လူလားမြောက်ပြီးစ ရှင်လိင်ပြန်အရွယ်
ဥမမယ်စာမမြောက် တစ်ယောက်တည်း
မ၀ံ့မစား ခြေလှမ်းများနဲ့ အားခပ်ငယ်ငယ်
ဝင်လာခဲ့စနေ့များကို မမေ့နိုင်အားတော့တယ်
နေ့ရောညပါ မနားတမ်း
စာသင်ခန်းနဲ့ စစ်ရေးမြေပြင်
တွင်တွင်ကူးသန်း ပင်ပန်းကြီးစွာ
ချွေးပင်လယ်ရေစီးလို့ ချွဲရတယ်
အိပ်ခရာမှုတ်သော်လည်းကွယ် မှေးအိပ်လို့မပျော်နိုင်တယ်
မိဘရပ်ထံလွမ်းလို့ မျက်ရည်များတောင် တစ်ခါတစ်ရံလည်
အဲသည်တုန်းကကွယ် စစ်တက္ကသိုလ်ကို
စိတ်နာသယောင်ယောင် ထင်မိမှားတယ်
ခုတော့ လေးနှစ်တာ ပညာနို့ချိုကြွယ်
သေအတူရှင်အဖက် ရဲဘော်တွေလည်း မခွဲရက်တယ်
ချယ်ရီပန်းလွှာ စိန်ပန်းပြာတွေရယ်
ကိုယ်တော့ဖြင့် ရွက်လွှင့်တော့မယ်
စစ်တက္ကသိုလ်ရဲ့ စစ်ရေယာဉ်မှကွယ်
လှိုင်းလေထန်စွ လောကအဏ္ဏ၀ါပြင်ကျယ်
ရွက်လွှင့်ရတော့မယ်
အမိစစ်ကောင်းသား ယောက်ျားပီစွာရယ်
စစ်တက္ကသိုလ် မျက်နှာမငယ်အောင်ကွယ်
ကြိုးပမ်းပါ့မယ်လို့ ကတိပေးရင်း
ရင်လေးလေးနဲ့ နှုတ်ဆက်ခဲ့ပါတယ်
သွားတော့မယ်ကွယ် ချယ်ရီမြေရယ် ချယ်ရီမြေရယ်
(မြန်မာစာဌာန ကထိက ဦးအောင်သင်း ရေးစပ်၍ ဗိုလ်မှူးတင်အောင်သန်း ပင်တိုင်သီဆိုခဲ့ကာ ၁၉၆၉ မြန်မာ့အသံသို့ ပြောင်းရွှေ့သွားသောအခါ ဗိုလ်မှူးလှငြိမ်း-စာပေညွှန်မှူး- က ဆက်လက်သီဆိုခဲ့သော လွမ်းဆွတ်ဖွယ်သီချင်း)
No comments:
Post a Comment