Thursday, August 30, 2012

စစ်လက်ရုံးရွေးချယ်ခြင်း

    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်စွဲပါ စာအမှတ် ၁၈၈၆/၆/ဦး၃ အရ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ စစ်လက်ရုံးသတ်မှတ်ခြင်း စည်းမျဉ်းကို အတည်ပြုခဲ့သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းများ (ကြည်း ရေ လေ) စစ်လက်ရုံး ရွေးချယ်ရေးအဖွဲ့တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အဓိပတိအဖြစ် ဆောင်ရွက်၍ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ) စစ်ရေးချုပ် လေ့ကျင့်ရေး ညွှန်ကြားရေးမှူးတို့က အဖွဲ့ဝင်များ အဖြစ် ပါဝင်ပြီး စစ်ရာထူးခန့်ချုပ်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ပါသည်။ တတိယနှစ် သင်တန်း ကာလတွင် ပြုလုပ်လေ့ရှိပါသည်။ စစ်လက်ရုံးရွေးချယ်ရေးအဖွဲ့က လူတွေ့ စစ်မေးသော အခါတွင် အထောက်အကူ ဖြစ်စေရန်အတွက် လိုအပ်သော စာရင်းဇယားများကို စစ်တက္ကသိုလ်က ပြုစုပေးရပါသည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: