တပ်မတော်အတွက် လိုအပ်သော အရာရှိများကို အချိန်တို ကာလအတွင်း မွေးထုတ်နိုင်မည့် စီမံချက်ကို ၁၉၇၀ ပြည့်နှစ် သြဂုတ်လ ၁၆ ရက်နေ့ လေ့ကျင့်ရေးနှင့် စီမံရေး ညွှန်ကြားရေးမှူးရုံးခန်း အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းခဲ့သည်။ အခြေခံပညာ အထက်တန်း စာမေးပွဲကို ခ အဆင့် အောင်မြင်ပြီး ၁၆ နှစ်မှ ၁၉ နှစ်အတွင်း လူငယ်များကို စစ်ပညာတွင် တပ်စုမှူးအဆင့် တက္ကသိုလ်ပညာတွင် ဥပစာအဆင့်ထိ သင်ကြားလေ့ကျင့်ပေးပြီး အလုပ်သင်ဗိုလ်လောင်းများ မွေးထုတ်ပေးရန် ဖြစ်သည်။ အလုပ်သင်ဗိုလ်များအတွက် စာပေပညာ သင်ကြားပို့ချမှုကို စစ်တက္ကသိုလ်က တာဝန်ယူပြီး စစ်ပညာ လေ့ကျင့်မှုကို ဗိုလ်သင်တန်းကျောင်းက တာဝန်ယူရသည်။
၁၉၇၁ ခုနှစ်မှစ၍ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၁ မှ ၃ ထိ ပထမ ၆ လကို စစ်တက္ကသိုလ်တွင် စာပေသင်ကြားပေးခဲ့သည်။ အလုပ်သင်ဗိုလ် ဗိုလ်လောင်းတပ်ခွဲကို ဗန္ဓုလတပ်ခွဲ အမည်ဖြင့် ဖွဲ့စည်းလေ့ကျင့် ပေးခဲ့သည်။ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄ ကို ပြင်ဦးလွင်၌ အမှတ် ၂ လေ့ကျင့်ရေးတပ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ် စာပေပညာရပ်များကို စစ်တက္ကသိုလ် စာပေဌာနမှ အရာရှိများက သွားရောက် သင်ကြားပေးခဲ့သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)
No comments:
Post a Comment