Tuesday, August 28, 2012

လက်ခံပတ် ၁ ဗိုလ်လောင်းသင်တန်း

   ၁၉၅၅ ခု ဧပြီလဆန်းတွင် စစ်တက္ကသိုလ် ဝင်ခွင့် ရေးဖြေစာမေးပွဲ ကျင်းပပြီး ဧပြီလကုန်တွင် ရေးဖြေအောင်မြင်သူများကို ဗိုလ်ရွေးအဖွဲ့သို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။ စစ်ဆေးမှု အရပ်ရပ်ပြုလုပ်ပြီး ဗိုလ်လောင်း ၅၄ ဦးကို အပြီးသတ် ရွေးချယ်ခဲ့ပါသည်။ လက်ခံပတ် ၁ အတွက် အပြီးသတ် ရွေးချယ်ခံရသော ဗိုလ်လောင်း ၅၄ ဦးသည် ဗထူးမြို့သို့ ၁၉၅၅ ဇွန်လ ၁၈ နှင့် ၁၉ ရက်နေ့တွင် ရောက်ရှိပါသည်။ စစ်တက္ကသိုလ် လက်ခံပတ် ၁ သင်တန်းကို ၁၉၅၅ ခု ဇူလိုင်လ ၁ ရက်နေ့တွင် စတင် သင်ကြားသည်။ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၄ ရက် နေ့မှသာ ကျင်းပပြီး ထိုစဉ်က ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ တက်ရောက် ဖွင့်လှစ်ပေးသည်။ စစ်ရုံးချုပ် စစ်ဦးစီးဌာနမှ ဗိုလ်မှူးကြီး အောင်ကြီး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် စစ်ရုံးချုပ်မှ အရာရှိကြီးများ တက်ရောက်သည်။ ကာကွယ်ရေးဝန်ကြီး နှင့် ဗိုလ်မှူးကြီး အောင်ကြီးတို့က သြဝါဒစကားများ ပြောကြားခဲ့သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: