Thursday, March 29, 2012

ရဲသုံးဖော်

သည်တောသည်တောင် လျှိုမြောင်ကမ်းပါး
ချောက်ချားမကျန် ရန်စွယ်ပယ်ရှား
ကျားပဲကိုက်စေ တုံးတိုက်လေလည်း
စွမ်းရည်ခြိမ့်သည့် တပ်မတော်(ကြည်း)

သာယာရွှင်လန်း တောင်ပြာတန်းနှင့်
စိမ့်စမ်းရေမှ အစပြုရာ
ခက်ဖြာမြစ်ချောင်း ပင်လယ်ကြောင်းစေ
လှေခွက်ချည်းကျန် အလံမလဲ
ဇွဲနှင့်ချီပေ တပ်မတော်(ရေ)

ပြာပြာလွင်လွင် သည်ဝေဟင်ထက်
ငှက်သွင်ပျံတက် ကာကွယ်လျက်ပင်
တက်နိုင်ဖျားရောက် အံ့လောက်စွန့်စား
ဝင့်ကြွားကြပေ တပ်မတော်(လေ)

အောင်စစ်သည်တော် ရဲသုံးဘော်သည်
တို့မြန်မာပြည် အမိမြေကို
ရေရှည်ခံ့ထည် ကမ္ဘာတည်အောင်
တူညီသစ္စာ သက်စွန့်ကာလျှင်
ထာဝစဉ်သယ်ပိုးနေသည်တကား
ကြည်းရေလေတပ် စွမ်းပကား

ဟိန်းမင်းဦး
ဗိုလ်လောင်းဟိန်းမင်းဦး
စတသ(၅၄)
အနော်ရထာတပ်ရင်း စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

No comments: