Thursday, March 29, 2012

နောင်တစ်ခေတ်၏အောင်စစ်သည်

နောင်တစ်ခေတ်၏ အောင်စစ်သည်
တူညီလျှောက်လှမ်း  ချယ်ရီနန်း

စစ်သည်လူတော် ပွဲတိုင်းကျော်
ရည်မျှော်ဇွဲဆင့် ပြည့်မျက်ပွင့်

စစ်သည်လူမွန် လွန်ထူးချွန်
ကျေပွန်လုပ်အား ဆတက်ပွား

စစ်သည်လူကောင်း အားစုပေါင်း
နီမောင်းသွေးရဲ သတ္တိခဲ

ပြည်ချစ်သားဆွေ ဇာနည်ပေ
အောင်မြေကိုနင်း ရန်ဖြိုခွင်း

လက်ရုံးလည်းပြိုင် ဥာဏ်နှင့်ဆိုင်
မြဲခိုင်စိတ်ဓာတ် အောင်ပွဲမြတ်

နောင်တစ်ခေတ်မျှော်ရည် အောင်စစ်သည်
ဂုဏ်ရည်ဝင့်ကြွား မျိုးချစ်များ
အမိမြေတွက် သားကောင်းများ

အောင်အောင်(ဆိပ်ဖြူ)
ဗိုလ်ကြီးအောင်အောင်
စတသ(၄၅)
အောင်ဇေယျတပ်ရင်း စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

No comments: