စစ်တက္ကသိုလ်သို့ ဝင်ရောက်သင်ကြားလိုသော ဗိုလ်လောင်းများကို ရွေးချယ်ရန် စစ်တက္ကသိုလ်ဝင် စာစစ်အဖွဲ့ လုပ်ထုံးလုပ်နည်းများကို အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲပြီး ၁၉၅၅ ခု မတ်လ ၇ ရက်နေ့တွင် စစ်ရုံးကော်မတီ အမိန့်အမှတ် င/အထူး/၅၅ ဖြင့် ထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးက ဖွဲ့စည်းပေးသော အဖွဲ့ဝင် ၇ ဦးတွင် ရန်ကုန်တက္ကသိုလ် ဆီးနိတ် အဖွဲ့ဝင် ၃ ဦးပါဝင်သည်။ စစ်တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ အဆင့်အတန်းကို မက်ထရစ် (Metric) စာမေးပွဲ အဆင့်အတန်း မနိမ့်ကျစေရန် သတ်မှတ်ခဲ့သည်။ စစ်တက္ကသိုလ် စာစစ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၁၉၅၅ မတ်လ ၂၁ ရက်နေ့တွင် စစ်ရုံး ဒဂုံရိပ်သာတွင် ကျင်းပခဲ့သည်။ သဘာပတိအဖြစ် ဗိုလ်မှူးချုပ်ကျော်ဝင်းက ဆောင်ရွက်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဝိဇ္ဇာပညာ မဟာဌာနမှူး၊ သိပ္ပံပညာ မဟာဌာနမှူး၊ စစ်တက္ကသိုလ် စာပေ ညွှန်ကြားရေးမှူးတို့က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ စစ်တက္ကသိုလ် စာမေးပွဲ ဝင်ခွင့် ပြုစုခြင်း၊ စစ်ဆေးခြင်းတို့ကို တက္ကသိုလ်မှ ဘာသာရပ် ပါမောက္ခများက တာဝန်ယူပြီး အထွေထွေ ဗဟုသုတ မေးခွန်းကို တပ်မတော် ဗိုလ်ရွေးအဖွဲ့က တာဝန်ယူခဲ့သည်။ စစ်တက္ကသိုလ် လက်ခံပတ် ၁ ဝင်ခွင့် စာမေးပွဲကို ၁၉၅၅ ခု ဧပြီလ ၄ ရက်မှ ၆ ရက်နေ့ထိ မြို့ကြီး ၁၉ မြို့တွင် တစ်ပြိုင်တည်း ကျင်းပခဲ့သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)
No comments:
Post a Comment