၁၉၅၅ ဇူလိုင် ၁ ရက်နေ့မှစ၍ လက်ခံပတ် ၁ ဖွင့်လှစ်သောအခါ ဗိုလ်လောင်းများကို အောင်ဆန်းတပ်ခွဲ ဟူ၍ ဖွဲ့စည်းထားပါသည်။ ၁၉၅၆-၅၇ လေ့ကျင့်ရေးနစ်တွင် လက်ခံပတ် ၂ ဝင်ရောက်လာသောအခါ တပ်ခွဲတစ်ခွဲ ထပ်တိုး၍ အောင်ဇေယျတပ်ခွဲဟု အမည်ပေးခဲ့သည်။ တပ်ခွဲ ၂ ခွဲ ဖြစ်လာသောအခါ တပ်ခွဲများကို လက်ခံပတ်အလိုက် မခွဲတော့ဘဲ လက်ခံပတ် ၂ ခုမှ သင်တန်းသားများကို တပ်ခွဲ ၂ ခွဲတွင် မျှ၍ ဖွဲ့စည်းခဲ့သည်။ ၁၉၅၇-၅၈ နှစ်တွင် လက်ခံပတ် ၃ ဗိုလ်လောင်းများ ရောက်ရှိလာသောအခါ အောင်ဆန်း၊ အောင်ဇေယျ အမည်များကို ပြောင်း၍ အနော်ရထာနှင့် ဘုရင့်နောင် တပ်ခွဲဟု ဖွဲ့စည်းကာ လက်ခံပတ် ၃ မှ သင်တန်းသားများကို တပ်ခွဲ ၂ ခွဲ မျှ၍ ဖွဲ့စည်းခဲ့ပါသည်။ လက်ခံပတ် ၄ ဗိုလ်လောင်းသင်တန်းများ ရောက်ရှိပြီး လက်ခံပတ် ၁ ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းသော ၁၉၅၉ ဇွန်လ ၁ ရက်နေ့ထိ တပ်ခွဲ ၂ ခွဲသာ ရှိခဲ့ပါသည်။ လက်ခံပတ် ၆ သင်တန်း စတုတ္ထနှစ် ရောက်သော ၁၉၆၃ ခုနှစ်တွင် အောင်ဇေယျတပ်ခွဲ၊ လက်ခံပတ် ၈ သင်တန်း စတုတ္ထနှစ်ရောက်သော ၁၉၆၅-၆၆ ပညာသင်နှစ်တွင် အောင်ဆန်းတပ်ခွဲ ထပ်မံဖွဲ့စည်းခဲ့ပါသည်။ တပ်ခွဲ ၄ ခွဲ ဖြစ်လာခဲ့သည်။ ရှေးမြန်မာ့သမိုင်းတွင် နိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့သော စစ်ဘုရင်များနှင့် လွတ်လပ်ရေး ခေါင်းဆောင်ကြီးကို ဂုဏ်ပြု၍ တပ်ခွဲအမည်ပေး ဖွဲ့စည်းထားခြင်း ဖြစ်သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)
No comments:
Post a Comment