Tuesday, August 28, 2012

စာရိတ္တမဏ္ဍိုင်ကော်မတီ

          ၁၉၅၇-၅၈ ခုနှစ်တွင် စာရိတ္တမဏ္ဍိုင်ကော်မတီ (Honour Committee) ကို ဖွဲ့စည်းသည်။ ရည်ရွယ်ချက်မှာ ကျောင်းဆင်းပြီးလျှင် တပ်မတော် အရာရှိကောင်းတစ်ယောက် ဖြစ်လာစေရေး စစ်တက္ကသိုလ်တွင် လေ့ကျင့်ရင်း အကျင့်စာရိတ္တကို တည်ဆောက်နိုင်စေရန် ဖြစ်သည်။ ကော်မတီမှာ သက်တမ်း ၁ နှစ် ဖြစ်သည်။ ပထမအကြိမ် ဖွဲ့စည်းရာတွင် ဒုတိယ ကျောင်းအုပ်ကြီး အပါအဝင် အရာရှိ ၃ ဦး ပါဝင်သော အဖွဲ့ ဖွဲ့စည်းသည်။ နောင်တွင် ဗိုလ်လောင်းများ  ကိုယ်တိုင် ဆောင်ရွက်သွားရန် စီစဉ်ခဲ့သည်။ ကော်မတီ၏ ဆောင်ပုဒ်မှာ သူရ သစ္စာ သမာဓိ ဖြစ်သည်။ ၁၉၅၇-၅၈ စာရိတ္တမဏ္ဍိုင်ကော်မတီတွင်-
ဗလအမှတ် ၅၂    ဗလ ကြည်လွင်    ဥက္ကဌ
ဗလအမှတ် ၅၀    ဗလ တင်အေး    အဖွဲ့ဝင်
ဗလအမှတ် ၁၈    ဗလ တင်စိုး    အဖွဲ့ဝင်
ဗလအမှတ် ၄၄    ဗလ ဥာဏ်လင်း    အဖွဲ့ဝင်
ဗလအမှတ် ၉    ဗလ လှမော်    အတွင်းရေးမှူး တို့ဖြစ်သည်။
၁၉၅၈-၅၉ စာရိတ္တမဏ္ဍိုင်ကော်မတီ တွင်
ဗလအမှတ် ၄၇    ဗလ မောင်အေး    ဥက္ကဌ
ဗလအမှတ် ၂၉    ဗလ တင်ဦး    အဖွဲ့ဝင်
ဗလအမှတ် ၅၀    ဗလ တင်အေး    အဖွဲ့ဝင်
ဗလအမှတ် ၂၄    ဗလ ညွန့်ဌေး    အဖွဲ့ဝင်
ဗလအမှတ် ၄၅    ဗလ တင်လှိုင်     အတွင်းရေးမှူး တို့ဖြစ်သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: