စစ်တက္ကသိုလ် အမှတ်တစ် ၀င်ပေါက်တွင် ဆောက်လုပ်ရန် စစ်ထောက်ချုပ်နှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးတို့က ၁၉၉၂ ဩဂုတ်လ ၃၀ ရက်နေ့တွင် မြေနေရာ သတ်မှတ်ခဲ့ပြီး ၁၉၉၂ မတ်လ ၂ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်ပြုခဲ့သည်။ ၁၄.၈၀ ဧက ကျယ်ဝန်းသော မြေတွင် ဆောက်လုပ်ထားပြီး စက်တင်ဘာ ၃ ရက်တွင် ပန္နက်ရှိုက် ဆောက်လုပ်ရာ ၁၉၉၄ ဧပြီ ၇ ရက် နံနက် ငါးနာရီတွင် ပြီးဆုံးခဲ့သည်။ လူအင်အား ၂၀၅၀ ဆန့် ခန်းမကြီး တစ်ခု ပါဝင်ပြီး ဇာတ်စင်မြင့် တစ်ခုကို ခန်းဆီး ကန့်လန့်ကာ မီးဆလိုက်များဖြင့် ဇာတ်က ရနိုင်အောင် ပြင်ဆင်ထားသည်။ ဧည့်တွေ့ ခန်းမများ ထမင်းစား ခန်းမ များစွာ ပါဝင် ဖွဲ့စည်းထားသည်။
ပြန်တမ်းဝင်ခန့်အပ်ခြင်း၊ ဘွဲ့ နှင်းသဘင်ကျင်းပခြင်း၊ ဗိုလ်လောင်းတာဝန်ကျ ခန့် အပ်ခြင်း၊ နိုင်ငံတော်အကြီးအကဲ၊ ကျောင်းအကြီးအကဲများ၏ သြ၀ါဒခံယူခြင်း၊ စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခြင်း၊ ဆုပေးပွဲများ ကျင်းပခြင်းတို့တွင် အသုံးပြုနေပါသည်။
No comments:
Post a Comment