စစ်တက္ကသိုလ် ဖွဲ့စည်း တည်ထောင်ရေးအတွက် ပဏာမ ဆွေးနွေးပြီး စစ်သေနာပတိချုပ် ကိုယ်တိုင် ဦးစီးသော စစ်တက္ကသိုလ် အကောင်အထည် ဖော်ရေးအဖွဲ့ကို၁၉၅၃ ခုနှစ် မေလအတွင်း ကာကွယ်ရေး ဝန်ကြီးက ဖွဲ့စည်းပေးခဲ့သည်။ စစ်တက္ကသိုလ် အကောင်အထည် ဖော်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၁၉၅၃ ခုနှစ် ဇွန်လ ၁၈ ရက် နေ့တွင် စစ်ရုံး စစ်သေနာပတိချုပ်၏ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ စစ်တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံ ပညာရပ်များကို ရန်ကုန်တက္ကသိုလ် အစီအမံဖြင့် သင်ကြားရန် စီမံအုပ်ချုပ်မှုကို တပ်မတော် အာဏာပိုင်များ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိရန်၊ ပညာသင်ကြားရာတွင် ရန်ကုန်တက္ကသိုလ်နှင့် အပြိုင်အဆိုင် မဖြစ်ရေး၊ ရန်ကုန်တက္ကသိုလ်၏ အကူအညီဖြင့်သာ သင်ကြားရန် ဆုံးဖြတ်ခဲ့သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)
No comments:
Post a Comment