တို့ပြည်သူ့ တပ်မတော်သည် တို့ပြည်သူ့ တပ်မတော်သည်
ပြည်သူကို ထာဝစဉ် အမြဲချစ်ခင်သည်
အောင်လံကိုလွှင့်အသစ်တည် ညီညာလက်တွဲကြမည်
ပြည်ထောင်စုစစ်သည် အာဇာနည်
တို့ပြည်အကျိုးကို သယ်ပိုးကြမည်
နိုင်ငံအမျိုးအတွက် ထမ်းရွက်ကြမည်
ရဲရင့်သော ငါတို့စစ်သည် ရန်ဟူသမျှ ချေမှုန်းပစ်မည်
တို့ဟစ်ကြွေးသံညီညီ
ပြည်သူ့တပ်မတော်ဟူသည် ပြည်သူအတွက်ဖြစ်ရမည်
ပြည်သူရဲ့သားကောင်းများဖြစ်သည်
ပြည်သူကို ကူညီမည် ဇွဲစိတ်မာန်ညီ
တိုင်းပြည်ကို မြတ်နိုးကြတဲ့ တို့တပ်မတော်သည်
တို့ပြည်အကျိုးကို သယ်ပိုးကြမည်
နိုင်ငံအကျိုးအတွက် ထမ်းရွက်ကြမည်
ရဲရင့်သော ငါတို့စစ်သည် ရန်ဟူသမျှ ချေမှုန်းပစ်မည်
တို့စစ်ကြွေးသံညီညီ
တေးရေး-ဂီတလုလင်မောင်ကိုကို
No comments:
Post a Comment