Thursday, September 25, 2008

ဝင်ရောက်ကြည့်ရှုကြသူများ

ဤနေရာတွင် ကျွန်တော်တို့ စာမျက်နှာများကို ၀င်ရောက်ကြည့်ရှုကြသူများ၊ ကျွန်တော်တို့ သူငယ်ချင်းများ၏ ဆက်သွယ်နိုင်သော အီးမေးလိပ်စာများကို တတ်နိုင်သမျှ စုံစုံလင်လင် ဖော်ပြပေးရန် ရည်ရွယ်ပါသည်။ ဖတ်မိသော သူငယ်ချင်းများကလည်း အခြားသူများကို ထပ်ဆင့် ပြောပြပေးကြဖို့ ဖြစ်ပါသည်။
မြန်မာစာက အောင်မျိုးနိုင်၊ မင်းဇော်ဦးနှင့် ဥာဏ်မျိုးကျော်တို့လို စာရေးဆရာတွေကို လောလောဆယ် ၀င်ရောက်ရေးသားဖို့ ဖိတ်ခေါ်ထားပါသည်။ အောင်ဇေယျက ဇေယျာထွန်းကိုလည်း ဖိတ်ခေါ်ရပါဦးမည်။နောက်ထပ် ဘယ်သူတွေ ထပ်ပြီး အားကိုးရဦးမလဲဆိုတာကိုတော့ တိုင်ပင်ကြည့်ပါဦးမည်။

1 comment:

Ko Nyan said...

ကျွန်တော်က စာရေးဆရာမဟုတ်ပါ။ ကျွန်တော် စာရေးဆရာပါဟုလည်း ဘယ်သူ့ကိုမှ မပြောဖူးပါ။ ဖတ်မိသူတွေ သို့လောသို့လော တွေးပြီး တမျိုးထင်ကြမှာစိုးရိမ်ကြောင်းပါ။ ဘယ်မဂ္ဂဇင်း၊ စာစောင်မှာမှလည်း ပါဝင်ရေးသားခဲ့ဖူးခြင်းမရှိပါ။ အမြင့်ဆုံး ပါဝင်ရေးသားဖူးသော စာအုပ်စာစောင်ကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထုတ်ခဲ့ဖူးတဲ့ ကဗျာစာအုပ်လေးတွေ ဖြစ်ပါတယ်။ ဒါတောင် အလကားလောက်နီးနီး သူများတွေကို လိုက်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီလို လူတစ်ယောက်ကို စာရေးဆရာလို့ နာမည်တပ်ထားတဲ့အတွက် အခြားသူများက ပြောစရာဖြစ်မလာရအောင် ရှင်းပြထားခြင်း ဖြစ်ပါသည်။ အခုတော့ ဘယ်ကဏ္ဍကိုမှ ၀င်ရောက် ရေးသားနိုင်ခြင်း မရှိသေးပါ။ ကောင်းထက်စံရေးသားနေသည်မှာလည်း အတော်ပင် ပြည့်စုံနေသည့်အတွက် မလိုအပ်သေးဟု ယူဆပါသည်။ ဓာတ်ပုံများ အများကြီးတင်ထားသည့်အတွက် အားနည်းချက်ကတော့ ကျွန်တော်တို့ ရွှေမြန်မာအင်တာနက်ကွန်နက်ရှင်းနှင့် ဆိုလျှင် တစ်နေကုန်စောင့်ပြီးမှ ဘလော့ဂ်ကို ဖတ်လို့ရမည်ထင်ပါသည်။ ဓာတ်ပုံသည် အင်တာနက်စာမျက်နှာများတွင် အင်မတန်နေရာယူပါသည်။ တစ်ခုတော့ မေးချင်ပါသည်။ စိတ်ထဲမှာ သို့လောသို့လော ဖြစ်နေသည့်အတွက်ပါ။ ဓာတ်ပုံမှတ်တမ်း ပြုစုနေသည်လား၊ စာသမိုင်းပြုစုနေသည်လား။ ဓာတ်ပုံများကို စုစည်းတင်ပေးထားမှု လွန်ကဲနေသည်ဟု ထင်မြင်မိသောကြောင့် ဖြစ်ပါသည်။ တစ်ဖက်ကို အားထည့်လျှင် အခြားတစ်ဖက်မှာ လစ်ဟာသွားမှာကို စိုးရိမ်မိ၍ ဖြစ်ပါသည်။ လုပ်နေသူကို ဝေဖန်ရခြင်း လုံးဝမဟုတ်ပါ။ ကျွန်တော်မလုပ်နိုင်သည့်အလုပ်တစ်ခုကို လုပ်နေသည့်အတွက် အားပေးပါသည်။ လေးစားပါသည်။ ကျွန်တော်က ကြားမှဖြတ်၍ ဖိတ်ခေါ်ခံရ၍သာ ဒီဘလော့ဂ်ရှိမှန်း သိရခြင်းဖြစ်ပါသည်။ သူစတင်တည်ထောင်တာရော၊ သူ့ရည်ရွယ်ချက်ရော၊ သူ့ပစ်မှတ်ကိုရော ကျွန်တော်သေချာမသိကြောင်း ၀န်ခံပါသည်။ သူ့အစီအစဉ်နှင့်သူ အကွက်ချလုပ်နေသည်ဟု ယူဆသည့်အတွက် ဘေးမှဝင်၍ အကြံမပေးလိုပါ။ တော်ကြာ လုပ်နေရင်း ကိုယ့်ကြောင့် စိတ်ေ၀၀ါးသွားတာမျိုး၊ ခလုတ်ဖြစ်သွားတာမျိုး မလိုလားသောကြောင့် ဖြစ်ပါသည်။ ရေးသားနေသူအားလုံးကို လေးစားပါသည်။ ဆက်လက်ကြိုးစားရန် အားပေးပါသည်။