Saturday, October 24, 2009

ပြည်သူ့ပန်း

နွေမှာမြည်တမ်း
အသည်းကျွမ်းသော
အလွမ်းငှက်ညို
ဥဩပျိုလည်း မဖြစ်ချင် . . . ။

မိုးမှာရွှင်ပျော်
ပန်သူမျှော်သည့်
ဘော်ငွေရောင်သန်း
စံပယ်ပန်းလည်း မဖြစ်ချင် . . . ။

ဆောင်းမှာ လန်းဆန်း
ဂုဏ်ရောင်လျှမ်းသည့်
နန်းမြင့်တော်ဝင်
ပန်းသဇင်လည်း မဖြစ်ချင် . . . ။

ရာသီပြောင်းလည်း
မပြောင်းမလဲ ဇွဲသတ္တိထပ်
မြတ်သစ္စာလွှမ်း ပြည်သူ့ပန်းဟု
'ရှေ့တန်းနောက်တန်း အမြဲစွမ်းသော'
'ရဲစွမ်းညီညီ ဘာမထီသော'
စစ်သည်သားကောင်းဖြစ်ချင်သည် . . . ။

မျိုးဝင်းလှိုင်
ဗိုလ်ကြီး မျိုးဝင်းလှိုင်၊ အပတ်စဉ် ၄၇
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )

No comments: