တောင်ခိုးဝေေ၀
မြူခြေဆိုင်းဆိုင်း နှင်းတံတိုင်းတို့
ရစ်သိုင်းပတ်လည် ပန်းတို့ပြည်ဝယ်
ခံ့ထည်မွန်မြတ် ထိုဂုဏ်ဒြပ်ဖြင့်
ရပ်တည်ခဲ့ပေ အမိမြေကား
ရွှေရတုမွန် နှစ်တို့လွန်လည်း
အားခွန်သစ်လွင် ဆင်မြဲဆင်ကာ
အစဉ်နုပျို နေဆဲကို
ချယ်ရီရိပ်က တက္ကသိုလ်။
မြူခြေဆိုင်းဆိုင်း နှင်းတံတိုင်းတို့
ရစ်သိုင်းပတ်လည် ပန်းတို့ပြည်ဝယ်
ခံ့ထည်မွန်မြတ် ထိုဂုဏ်ဒြပ်ဖြင့်
ရပ်တည်ခဲ့ပေ အမိမြေကား
ရွှေရတုမွန် နှစ်တို့လွန်လည်း
အားခွန်သစ်လွင် ဆင်မြဲဆင်ကာ
အစဉ်နုပျို နေဆဲကို
ချယ်ရီရိပ်က တက္ကသိုလ်။
စိတ်မှာတွေးဆ
မဝေးလှသည် အတိတ်ဆီက
ဤမြေထက်မှာ လေးနှစ်တာလျှင်
စာပေပညာ စစ်ပညာနှင့်
သစ္စာ သိပ္ပ သူရ တတ်မွန် နိုင်ငံ့ဝန်ကို
အားသွန်ထမ်းရန် ဇွဲစိတ်မာန်ဖြင့်
သည်းထန်နက်ကျယ် ချွေးပင်လယ်ကို
နွမ်းနယ်မသန်း အပြုံးပန်းဖြင့်
ဖြတ်သန်းရှေ့ဆက် တို့ချီတက်ခဲ့။
မဝေးလှသည် အတိတ်ဆီက
ဤမြေထက်မှာ လေးနှစ်တာလျှင်
စာပေပညာ စစ်ပညာနှင့်
သစ္စာ သိပ္ပ သူရ တတ်မွန် နိုင်ငံ့ဝန်ကို
အားသွန်ထမ်းရန် ဇွဲစိတ်မာန်ဖြင့်
သည်းထန်နက်ကျယ် ချွေးပင်လယ်ကို
နွမ်းနယ်မသန်း အပြုံးပန်းဖြင့်
ဖြတ်သန်းရှေ့ဆက် တို့ချီတက်ခဲ့။
အမိရင်မှ
သန့်စင်မွေးဖွား ပြည်သူ့သားတို့
တရားနှလုံး ဓားလက်ရုံးဖြင့်
ချေမှုန်းပယ်ခွင်း ပြည့်ရန်ရှင်းခဲ့။
မိခင်လက်ဖြင့် ပန်းတို့ပွင့်ခဲ့
ပွင့်သောပန်းများ ပြည်သူ့အားတည့်
သည်အားနှင့်လျင် ပြည်တစ်ခွင်ဝယ်
ကြည်လင်သာယာ အလှဖြာအောင်
ညီညာစွမ်းဆောင် ပွဲတိုင်းအောင်ခဲ့။
သန့်စင်မွေးဖွား ပြည်သူ့သားတို့
တရားနှလုံး ဓားလက်ရုံးဖြင့်
ချေမှုန်းပယ်ခွင်း ပြည့်ရန်ရှင်းခဲ့။
မိခင်လက်ဖြင့် ပန်းတို့ပွင့်ခဲ့
ပွင့်သောပန်းများ ပြည်သူ့အားတည့်
သည်အားနှင့်လျင် ပြည်တစ်ခွင်ဝယ်
ကြည်လင်သာယာ အလှဖြာအောင်
ညီညာစွမ်းဆောင် ပွဲတိုင်းအောင်ခဲ့။
ကျေးဇူးဂုဏ်ရှင် အို... မိခင်ငဲ့
မိခင်ထံမှောက် ခါတစ်ခေါက်လျှင်
မရောက်ခဲ့ပါ ကြာတောင့်ကြာလည်း
မိခင်ရင်ငွေ့ သည်ယနေ့လျှင်
မမွေ့ရသည် ကာလရှည်လည်း
ယုံကြည်မြတ်လေး အမေပေးသည့်
စစ်သွေးသစ္စာ စစ်ပညာတို့
ရင်မှာလေးနက် စွဲမြဲလျက်ပင်
ဖြိုဖျက်ရန်ပေါင်း ညက်ညက်ထောင်း၍
သောင်းသောင်းညံညံ အောင်တေးသံနှင့်
အောင်လံမြူးဝင့် လေမှာလွင့်ခဲ့
ပွင့်သောပန်းတွေ ဝေသည်ဝေ၍
ကြွေသည်ရှိလည်း မွှေးပျံ့ဆဲလေ
မာန်ဇွဲသတ္တိ ကမ္ဘာသိခဲ့
အမိဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်သည့်
နောင်တစ်ခေတ်၏ အောင်စစ်သည်
ကြည်း ရေ လေ ထု အားမာန်ချီ။
မိခင်ထံမှောက် ခါတစ်ခေါက်လျှင်
မရောက်ခဲ့ပါ ကြာတောင့်ကြာလည်း
မိခင်ရင်ငွေ့ သည်ယနေ့လျှင်
မမွေ့ရသည် ကာလရှည်လည်း
ယုံကြည်မြတ်လေး အမေပေးသည့်
စစ်သွေးသစ္စာ စစ်ပညာတို့
ရင်မှာလေးနက် စွဲမြဲလျက်ပင်
ဖြိုဖျက်ရန်ပေါင်း ညက်ညက်ထောင်း၍
သောင်းသောင်းညံညံ အောင်တေးသံနှင့်
အောင်လံမြူးဝင့် လေမှာလွင့်ခဲ့
ပွင့်သောပန်းတွေ ဝေသည်ဝေ၍
ကြွေသည်ရှိလည်း မွှေးပျံ့ဆဲလေ
မာန်ဇွဲသတ္တိ ကမ္ဘာသိခဲ့
အမိဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်သည့်
နောင်တစ်ခေတ်၏ အောင်စစ်သည်
ကြည်း ရေ လေ ထု အားမာန်ချီ။
သြော် . . .
မိခင်ကျေးဇူး အထူးထူးကို
ညွတ်နူးစိတ်တွင် ဦးထိပ်တင်လျက်
စဉ်ဆက်မသွေ မိခင်မြေကား
ကျက်သရေထွန်း တက်နေ၀န်း၏
တင့်ရွှန်းရောင်ဝါ သို့ပမာလျှင်
စဉ်လာမြင့်မြတ် သူ့ဂုဏ်ဒြပ်နှင့်
ခိုင်မတ်တည်ကြည် အဓွန့်ရှည်လျက်
ရွှေပြည်နိုင်ငံ မိုးထက်ယံတွင်
အောင်လံကျူးရင့် ဆင့်စေသတည်း
မိခင်ကျေးဇူး အထူးထူးကို
ညွတ်နူးစိတ်တွင် ဦးထိပ်တင်လျက်
စဉ်ဆက်မသွေ မိခင်မြေကား
ကျက်သရေထွန်း တက်နေ၀န်း၏
တင့်ရွှန်းရောင်ဝါ သို့ပမာလျှင်
စဉ်လာမြင့်မြတ် သူ့ဂုဏ်ဒြပ်နှင့်
ခိုင်မတ်တည်ကြည် အဓွန့်ရှည်လျက်
ရွှေပြည်နိုင်ငံ မိုးထက်ယံတွင်
အောင်လံကျူးရင့် ဆင့်စေသတည်း
အောင်လံမြူးလွင့် ၀င့်စေသတည်း
အမိစစ်တက္ကသိုလ်နှင့် ဆရာဆရာမများအား ဦးညွတ်ကန်တော့လျက်
မိုးချမ်းမြေ့(၂၇၂၀)
ဗိုလ်မှူးအုံးကျော်
(၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
မိုးချမ်းမြေ့(၂၇၂၀)
ဗိုလ်မှူးအုံးကျော်
(၂၀၀၇ နှစ်လည်မဂ္ဂဇင်း)
No comments:
Post a Comment