တစ်ပေပါ ( မိဘမဲ့ကျောင်းတွင် လှူရန်)
- ဆန် အိတ် တစ်ရာ (---။---)
- စာအုပ်စာတမ်း နဲ့ စာရေးကိရိယာများ
နေပြည်တော်နဲ့ အနီးတ၀ိုက်က စစ်ဘက် နယ်ဘက် သူငယ်ချင်းတွေကတော့ အနည်းဆုံး တစ်ယောက်ကို နှစ်သောင်းနှုန်း ထည့်ဝင်ပေးကြဖို့ လျာထားပြီး တိုင်း တပ်မ ကျောင်း ခြေလျင် ခြေမြန် အသီးသီးကတော့ သင့်လျော်သလို ထည့်ဝင် လှူဒါန်းကြဖို့ ဖြစ်ပါတယ်။
အလှူငွေ ထည့်ဝင်ဖို့ကတော့
ကကနအတွက် ဗိုလ်ကြီး အောင်သူရ ၊ ဖုန်း ၀၃၆-၃၁၆၆၂
နပတအတွက် ဗိုလ်ကြီး မင်းသုယဉ် ၊ ဖုန်း ၀၃၂-၃၀၀၁၉
ဝန်ကြီး ဌာနတွေအတွက် ဗိုလ်ကြီး ဟန်ငြိမ်းဆွေ၊ ဖုန်း ၀၆၇-၄၀၅၀၆၀
တိုင်း တပ်မ ကျောင်း ခြေလျင် ခြေမြန် များအတွက် ကြည်း ၃၃၂၉၇ ဗိုလ်ကြီး စည်သူဟိန်း ၊ ဖုန်း ၀၃၆-၃၀၄၆၁၊ ၃၀၄၆၆၊ (ရိုးမဘဏ် ပျဉ်းမနားဘဏ်ခွဲ၊ မြန်မာ့စီးပွားရေးဘဏ် ပျဉ်းမနား ဘဏ်ခွဲ၊ အင်းဝဘဏ်)
တို့ထံကို ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ပထမအပတ် နောက်ဆုံးထားပြီး ပေးပို့ လှူဒါန်းကြဖို့ ဖြစ်ပါတယ်။
အလှူအတန်း ဖြစ်မြောက်ရေးအဖွဲ့
No comments:
Post a Comment