Saturday, October 24, 2009

အောင်ပန်းတွေနဲ့ လက်ကမ်းကြို

ရှစ်ခွင်တိုင်း မှုန်မှိုင်းလို့ ပြာရီ။ အနောက်တောင်ဆီက မိုးစက်ငယ် ငွေရည်ဖြန်းတော့ ချမ်းအေးလှသည်။ နောက်တန်းတစ်နေရာ မောင့်သက်ထားကလျာအား မျှော်မှန်းကာ တမ်းတမိ။ တွေ့ရေးရယ် ဝေးလှသော်လည်း အားတင်းကာ ရှေ့ဆက်လှမ်းရတယ် လွမ်းလှပါဘိ။ တိုင်းပြည်အတွက် ပြည်သူ့တွက်မို့ အသက်အပ်နှင်း ပေးဆပ်ရင်းဖြင့် ဆင်းရဲဒုက္ခ ကြုံတွေ့ရလည်း ပြုံးစရွှင်လန်း ပြန်မည့်လမ်းက အောင်ပန်းတွေနဲ့ လက်ကမ်းကြို။

ရိုးမ
ဗိုလ်ကြီး ရည်မွန်၊ အပတ်စဉ် ၄၇
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )

No comments: