စစ်ဘက် အရာရှိများသာမက အရပ်သား ကျောင်းသား များကိုလည်း စစ်ပညာနှင့် ခေတ်ပညာ စွယ်စုံတတ်မြောက်သည့် ဘွဲ့ရပုဂ္ဂိုလ်များအဖြစ် မွေးထုတ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၂ တွင်လက်ခံခဲ့သည်။ အရပ်သား ကျောင်းသားများသည် ဗိုလ်လောင်းများ နည်းတူ စစ်ပညာနှင့် တက္ကသိုလ်ပညာ သင်ယူရသည့်ပြင် စစ်တက္ကသိုလ်၏ စည်းကမ်း စည်းမျဉ်းများကိုလည်း တိကျစွာ လိုက်နာရသည်။ မိမိ စရိတ်ဖြင့် စစ်တက္ကသိုလ်တွင် ကျောင်းအိပ်ကျောင်းစား နေထိုင်ရပါသည်။ သင်တန်း ပြီးဆုံး အောင်မြင်သောအခါ ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ သိပ္ပံဘွဲ့ ဒီဂရီများ ချီးမြှင့်ပေးပြီး တပ်မတော်သို့ ဝင်ရောက်လိုလျှင် နောက်ဆုံးနှစ်တွင် လျှောက်ထားရသည်။
အရပ်သား ကျောင်းသားများကို လက်ခံသင်ကြားရန် အထွေထွေ ပဋိညာဉ်ကို ၁၁-၁-၆၂ တွင် ပြင်ဆင်ရေးဆွဲပြီး အရပ်သား ကျောင်းသား ၇ ဦးကို လက်ခံပတ် အမှတ်စဉ် ၈ ဗိုလ်လောင်း သင်တန်းသားများနှင့်အတူ လက်ခံခဲ့သည်။ ယင်းတို့အနက် သင်တန်းသား ၅ ဦးသည် ၁၉၆၆ မေလတွင် ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခံရသည်။ ကျန် ၂ ဦးမှာ စာမေးပွဲ ၁ နှစ်ကျ၍ ၁၉၆၇ ဧပြီလတွင် ပြန်တမ်းဝင်အရာရှိ ခန့်အပ် ခံရသည်။ အရပ်သား ကျောင်းသားများကို လက်ခံပတ် အမှတ်စဉ် ၈ တစ်ခုတည်းတွင်သာ လက်ခံသင်ကြားပေးခဲ့သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)
No comments:
Post a Comment