သားချစ်တဲ့မေမေကို ခွဲလို့ရယ်
ဝေးရပ်မြေတစ်နေရာ ရောက်နေသော်လည်းကွယ်
နဲနဲလေးမှ စိတ်အားမငယ်
မတစ်ထောင်တစ်ကောင်ဘွားဟေ့ ဟေ့ယောက်ျားဇာနည်နွယ်
အမေချစ်တဲ့အဖေတူသား ပီသရန်ရွယ်
အမေ့ဆန္ဒပြည့်ဝစေရမယ်
တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပေးကာ
အဖေ့လိုပဲ တာဝန်ကျေပါ့မယ်
အဖေတို့ရဲ့ အသက်သွေးနဲ့ ရယူပေးခဲ့တဲ့
လွတ်လပ်ရေးအဓွန့်ရှည်အောင်ကွယ်
သားတို့လိုလူငယ်တွေ တာဝန်ရှိတယ်
အမေ့ဆိုစကား ကြားယောင်ကာရယ်
ဇွဲ သတိ အသဲထိ အမြဲရှိပါတယ်
အန္တရယ်တွေ ရန်စွယ်တွေ သုတ်သင်ချေမှုန်းမယ်
အမေချစ်တဲ့ အဖေတူသား ပီသရန်ရွယ်
အမေ့ဆန္ဒ ပြည့်ဝစေရမယ်
တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ကိုပေးကာ အဖေ့လိုပဲ တာဝန်ကျေပါ့မယ်
တေးရေး-ပြည်လှိုင်မင်းအောင်
No comments:
Post a Comment