Friday, August 31, 2012

ပေဖူးလွှာ



ပေဖူးလွှာ ပေဖူးလွှာ ပေဖူးလွှာ ရင်မှာပိုက်ပါလို့
 လိုက်ချင်ရဲ့ သည်ပျိုမေ
 ဆွေးတဲ့ အချိန်များ လွမ်းအားတွေ လွမ်းအားတွေ 
လွမ်းအားတွေပွားတဲ့ မယ့်အား တကယ်မသနား ပယ်ထား နေအားပေ
ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ
 ဘာစာတွေလဲလို့ မေးကြသလေ
မေးပါနဲ့အေ  အော် မေးပါနဲ့လေ
 မေ့ကိုလေ သူမသနား နယ်ခြားကိုတဲ့ စစ်ချီကာလေ
 စစ်မြေပြင် တစ်နယ်တစ်ကျေးက ပေးလာတဲ့ 
လွမ်းစာကွဲ့ လွမ်းစာကွဲ့အေ လွမ်းစာကွဲ့အေ
တစ်ကျွန်းစီနေ တစ်နယ်စီခြားပေမယ့် အချစ်အား ပစ်ထား စစ်သားမို့ပေ
 ဆွေးမပြေ ဆွေးမပြေ
ခွေယိုင်ကာနွမ်းပေမယ့် အချစ်ရေးထက် စစ်ရေးခက် အချက်တွေကပွေ 
တိုင်းပြည်တာဝန် ဝတ္တရားမပျက်အောင် 
ထမ်းဆောင်နေတဲ့ ဇာနည်မောင်ရေ
 အောင်သပြေ တောင်းဆုချွေ ဘေးဘယာဝေးကွာ အေးမြစေ
 စိန္တေမြတ်ဘုရားမလေ
ချစ်ရေးဆို မှုမထားနဲ့လေ စစ်ရေးကို ဂရုထားလို့လေ
 မေမှာပါရစေ ချစ်သက်ဝေ အော် ချစ်သက်ဝေ 
စာခွေ ပါးလိုက်ပေါ့လေ

No comments: