ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်
ငါတို့ဗမာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည် မိဘအပေါင်းတို့ကကွယ် အာဇာနည် အစစ်တွေကို ရှိဖို့မွေးရမယ်
သြော် ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို
မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်
ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတဲ့
မကြောက်တမ်း မရွံတမ်း ဗမာတွေအောင်ပန်း ဆွတ်ကြလေပြီကွယ်
ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်းထိုးလောက်တဲ့
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်
တိုင်းပြည်အကျိုး စွန့်ခဲ့တဲ့ မျိုးဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို နွံတွင်းမှကယ်
တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
အာရှနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်
နေမျိုးသာကီ ဗမာပြည်လက်ရုံး ကမ္ဘာ့နိုင်ငံအလုံး ထင်ပေါ်စေမယ်
စိတ်အားသန်သန် မာန်ကို မလျှော့တယ်
ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ ဂုဏ်ရည်ရယ်
တကယ်ပင် သတိုးမဟာ ဗန္ဓုလနှယ် စွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်
သားကောင်းများလို့ ခေါ်ရလောက်ပေတယ်
ဥဒါန်းတွင်စေဖွယ် ဗမာသူရဲကောင်း အပေါင်းတွေရယ်
တေးရေး-သဟာယ ဆရာတင်
No comments:
Post a Comment