Thursday, March 29, 2012

ကျောင်းကြီးမြင်းမိုရ် စစ်တက္ကသိုလ်

အို
ကျောင်းကြီးမြင်းမိုရ် စစ်တက္ကသိုလ်
အသင်သည်ကား ရင်ဝယ်သားကို
သနားချစ်ခင် သားနှယ်ကြင်၍
ပညာဗလ သိပ္ပ ဝိဇ္ဇာ
ပွားစည်ရာကြောင်း မေတ္တာလောင်းကာ
ပေါင်းစုစေတနာ ကရုဏာဖြင့်
ဝါသနာအား လုံ့လထားပြီး
သားတပည့်ကောင်း ကောင်းစေကြောင်းကို
ထိုထိုဒေါသ မာနကင်းကွာ
သုခဖြာလို့ ဆီးကာဘေးရန်
တွန်းဖယ်လှန်၍ မချန်သိပ္ပ
ကိုယ်စီရအောင် ကျနဦးဆောင်
ပျိုးထောင်သင်ကြား ကောင်းမှုပွားအောင်
စွမ်းဆောင်နိုင်ခဲ့ပြီတကား

အို
ကျောင်းကြီးမြင်းမိုရ် စစ်တက္ကသိုလ်
အသင်သည်ကား ရင်ဝယ်သားကို
သနားချစ်ကြည် မှတ်ကျောက်တည်၍
ဇာနည်နှလုံး လက်ရုံးအရာ
ဘုန်းသမ္ဘာာနှင့် သစ္စာသူရ
လုံ့လအရာ ခါခါလေ့ကျင့်
မာန်ဟုန်ဝင့်၍ ရဲရင့်ကျွမ်းကျင်
အောင်ပွဲဝင်အောင် ရောင်ထင်မောင်းမောင်း
ယောက်ျားကောင်းသို့ ဖြစ်ကြောင်းရည်မျှော်
တိုင်းပြည်ကျော်ဖို့ ဖော်ဆောင်ထုဆစ်
နောင်တစ်ခေတ်၏ အောင်စစ်သည်များ
ဖွားသန့်စင်အောင် ဂုဏ်ထူးဆောင်၍
ပျိုးထောင်နိုင်ခဲ့ပြီတကား

အောင်နိုင်မြင့်(၆၅၉၀)
ဗိုလ်မှူးအောင်နိုင်မြင့်
လက်ထောက်ကထိက
မြန်မာစာဌာန စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

No comments: