Thursday, March 29, 2012

အမိမြင့်မား သားဝင့်ကြွား

စိန်ပန်းပြာနီ နှင်းငွေရည်နှင့်
ရေကြည်မြစမ်း တောင်ပြာတန်းက
မြန်းခဲ့ရိပ်ညို တက္ကသိုလ်သည်
နုပျိုနေဆဲပေတကား

နှစ်ဆယ့်ကိုးနှစ် ဝေးကျန်ရစ်လည်း
ရင်နှစ်ပြည့်သား ဇာနည်ဘွားတို့
မွေးဖွားလျက်ပေ ကျောင်းရိပ်မြေသည်
စိုပြေနေဆဲပါတကား

အဖနေရာ ရောက်၍လာလည်း
နောက်မှာတူသား အရွယ်များက
အားမာန်ပြည့်လျှမ်း ရဲရဲလှမ်းလျက်
စွမ်းစထွန်းပြောင် ဆောင်မြဲဆောင်သည်
ဂုဏ်ရောင်မြင့်ဆဲပါတကား

နှစ်ပေါင်းများစွာ မည်မျှကြာလည်း
ပမာဤသို့ မျိုးဆက်တို့လျှင်
မချို့မပျက် ရှေ့ဆီဆက်၍
တွဲလက်ခိုင်စွာ ညီတညာဖြင့်
ပြည်ရွာလုံရေး စွမ်းဆောင်ပေးလိမ့်
အတွေးရေယဉ် မျောမိစဉ်ဝယ်
မြာမင်ဆွတ်ဖြန်း တောင်စဉ်တန်းနှင့်
စိန်ပန်းပြာနီ နှင်းငွေ့ရည်တို့
ပန်းချီမဟုတ် မှန်သရုပ်ကို
ကျွန်ုပ်မြင်မိသည်တကား
အမိမြင့်မား သားဝင့်ကြွား

မောင်စိမ်းနောင်(လယ်ဝေး)
ဒုမှူးကြီးမျိုးထွန်း(ငြိမ်း)
စာတည်းမှူးချုပ် စာပေဗိမာန်
ပြန်ကြားရေးဝန်ကြီးဌာန
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

No comments: