တူယှဉ်ကာလေ တစ်ကယ်ပဲ အစွမ်းပြချင်တယ်
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်
နိုင်ငံတော် အကျိုးရှိဖွယ် တာဝန်ကျေပွန်တယ်
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်
မိုးတွေကလည်း မစဲဘဲ ရွာနေတယ်
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်
စစ်မြေမှာလဲ မစဲဘဲ ပစ်ခတ်တယ်
ကျည်ဆန်များဟာ တဖွဲဖွဲနဲ့ရွာသွန်းမိုးသို့နှယ်
တို့ဗိုလ်က ဓားကိုစွဲလို့ ရှေ့ကတက်ပါတယ်
ဘယ်မှာ ကြောက်စိတ်ရှိလဲ ငါတို့စစ်သားရယ်
ရန်သူမှာလည်း အရှုံးကြီး ရှုံးနေတယ်
သူတို့အလောင်းကောင် ကာကွယ်ပြုလို့ ငါတို့တိုက်ရတယ်
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်

No comments:
Post a Comment