နှင်းပွင့်နှင့်တောင်တန်း
ပန်းအလှ ရောင်စုံ . . . ။
စစ်သွေး တလျှံလျှံ
ဟစ်ကြွေး တညံညံနဲ့
မိုးနဘံ အမှန်ရောက်အောင်
ထိုးဖောက်မယ့်ပုံ . . . ။
အဆင့်ဆင့် မျိုးဆက်
အဆင့်မြင့် တိုးတက်ဖို့
ကမ်းလက် . . .
လှမ်းတက် . . .
အစွမ်းထက်တဲ့ ရင်းမြစ်များ
မွေးဖွားတဲ့ ရိပ်မြုံ
ခိုလှုံခဲ့ နောင်ညီများ . . . ။
နောင်တစ်ခေတ် ဆီ
အောင်စစ်သည် မျိုးဆက်ပန်းတို့
စွင့်လန်းစွာ အားကုန်ကြိုးလျက်မို့
မညှိုးမမှိန်
တန်ခိုးအရှိန်သစ်မည့် ပြည်အရေးကို
( ကွယ် . . . ) တွေး ပီတိပွား . . . ။ ။
မောင်စိမ်းနောင်(လယ်ဝေး)
ဒုတိယဗိုလ်မှူးကြီး မျိုးထွန်း၊ အပတ်စဉ် ၂၆၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment