မင်းတို့နှင့်ငါ တစ်သက်တာ၌
မေ့ပါနိုင်ပဲ ရင်လွှာထဲဝယ်
အမြဲဆွတ်တမ်း အောက်မေ့လွမ်းသည်
တောင်ပြာတန်းက တက္ကသိုလ်... ။
မြို့ရွာဒေသ အစုံမှလျှင်
ဆုံကြတစ်ခါ ဤနေရာ၌
စာပေပညာ စစ်ပညာတို့
လေ့လာခဲ့ကြ လေးနှစ်မျှဝယ်
သွားကြလာကြ တူတကွတည့်
ကျက်ကြမှတ်ကြ တူတကွတည့်
လေ့ကျင့်သင်ကြ တူတကွတည့်
ရုန်းကြကန်ကြ တူတကွတည့်
ချစ်စမြဲမြံ တိုးခဲ့မှန်သော်
ပြန်ကာတွေးလျှင် ရင်ခုန်ချင်သည်
ပြင်ဦးလွင်က တက္ကသိုလ်... ။
ပြင်ဦးလွင်ဆောင်း အေးလှကြောင်းမို့
ကျောင်းရိပ်ညိုတွင်း ကျသည့်နှင်းတို့
ရှုခင်းသာယာ ချမ်းအေးစွာလျှင်
သည်ရာသီမှာ သည်မာလာတို့
ပွင့်ရှာကြမည် တွေးမိသည်၌
နီပြာခရမ်း ရောင်စုံလွှမ်းသည့်
ပန်းတို့ကိုလျှင် တစ်ဖန်မြင်သော်
ရင်ခုန်ဆွတ်တမ်း အောက်မေ့လွမ်းသည်
ပန်းမြို့တော်က တက္ကသိုလ်...။
မျိုးဆက်အသစ် နောင်ညီချစ်တို့
စစ်ပညာသင် ကျောင်းစာသင်ကာ
ယခင်ရှေးထက် စည်ပင်လျက်က
တိုးတက်နေမည် မြင်မိသည်၌
ပြန်လည်တမ်းကာ လွမ်းမိပါသည်
အာရုံထဲက တက္ကသိုလ်...။
သြော်...
မင်းတို့နှင့်ငါ တစ်သက်တာ၌
မေ့ပါနိုင်ပဲ ရင်လွှာထဲဝယ်
အမြဲဆွတ်တမ်း အောက်မေ့လွမ်းသည့်
တောင်တန်းပြာညို တက္ကသိုလ်ကား
ပျိုမြဲပျိုလျက် စဉ်မပျက်လျှင်
မျိုးဆက်သစ်များ ပြည်ချစ်သားတို့
မွေးဖွားသန့်စင် ရှိမြဲပင်ဟု
မြင်ယောင်တမ်းတ သတိရသော်
အားရ၀မ်းသာ ဖြစ်မိပါသည်
ပြည်ရွာရှေ့ရေးအတွက်ကို...
စာဆိုဂုဏ်ပြု ညွှန်းဖွဲ့ဆို...
ပြင်ဦးလွင်က စစ်တက္ကသိုလ်...။
အမြဲဆွတ်တမ်း အောက်မေ့လွမ်းသည်
တောင်ပြာတန်းက တက္ကသိုလ်... ။
မြို့ရွာဒေသ အစုံမှလျှင်
ဆုံကြတစ်ခါ ဤနေရာ၌
စာပေပညာ စစ်ပညာတို့
လေ့လာခဲ့ကြ လေးနှစ်မျှဝယ်
သွားကြလာကြ တူတကွတည့်
ကျက်ကြမှတ်ကြ တူတကွတည့်
လေ့ကျင့်သင်ကြ တူတကွတည့်
ရုန်းကြကန်ကြ တူတကွတည့်
ချစ်စမြဲမြံ တိုးခဲ့မှန်သော်
ပြန်ကာတွေးလျှင် ရင်ခုန်ချင်သည်
ပြင်ဦးလွင်က တက္ကသိုလ်... ။
ပြင်ဦးလွင်ဆောင်း အေးလှကြောင်းမို့
ကျောင်းရိပ်ညိုတွင်း ကျသည့်နှင်းတို့
ရှုခင်းသာယာ ချမ်းအေးစွာလျှင်
သည်ရာသီမှာ သည်မာလာတို့
ပွင့်ရှာကြမည် တွေးမိသည်၌
နီပြာခရမ်း ရောင်စုံလွှမ်းသည့်
ပန်းတို့ကိုလျှင် တစ်ဖန်မြင်သော်
ရင်ခုန်ဆွတ်တမ်း အောက်မေ့လွမ်းသည်
ပန်းမြို့တော်က တက္ကသိုလ်...။
မျိုးဆက်အသစ် နောင်ညီချစ်တို့
စစ်ပညာသင် ကျောင်းစာသင်ကာ
ယခင်ရှေးထက် စည်ပင်လျက်က
တိုးတက်နေမည် မြင်မိသည်၌
ပြန်လည်တမ်းကာ လွမ်းမိပါသည်
အာရုံထဲက တက္ကသိုလ်...။
သြော်...
မင်းတို့နှင့်ငါ တစ်သက်တာ၌
မေ့ပါနိုင်ပဲ ရင်လွှာထဲဝယ်
အမြဲဆွတ်တမ်း အောက်မေ့လွမ်းသည့်
တောင်တန်းပြာညို တက္ကသိုလ်ကား
ပျိုမြဲပျိုလျက် စဉ်မပျက်လျှင်
မျိုးဆက်သစ်များ ပြည်ချစ်သားတို့
မွေးဖွားသန့်စင် ရှိမြဲပင်ဟု
မြင်ယောင်တမ်းတ သတိရသော်
အားရ၀မ်းသာ ဖြစ်မိပါသည်
ပြည်ရွာရှေ့ရေးအတွက်ကို...
စာဆိုဂုဏ်ပြု ညွှန်းဖွဲ့ဆို...
ပြင်ဦးလွင်က စစ်တက္ကသိုလ်...။
မောင်စိမ်းနောင်(လယ်ဝေး)
နှစ်လည်မဂ္ဂဇင်း ၂၀၀၈ ဩဂုတ်လ
နှစ်လည်မဂ္ဂဇင်း ၂၀၀၈ ဩဂုတ်လ
No comments:
Post a Comment