ပြင်ဦးလွင်ခေါ် ပန်းမြို့တော်ဝယ်
ပေါ်လွင်ထင်ရှား ခန့်ခန့်ညားနှင့်
မားမတ်ဝင့်ထည် ဂုဏ်ယူဖွယ်တည့်
နုနယ်ပျိုမျစ် ပြည်သားချစ်တို့
နှစ်ခြိုက်ခိုမှီ သန္ဓေတည်ရာ
ဝေစည်တင့်မောင်း သမိုင်းကြောင်းနှင့်
တို့ကျောင်းမြင်းမိုရ် စစ်တက္ကသိုလ်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုဝယ်
ကွန်းခိုလေးနှစ် အားမာန်သစ်ခဲ့
ထုဆစ်ဂုဏ်မောက် လက်ရာမြောက်သော်
ထွန်းတောက်ဝင့်ကြွား နောင်ညီများတို့
ထင်ရှားပီပြင် မြန်ပြည်ခွင်ဝယ်
ဂုဏ်အင်မွှေးလှ ရုပ်လုံးကြွလျက်
ကျရာတာဝန် မြဲကျေပွန်၏
အားသွန်ခဲ့ကြောင်း ကမ္ဗည်းကောင်းလျှင်
ထောင်သောင်းမက ရှိချေပြီ
ချယ်ရီပန်းတို့ သက်သေတည်
ဪ
ပန်းပွင့်ချယ်ရီ သက်သေတည်၍
စုံညီဆင့်လောင်း သားကောင်းများစွာ
လားရာမတူ တမူကွဲပြား
သူကားတစ်ရွာ ငါ့မှာတစ်မြို့
တချို့ပွင့်ဝေ တချို့ကြွေနှင့်
သို့ပင်ရှိငြား အမေ့သားတို့
သင်ကြားခဲ့ရာ "သစ္စာ သိပ္ပ
သူရ" ဂုဏ်ရည် ရင်မှာတည်ရင်း
ယုံကြည်နက်လေး အားမာန်သွေးသော်
ပျံ့မွှေးနေဆဲ လေပြည်ထဲတွင်
ဝေဆဲပန်းတို့ ကြိုင်လှိုင်ဖြာ
ကြွေသောပန်းတို့ ဂုဏ်ယူစွာ
ဦးညွတ်နေမြဲ အစဉ်သာ
ပေါ်လွင်ထင်ရှား ခန့်ခန့်ညားနှင့်
မားမတ်ဝင့်ထည် ဂုဏ်ယူဖွယ်တည့်
နုနယ်ပျိုမျစ် ပြည်သားချစ်တို့
နှစ်ခြိုက်ခိုမှီ သန္ဓေတည်ရာ
ဝေစည်တင့်မောင်း သမိုင်းကြောင်းနှင့်
တို့ကျောင်းမြင်းမိုရ် စစ်တက္ကသိုလ်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုဝယ်
ကွန်းခိုလေးနှစ် အားမာန်သစ်ခဲ့
ထုဆစ်ဂုဏ်မောက် လက်ရာမြောက်သော်
ထွန်းတောက်ဝင့်ကြွား နောင်ညီများတို့
ထင်ရှားပီပြင် မြန်ပြည်ခွင်ဝယ်
ဂုဏ်အင်မွှေးလှ ရုပ်လုံးကြွလျက်
ကျရာတာဝန် မြဲကျေပွန်၏
အားသွန်ခဲ့ကြောင်း ကမ္ဗည်းကောင်းလျှင်
ထောင်သောင်းမက ရှိချေပြီ
ချယ်ရီပန်းတို့ သက်သေတည်
ဪ
ပန်းပွင့်ချယ်ရီ သက်သေတည်၍
စုံညီဆင့်လောင်း သားကောင်းများစွာ
လားရာမတူ တမူကွဲပြား
သူကားတစ်ရွာ ငါ့မှာတစ်မြို့
တချို့ပွင့်ဝေ တချို့ကြွေနှင့်
သို့ပင်ရှိငြား အမေ့သားတို့
သင်ကြားခဲ့ရာ "သစ္စာ သိပ္ပ
သူရ" ဂုဏ်ရည် ရင်မှာတည်ရင်း
ယုံကြည်နက်လေး အားမာန်သွေးသော်
ပျံ့မွှေးနေဆဲ လေပြည်ထဲတွင်
ဝေဆဲပန်းတို့ ကြိုင်လှိုင်ဖြာ
ကြွေသောပန်းတို့ ဂုဏ်ယူစွာ
ဦးညွတ်နေမြဲ အစဉ်သာ
လွမ်းစစ်နိုင်(ပုလော)
ဗိုလ်သက်နိုင်
စတသ(၅၂)
အမှတ်(၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)
No comments:
Post a Comment