Thursday, March 29, 2012

သားကောင်းဇာနည်

ချယ်ရီရိပ်ညို စစ်တက္ကသိုလ်၌
ကွန်းခိုအားသစ် သားရင်နှစ်တို့
စစ်ပညာသင် ပြည့်ဝလျင်သော်
စစ်ဆင်စိမ့်ငှာ တို့ခွဲခွာသည်
ကာလကြာရှည်ခဲ့လေပြီ

ရဲစွာဆင်နွှဲ အောင်သည့်ပွဲကြောင့်
အံ့အဲမကုန် သတင်းဂုဏ်နှင့်
ပြည့်စုံခဲ့ကြ ဂုဏ်ပြုကြသည်
သူရသားကောင်း ဇာနည်တကား

တောင်ပြာတောတန်း ခရီးကြမ်းဝယ်
တက်လှမ်းစွန့်စား ပြည်ချစ်သားဟု
ဝင့်ကြွားလျက်သော် တိုက်ပွဲပျော်သည်
လွှင့်ကျော်သားကောင်းဇာနည်တကား

ကြွင်းကျန်ခြေလက် တစ်ဖက်ဖက်ဖြင့်
အားတက်ဆဲသာ စွမ်းဆောင်ရာဟု
ပါဝင်တက်ကြွ လုပ်အားပြသည်
မြန်မာ့သားကောင်းဇာနည်တကား

နွေဦးကာလ ညတစ်ည၌
မိုးစထွန်းလင်း ကြယ်ပန်းခင်းကို
ရှုရင်းငါ့ဝယ် အတွေးကြွယ်သည်
ဘယ်ဆီဘယ်မှာ ဘယ်နေရာဟု
တို့မှာဒေသ ကွာခြားကြလည်း
ကြွေကရဲရဲ ဝေရဲရဲတည့်
တိုက်ရဲသေရဲ စွန့်လွှတ်ရဲ၏
တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ထောင်
အောင်ပန်းကုဋေ ခူးဆွတ်ခြွေမည်
တို့ပြည်ကျိုးပြု တို့ရှေးရှု
လေးချက်ဓိဌာန် ငါတို့ပြု

အောင်နိုင်
ဗိုလ်အောင်နိုင်
စတသ(၅၁) မဟာဘွဲ့(ဒုတိယနှစ်)သင်တန်း
စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

No comments: