ချယ်ရီရိပ်ခို တက္ကသိုလ်ဟု
ညွှန်းဆိုဂုဏ်တင် စာဖွဲ့ချင်သည်
တို့ရဲ့ မိခင် စစ်တက္ကသိုလ်။
ဖူးစပုရစ် သားရင်နှစ်တို့
စစ်ပညာသင် အမိရင်ဝယ်
ခိုဝင်လျှောက်ကာ အားသစ်ဖြာသည်
တောင်ပြာတန်းက တက္ကသိုလ်။
ဤတက္ကသိုလ် ကျောင်းရိပ်ညိုဝယ်
နားခိုခဲ့ကြ သားလှရည်မွန်
ပြည့်တံခွန်သည်
လွတ်လပ်ရေးနှင့် အသက်သွေးပမာ
အာဏာသုံးရပ် ပုတ်ခတ်ထိပါး
စော်ကားစွက်ဖက် နှောင့်ယှက်သောသူ
ပြည်သူ့အသက် ရက်စက်ဖဲ့ချွေ
တံတားတွေချိုး လုယက်ဆိုးသွမ်း
သောင်းကျန်းဆူပူ ဖောက်ပြန်သူ
တိုင်းပြည်ဂုဏ်ရောင် အလင်းဆောင်သည့်
ဘုန်းခေါင်ထွတ်ထား မြတ်ဘုရား၏
ဘာသာစကား စော်ကားသူ
ထိုသို့သောသူ ပြည့်ရန်သူကို
ကျူပင်ကိုခုတ် ကျူငုတ်မကျန်
တွန်းလှန်ဖြိုရင်း အသက်နှင်း၍
ပြည်တွင်းစည်သာ ပြည်သာယာအောင်
စွမ်းဆောင်ရှေးရှု ဦးရွက်ပြုသည့်
ပြည်သူ့ချစ်သား ဇာနည်ဘွားတို့
စွမ်းအားပြည့်ဝ လေ့ကျင့်ကြရာ
ဤနေရာသည်
ချယ်ရီရိပ်ခို တက္ကသိုလ်ဟု
ညွှန်းဆိုဂုဏ်တင် စာဖွဲ့ချင်သည်
တို့ရဲ့ မိခင်
စစ်တက္ကသိုလ်။
ညွှန်းဆိုဂုဏ်တင် စာဖွဲ့ချင်သည်
တို့ရဲ့ မိခင် စစ်တက္ကသိုလ်။
ဖူးစပုရစ် သားရင်နှစ်တို့
စစ်ပညာသင် အမိရင်ဝယ်
ခိုဝင်လျှောက်ကာ အားသစ်ဖြာသည်
တောင်ပြာတန်းက တက္ကသိုလ်။
ဤတက္ကသိုလ် ကျောင်းရိပ်ညိုဝယ်
နားခိုခဲ့ကြ သားလှရည်မွန်
ပြည့်တံခွန်သည်
လွတ်လပ်ရေးနှင့် အသက်သွေးပမာ
အာဏာသုံးရပ် ပုတ်ခတ်ထိပါး
စော်ကားစွက်ဖက် နှောင့်ယှက်သောသူ
ပြည်သူ့အသက် ရက်စက်ဖဲ့ချွေ
တံတားတွေချိုး လုယက်ဆိုးသွမ်း
သောင်းကျန်းဆူပူ ဖောက်ပြန်သူ
တိုင်းပြည်ဂုဏ်ရောင် အလင်းဆောင်သည့်
ဘုန်းခေါင်ထွတ်ထား မြတ်ဘုရား၏
ဘာသာစကား စော်ကားသူ
ထိုသို့သောသူ ပြည့်ရန်သူကို
ကျူပင်ကိုခုတ် ကျူငုတ်မကျန်
တွန်းလှန်ဖြိုရင်း အသက်နှင်း၍
ပြည်တွင်းစည်သာ ပြည်သာယာအောင်
စွမ်းဆောင်ရှေးရှု ဦးရွက်ပြုသည့်
ပြည်သူ့ချစ်သား ဇာနည်ဘွားတို့
စွမ်းအားပြည့်ဝ လေ့ကျင့်ကြရာ
ဤနေရာသည်
ချယ်ရီရိပ်ခို တက္ကသိုလ်ဟု
ညွှန်းဆိုဂုဏ်တင် စာဖွဲ့ချင်သည်
တို့ရဲ့ မိခင်
စစ်တက္ကသိုလ်။
( ဗိုလ်လောင်း ကျော်စွာအောင် )
No comments:
Post a Comment