အဝေးနယ်ကြော မြိုင်ယံတော၌
မောပန်းလှုပ်ရှား မြဲစွန့်စားလည်း
ခံစားအခွင့် ကြုံရန်သင့်က
သခင့်ထံပါး ခိုဝင်နားလို
ခစားရစေ တောင်းဆုချွှေ။
နေ့ရယ်ညရယ် တာဝန်လွယ်ကာ
နေကွယ်လပျောက် ကြယ်ရောင်အောက်၌
မိုးပေါက်ထစ်ချုန်း လမ်းပျောက်ဆုံးလည်း
နှလုံးသားရေး ဘယ်မတွေးနိုင်
တွေးဆ၍သာ လွမ်းရပါသည်
ကြင်နာသခင် မြင်စေချင်။
ပြည့်တာဝန်ကျေ ရှေ့တန်းမြေမှ
အောင်ခြေလှမ်းလင့် အောင်ပွဲဆင့်ချိန်
သခင့်လက်ကမ်း သပြေပန်းနှင့်
ပြန်လမ်းကိုကြို လွမ်းတိုင်းဆိုလည်း
စေလိုရာသွား မင်းခစားမို့
လွယ်ထားတာဝန် အလွမ်းယှဉ်သော်
ငါလျှင်စစ်သား ပြည်သူ့သား။
ငါသည်စစ်သား တာဝန်များ၍
ခံထားသစ္စာ မပျက်ရာမို့
ပျော်ရာမနေ တော်ရာနေ၏။
ချစ်ပွဲ စစ်ပွဲ စိတ်ဒွန်တွဲလို့
တူနွှဲရာဝယ် ချစ်ပွဲဖယ်ခွာ
ရွေးချယ်ပါလည်း လွမ်းစိတ်ကဲ၏။
စစ်သားတစ်ဖြစ် လူသားစစ်မို့
အချစ်နှင့်သာ မွေ့လိုပါလည်း
ငါသည်စစ်သား ပြည်သူ့သားဟု
ဂုဏ်ယူဝင့်ကြွားရပေသည်။
ကိုရူပ
ဗိုလ်ကြီး ခင်မောင်သက်၊ အပတ်စဉ် ၄၇( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )
No comments:
Post a Comment