Thursday, March 29, 2012

မျိုးချစ်ဇာနည် အောင်စစ်သည်

ချယ်ရီမြေပွင့်ဝေပန်းတွေနှင့်
တောင်တန်းပြာ နှင်းငွေလွှမ်းနေသည့်
ရှမ်းမြေမြင့် စခန်းသာ

ချယ်ရီမြေထက်မှာလ
စစ်တက္ကသိုလ်တည်ရှိရာမို့
အမိပြည်ချစ်သည့်ပန်းတွေကလည်း
လန်းစွင့်ဂုဏ်ဖြာ

မော်ကွန်းထည်စွာ
နောင်တစ်ခေတ်ရည်
အောင်စစ်သည်ဇာနည်ဘွား

ချယ်ရီမြေ စစ်တက္ကသိုလ်တွင်
ရွယ်ရည်နေကြ ခေတ်အတွက်ကိုလျှင်
ပညာသင်ဖွေရှာကြ
အစဉ်အလာတွင် ရှည်ကြာစွ
သစ္စာ သိပ္ပ သူရ ဂုဏ်ရည်
တူစွစုံညီ အလှရွှမ်းလို့
ညွှန်းဆိုချင်
ကွန်းခိုဝင် မြန်မာ့သားတို့ကို
ကွယ်
မျိုးချစ်သူများ

မောင်သန့်ဇင်
ဗိုလ်မှူးသန့်ဇင်အောင်
မြန်မာစာဌာန စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

No comments: