ဗုဒ္ဓစိန္တေ မိန့်မြွက်ခြွေမို့
တို့တွေလူသား တန်ဖိုးထားလော့
လူသားတွင်ပင်
တို့လျှင်ယောက်ျား တစ်ကောင်ဘွားမို့
မြင့်မားတန်ဖိုး စဉ်မြဲတိုးအောင်
ကြိုးစားဆောင်ရွက် မပျက်ကွက်နှင့်
ယောက်ျားတွင်ပင်
တို့လျှင်စစ်သား ဇာနည်ဘွားမို့
မြင့်မားဂုဏ်ရည် ခန့်ထည်စေရေး
လေးပေးဆောင်ရွက် မပျက်ကွက်နှင့်
စစ်သားတွင်ပင်
တို့လျှင်ဗိုလ်လောင်း ပြည့်သားကောင်းမို့
ခညောင်းကျက်သရေ လင်းလက်ဝေအောင်
မသွေနိစ္စ ကြိုးပမ်းကြလော့
ဗိုလ်လောင်းတွင်ပင်
တို့လျှင်ကွန်းခို စစ်တက္ကသိုလ်မှ
ညွှန်းဆိုဂုဏ်ရောင် စဉ်ထွန်းပြောင်သည့်
"နောင်တစ်ခေတ်၏ အောင်စစ်သည်" မို့
စွမ်းရည်ဝင့်ထည် "သ" သုံးသွယ်ဖြင့်
ရည်ရွယ်မှတ်သား စဉ်ကြိုးစားလော့
ဖြစ်စဉ်ဆင့်ဆင့် မျှော်တွေးချင့်သော်
အသင့်ရေကန် နတ်တို့ဖန်သို့
လျင်မြန်ဆောစွာ ရွှေကြာပန်းပွင့်
အမြင်တင့်လာ မဟုတ်ရာမို့
ကိုယ့်မှာတန်ဖိုး တိုးထက်တိုးအောင်
ကြံဆောင်ကြိုးစားကြစေလို
မောင်အောင်သန်းမြင့်
ဒုမှူးကြီးအောင်သန်း
ကထိက ဌာနမှူး
မြန်မာစာဌာန စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)
ဒုမှူးကြီးအောင်သန်း
ကထိက ဌာနမှူး
မြန်မာစာဌာန စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)
No comments:
Post a Comment