Friday, December 25, 2009

တစ်ခုတည်းသောစစ်တက္ကသိုလ်


ဤစာအုပ်သည် စာရေးသူ၏ သုတရသမှတ်တမ်းဝတ္ထုရှည်တစ်ပုဒ်သာမက၊ တစ်ခုတည်းရှိသော မြန်မာ့စစ်တက္ကသိုလ်၏ သမိုင်းမှတ်တမ်းလည်းဖြစ်သည်။ ဤစာအုပ်တွင် စစ်တက္ကသိုလ်တစ်ခု၏ သန္ဓေတည်ဦးကာလများ၊ စစ်တက္ကသိုလ်ထုဆစ်ခြင်း၊ စစ်တက္ကသိုလ်စတင်အကောင်အထည်ဖော်ရေးအဖွဲ့၊ လွတ်လပ်ရေးပြီးစအချိန် တပ်မတော်အခင်းအကျင်း၊ နေရာအတည်ရွေးချယ်မှု ချယ်ရီရိပ်မှ မြေနီတောင်သို့၊ ပထမဆုံးကျောင်းအုပ်ကြီး၊ လက်ထောက်စာပေညွှန်ကြားရေးမှုး၊ စစ်တက္ကသိုလ်ဗိုလ်လောင်း၏ဘ၀ ခက်ခဲသည့် ဒုလ္လဘ၊ နိုင်ငံ့ခေါ်သံ(သို့) ဗိုလ်လောင်းများစတင်ခေါ်ယူခြင်း၊ မ၀ံ့မစားခြေလှမ်းများနှင့် အင်တာဗျူး၊ ၀င်လာခဲ့စ နေ့များ၊ စစ်ပညာသင်တန်းများ စတင်ခြင်း၊ ကျောင်းတည်မြဲအမိန့်၊ အော်နာရှိမှ ဗိုလ်လောင်းပီ၊ ပြင်ဦးလွင်ချစ်ကြသည့် ကျောင်းအုပ်ကြီးများ၊ ကိုယ့်ငွေနှင့်ကိုယ် ကျောင်းလာတတ်သူများ၊ ကျားမစားသည့်နွား၊ ဗိုလ်လောင်းနှင့်စာမေးပွဲ၊ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁)မှ (၅၀)အထိ ထူးချွန်ဆုရ ဗိုလ်လောင်းများ အစရှိသည့် စစ်တက္ကသိုလ်၏သမိုင်းကြောင်းကို စာရေးသူက မိမိတွေ့ကြုံခဲ့သော ဖြစ်ရပ်မှန်များကို အခြေပြု၍ စာဖတ်သူ မငြီးငွေ့ဖွယ်ဖြစ်အောင် ရေးသားထားသည်။ ဗထူးတပ်မြို့ရှိ စစ်တက္ကသိုလ်၏ သင်ကြားရေး၊ လေ့ကျင့်ရေးနှင့် အုပ်ချုပ်ရေး သမိုင်းကြောင်းကိုလည်း ကြားညှပ်တင်ပြထားသည့်အတွက် ၀တ္ထုတစ်ပုဒ်အနေနှင့်သာမက တပ်မတော်သမိုင်း စိတ်ဝင်စားသူများပါ လေ့လာဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။

No comments: