Tuesday, August 28, 2012

အုပ်ထိန်းသူစနစ် အခွင့်အရေးနှင့် လစာရိက္ခာ

          မိဘ အုပ်ထိန်းသူနှင့် ဝေးကွာသော နေရာတွင် သင်တန်းတက်ရောက်နေသော ဗိုလ်လောင်းများအတွက် စိတ်ဓာတ်ရေးရာ နွေးထွေးမှု လူငယ်များ၏ အတွေးအခေါ် အယူအဆများကို တည့်မတ်ပေးမှု တစ်ဦးချင်း၏ အခက်အခဲ ပြဿနာများကို ကူညီဖြေရှင်းပေးမှုများ ဆောင်ရွက်နိုင်ရန် အုပ်ထိန်းသူစနစ်ကို ၁၉၅၅ သြဂုတ်လ ၆ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သည်။ စာပေညွှန်ကြားရေးမှူး၏ ဦးစီး အုပ်ချုပ်မှုဖြင့် ဌာနမှူးတစ်ဦးလျှင် ဗိုလ်လောင်း ၃ ဦးစီ၊ နည်းပြဆရာတစ်ဦးလျှင် ဗိုလ်လောင်း ၂ ဦးစီ အုပ်ထိန်းသူအဖြစ် တာဝန်ပေးအပ်၍ စနေနေ့ ၁၃၀၀ မှ ၁၅၀၀ နာရီအတွင်း စာကြည့်တိုက်၌ တွေ့ဆုံ ဆွေးနွေးစေပါသည်။ တွေ့ဆုံ ဆွေးနွေးချက် အစီရင်ခံစာကို စာပေညွှန်ကြားရေးမှူးမှ တစ်ဆင့် ကျောင်းအုပ်ကြီးထံသို့တင်ပြရသည်။
    ဗိုလ်လောင်း တစ်ဦးသည် လေးနှစ်တာ ကာလ ပညာဆည်းပူးနေစဉ် စစ်ဝတ်တန်ဆာ အပြည့်အစုံ၊ ဗလာစာအုပ်မှစ၍ စာရွက်စာတမ်း အပြည့်အစုံရသည်။ ကျန်းမာရေးအတွက် ဆေးစစ် ကုသမှု ခံယူခွင့်ရှိသည်။ ရက်ရှည် ကျောင်းပိတ်ချိန် ခွင့်ပြန်ရန်အတွက် တပ်မတော် စရိတ်နှင့် ခရီးသွားခွင့်လက်မှတ် ရသည့်ပြင် လစာအဖြစ် ပထမနှစ် ၆၂ ကျပ် ၃၃ ပြား၊ ဒုတိယနှစ် ၆၈ ကျပ်၊ တတိယနှစ် ၈၁ ကျပ် ၃၃ ပြား၊ စတုတ္ထနှစ် ၈၇ ကျပ် ၈၃ ပြား ရပါသည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: