Thursday, July 24, 2008

အားမာန်သစ္စာ ၄၃

ကျွန်ုပ်တို့သည် နိုင်ငံနှင့် လူမျိုးအတွက်ဟူသော မြင့်မြတ်သည့် နှလုံးသား စွန့်လွှတ် တည်ကြည်သော စိတ်ထားများဖြင့် လူငယ်ဘ၀၏ အခွင့်အရေးများကို စွန့်ကာ ၁၉၉၈ ခုနှစ် မေလ ၃ ရက်နေ့မှ စ၍ စစ်တက္ကသိုလ်တွင် စာပေပညာ စစ်ပညာများကို သုံးနှစ် သုံးမိုး အပတ်တကုတ် သင်ယူ လေ့ကျင့်ခဲ့ကြပြီး ဖြစ်သည်။ ၂၀၀၁ ခုနှစ် ဧပြီ ၆ ရက်နေ့မှ စ၍ လက်ရုံးရည် နှလုံးရည် ပြည့်စုံသော အရာရှိငယ်များအဖြစ် နိုင်ငံအနှံ့ နယ်ပယ်ဒေသ အသီးသီးတွင် တာဝန် ထမ်ဆောင်ကြရာ၌ စစ်တက္ကသိုလ် ဟူသော သားကောင်းများ မွေးထုတ်ပေးသည့် အမိမြေအားလည်းကောင်း အေးအတူ ပူအမျှ အတူတကွ ရုန်းကန်ခဲ့ကြသော အမှတ်စဉ် ၄၃ သင်တန်းမှ သွေးသောက် ရဲဘော် ရဲဘက်များအားလည်းကောင်း ရဲရင့်ခိုင်မာသော စိတ်ဓာတ်များ ရှင်သန် စေခဲ့သည့် ဘုရင့်နောင် တပ်ခွဲဟူသော မိခင် တပ်ခွဲအားလည်းကောင်း မည့်သည့်ဘ၀ မည်သည့် အခြေအနေမျိုးတွင် ရောက်ရှိနေစေကာမူ ဘ၀၏ တစ်စိတ် တစ်ဒေသအဖြစ် ကျွန်ုပ်တို့ နှလုံးသားတွင် ထာဝရ အမှတ်ရနေကြမည်သာ ဖြစ်သည်။
ဘ၀တစ်ကွေ့ ပြန်ဆုံတွေ့ကြရာ၌ ကျွန်ုပ်တို့သည် ထူးချွန် ထက်မြက်သော ရိုးသား ကြိုးစားသော အောင်မြင်သည့် ခေါင်းဆောင်များအဖြစ် သမိုင်းတွင် ကမ္ဗည်းတင် ကြပါစို့။
( ၆၇၄၇/ ဇေယျာဝင်း )

No comments: