Tuesday, August 28, 2012

စစ်တက္ကသိုလ် အလံ ဆောင်ပုဒ်နှင့် တံဆိပ်

       
      ၁၉၅၈ အောက်တိုဘာ ၁ ရက်နေ့တွင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်မှူးချုပ် သူရ စည်သူသန်းဖေက စစ်တက္ကသိုလ်အလံ အပ်နှင်းခဲ့ပါသည်။ ယခု စစ်တက္ကသိုလ် အလံသည် ထို နောင်တစ်ခေတ်၏ အောင်စစ်သည် စာတန်းပါ အလံကို အခြေပြုထားသည်။ စစ်တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော နောင်တစ်ခေတ်၏အောင်စစ်သည် (The Triumphant Elite of the Future)ကို ဗိုလ်မှူး ဘသောင်းက တီထွင်ရေးသားခဲ့သည်။ သစ္စာ-သိပ္ပ-သူရ ဟူသော ဆောင်ပုဒ်ကိုလည်း ၁၉၅၉ ဇူလိုင် ၄ ရက်က စတင် သုံးစွဲခဲ့ပါသည်။ စစ်တက္ကသိုလ်၏ အမှတ်အသားမှာ အလယ်တွင် ကြယ်ဝါ မိုးပြာရောင်တောင်ပံနှင့် နက်ပြာရောင် ကျေက်ဆူးတို့ ဖြစ်သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: