- (ဒေါ်)တင်တင်မြ
အေးမြမြကြည်လင် လူထုရဲ့ မေတ္တာရေစင်
ရှေ့တန်းရဲဘော်များအတွက် တေးလက်ဆောင်ပင်
တိုင်းပြည်အတွက် စေတနာရှင် ရဲဘော်အတွက် ဆိုပါရင်
အစွမ်းကုန် ကူညီလို့ပင် လှိုက်လှဲသော အသည်းနှလုံးကပါရှင်
အသွေးအသား အရင်းအချာအသွင်
ရှေ့တန်းက ရဲဘော်စုံလင်
ဆုံတွေ့ခဲ့စဉ်တုန်းက ရင်းနှီးပျော်ရွှင်
မမေ့ပါကြောင်း ပဏာခြွေတင် တေးလွှာသဆိုကာပင်
ဝမ်းသာ ဂုဏ်ယူဖြစ်အင် လှိုက်လှဲသော အသဲနှလုံးကပါရှင်
တိုင်းပြည်အတွက် အသက်ကိုပေးကာ ထာဝစဉ်
ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ဂုဏ်အင်
ရဲဘော်နဲ့ပြည်သူ ကြည်ဖြူလက်တွဲ အမြဲပေါ်လွင်
ရေကိုသားသော် အကြားမထင်သလိုပင် ခိုင်မာလက်တွဲချင်
အေးမြမြကြည်လင် လူထုရဲ့ မေတ္တာရေစင်
ရှေ့တန်းရဲဘော်များအတွက် တေးလက်ဆောင်ပင်
တိုင်းပြည်အတွက် စေတနာရှင် ရဲဘော်အတွက် ဆိုပါရင်
အစွမ်းကုန် ကူညီလို့ပင် လှိုက်လှဲသော အသည်းနှလုံးကပါရှင်
တေးရေး-သုခိအောင်

No comments:
Post a Comment